Blogger news

Wednesday, June 10, 2009

http://www.linhtet.net/ သို့လိပ်စာပြောင်းခြင်း

ကျွန်တော့်မွေးနေ့ အပြီး နောက်တစ်နေ့ဖြစ်တဲ့ ဒီကနေ့ ၁၀ ရက်နေ့မနက်မှာ ကျွန်တော့် အီးမေလ်းထဲကို မေးလ်တစ်စောင် ဝင်လာပါတယ်...

အဲဒီမေးလ်ကတော့ ဒိုမိန်းနာမည် ရွေးချယ်ဖို့ ပက်စ်ဝပ်တွေ အိုင်ဒီ နံပါတ်တွေ ပါတဲ့ မေးလ်တစ်စောင်ပေါ့...

ကျွန်တော် ဒိုမိန်းဝယ်ဖို့ ဘာမှ မလုပ်ထားပါဘူး ဒါပေမယ့် ဘာလို့ ဒီမေးလ် ဝင်လာတာလဲ ကြည့်လိုက်တော့ ဒိုမိန်းဝယ်သူနာမည်က ကျွန်တော့်ရဲ့ ညီငယ် ဘလက်ဒရင်း ဖြစ်နေတယ်လေ ...

ကျွန်တော် ဂျီတော့ ကတစ်ဆင့်လှမ်းမေး လိုက်တော့မှ..

“ဟား ဟား ကျွန်တော်ပြောသားပဲ အကို့မွေးနေ့အတွက် ဆပ်ပရိုက်စ် ဖြစ်စေရမယ်လို့ အစောကြီးထဲက ပြောထားတယ်လေ”

ဟုတ်ပါတယ် ဒါပေမယ့် ကျွန်တော်ထင်တာက မွေးနေ့ပိုစ့်လောက်ပဲ ရေးမယ် ထင်မိတာပါ အခုတော့ သူပြောသလိုပဲ ရုတ်တရက်ကြီး အံအားတစ်သင့် ဖြစ်သွားရပါတယ်...

မနှစ်က မွေးနေ့ကတဲက သူရယ် ညီမလေး မွန် ရယ် ကကျွန်တော့်ကို ဒိုမိန်းမွေးနေ့လက်ဆောင် ပေးမယ် ဆိုပြီး ပြိုင်တူလိုလို ပြောကြပါတယ် ဒါပေမယ့် အဲဒီတုန်းက ကျွန်တော်က ညီတွေ ညီမတွေ ဆီက အကိုကယူရမှာလား အကြီးဆိုတာ အငယ်တွေကိုသာပေးရိုး ထုံးစံရှိတယ် အငယ်တွေ ဆီက မလိုချင်ဘူး ဆိုပြီး အပြင်းအထန် ကန့်ကွက်လို့ သူတို့ လက်လျှော့သွားကြပါတယ် ...

ဒါပေမယ့် ဒီနှစ်တော့ ချည်ပြီးတုတ်ပြီး ရိုက်သလို ဝယ်ပြီးမှာ လှမ်းမေးလ် ပို့လိုက်တော့ ကျွန်တော်လဲ ငြင်းမရတော့ဘူးပေါ့ဗျာ....

သူတို့တွေ ကျွန်တော့်ရဲ့ အွန်လိုင်းပေါ်က ညီတွေ ညီမတွေ ကျွန်တော် သူတို့အပေါ် သံယောဇဉ် ရှိသလို သူတို့ကလဲ ကျွန်တော့်အပေါ် ဒီလိုမျိုး အမှတ်တရ မွေးနေ့ပိုစ့်တွေ ရေးပေး ဒိုမိန်း ဝယ်ပေးနဲ့ ကျွန်တော် အရမ်း ကြည်နူးပီတိ ဖြစ်မိပါတယ်..

ကဲ အခုတော့ ကျွန်တော်လဲ ညီတစ်ယောက် ကောင်းမှုကြောင့် ကိုယ်ပိုင် ဒိုမိန်း ကြီးနဲ့ ဘလော့ဂ်ဂင်းလို့ ရပြီပေါ့ဗျာ...

