This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Blogger news

Wednesday, June 17, 2009

လေထန်ကုန်း(သို့မဟုတ်)သင်ခဲ့ဖူးတဲ့ဇာတ်လမ်းတစ်ပုဒ်

လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ကျော် လောက်က ကျွန်တော် ဆယ်တန်းကျောင်းသား ဘဝသင်ခဲ့ဖူးတဲ့ အင်္ဂလိပ်စာသင်ရိုးဖတ်စာအုပ်မှာ သင်ခဲ့ရတဲ့ WUTHERING HEIGHTS မြန်မာလို ဆိုရင် လေထန်ကုန်း လို့အမည်ရတဲ့ ဇာတ်လမ်းလေးကို ဝဘ်ဆိုဒ် တစ်ခုမှာ တွေ့တာနဲ့ မသိမမှီလိုက်တဲ့ ညီငယ် ညီမငယ်တွေ ငါတို့ အကိုကြီးတွေ အမကြီးတွေ ဆယ်တန်းဘဝက ဘယ်လိုစာမျိုးကို ပြဌာန်းသင်ကြားခံခဲ့ရသလဲ ဆိုတာ သိအောင်နဲ့ သင်ခဲ့ဖူးတဲ့ သူများ အလွမ်းပြေ ပြန်လည် ကြည့်ရှုချင် ကြည့်ရှုနိုင်အောင် တင်ပေးလိုက်ပါတယ်...


Saturday, June 13, 2009

Harley-Davidson Rüdesheim am rhein(၁၃.၀၆.၂၀၀၉)

ကဲ တစ်နှစ်ပြည့်လာပြန်ပြီပေါ့ဗျာ မနှစ်ကလဲ ဟာလီဒေဗစ်ဆင် ပွဲတော် ဆိုပြီးပိုစ့်လေး တင်ဖူးပါတယ်..။

အခုလဲ တစ်ကျော့ပြန်ရောက်လာပြန်ပြီပေါ့ဗျာ မနှစ်က ကိုယ်တိုင် မကြည့်နိုင်လို့ သူငယ်ချင်းရိုက်ပေးတဲ့ ဓါတ်ပုံတွေပဲ ရသေ့စိတ်ဖြေ ကြည့်ရင်း ဓါတ်ပုံတစ်ချို့ပဲ တင်ပေးလိုက်နိုင်တယ်..

ဒီနှစ်တော့ အလုပ်က နားချိန်ရတုန်း ကင်မရာလေး ယူပြီးကမန်းကတန်း လမ်းထိပ်အထွက် သူတို့ ဆိုင်ကယ် အုပ်ကြီးလဲ မြို့နယ် တစ်ခုလုံးကို ပတ်ဖို့ ထွက်အလာနဲ့တိုးပြီး မှတ်တမ်း ဗွီဒီယိုလေး ရိုက်လိုက်နိုင်ပါတယ်..

ဒီတော့ လာလည်သူအပေါင်း ကမ္ဘာအနှံ့က ဆိုင်ကယ် သူရဲတွေ နဲ့ကျွန်တော်တို့မြို့လေးမှာ ဘယ်လို စည်ကားနေလဲ ဆိုတာ အောက်က ဗွီဒီယိုလေး သာကြည့်ကြပါတော့ဗျာ..။


Wednesday, June 10, 2009

http://www.linhtet.net/ သို့လိပ်စာပြောင်းခြင်