ချစ်တဲ့ ညီငယ် ညီမငယ် အပေါင်းကို အရမ်း ကျေးဇူးတင်ပြီး ရင်ထဲ မှာ ကြည်နူးမဆုံး နိုင်အောင် ဖြစ်နေမိပါတယ်ကွာ....။

11 comments:

  1. အခုတော့ own blog လေး ဖြစ်သွားပြီပေါ့လေ ။ဦးရီးတော် တစ်ယောက် တော့ ရှယ်ဖြစ်သွားပြီပေါ့။ပျော်ပျော်ကြီး ဂင်းနိုင်ပါစေ ဦးရီးတော်ရေ...။

    ReplyDelete
  2. wordpress နဲ့ပါ မြန်မြန်ရေးနိုင်အောင်လုပ် :P

    ReplyDelete
  3. ကိုယ်ပိုင်ဒိုမိန်းကြီးနဲ့ ဘလော့ဂါကြီး
    မျက်နှာကြီးက ကြီးလိုက်တာဟယ်
    ပေါင်မုန့်ရေစိမ်ကြီးလိုပဲ အဟီးဟီး
    အော် ပျော်နေလိုက်တာ မျက်နှာကြီးကို ဝင်းပလို့ပါလားလို့

    ReplyDelete
  4. ချစ်နေလိုက်ကြတာ တကယ်ပဲးp

    ReplyDelete
  5. အဟေဟေ မိက်ပါ့ဗျာ ကျနော်ကတော့ ပေးစရာ ဘာမှမရှိဘူးဗျို့... ကိုယ့်ဟာကိုယ်တောင် အနိုင်နိုင်ဗျ... ။
    အဲ... ပိုက်ဆံမလောက်တာကို ပြောတာနော အဟီးဟီး တမျိုးမထင်နဲ့ဦးဗျ...။ အဲလိုဝယ်ပေးမဲ့သူ ရှာဦးမှပဲ ဟဲဟဲဟဲ။

    ReplyDelete
  6. ဘာဝယ်ပေးရမှန်းမသိအောင်ဖြစ်သွားတယ်။

    ReplyDelete
  7. နာလိုဘူး
    ဘာမှမဟုတ် အသားလွတ်အော်ကြည့်တာ.. ဟီဟီ

    ReplyDelete
  8. မင်္ဂလာပါ ကိုလင်းထက်

    အိမ်အသစ်ကို လည်ပတ်သွားသည်။ ၀မ်းမြောက်ပါ၏။

    ဆိုတော့လဲ အိမ်ပိုင် ယာပိုင်ဖြစ်သွားပြီး ကျွန်နော်တို့လို့ အိမ်အငှားနဲ့ လုပ်စားနေတဲ့ ဘ၀ကြီးက ကျွတ်လွတ်သွားတာပေါ့း)

    ရွှင်လန်းချမ်းမြေ့ပါစေ...

    ReplyDelete
  9. အစ်ကိုရေ အစ်ကို့မွေးနေ့ကိုညီမသိလိုက်ဘူးဗျာ။ ကျွန်တော့်ကိုခွင့်လွတ်ပါ။ ကျွန်တော် ဘလောခ်လောက ကထွက်လာတာနဲ့ အကုန်မေ့သွားတာပါ။ ပြီးတော့အစ်ကို့မွေးနေ့ရောက်ကာနီးတာကျွန်တော့်ကိုအသိလဲမပေးဘူး အဲဒါတော့ အစ်ကိုမကောင်းဘူးဗျာ ကျွန်တော်ကို အစ်ကိုမေ့သွားပြီးပေါ့ အဲဂလိုလား :( အစ်ကိုမွေးနေ့ကျွန်တော်မသိတာလဲပါပါတယ်။ နောက်နှစ်အဲလိုမလုပ်ရဘူးနော်။ အစ်ကို့ကို အပြစ်ပေးတဲ့အနေနဲ့ မြန်မာပြည်အမြန်ပြန်လာခဲ့။ ဒါပဲ... ကိုဦးနဲ့မမွန်ကိုပါရအောင်ခေါ်ခဲ့ :D

    ReplyDelete
  10. ညီလေးရေ..ကိုယ်ပိုင်အိမ်ယာနဲ့ပျော်နေတယ်ပေါ့
    မွေးနေ့ကိုတောင်မသိလိုက်ရဘူး..နောက်ကျဆုတောင်းလေး ဆုတောင်းပေးသွားပါတယ်...ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် စာတွေဆက်လက်ရေးနိုင်ပါစေလို့...

    ReplyDelete
  11. hello... hapi blogging... have a nice day! just visiting here....

    ReplyDelete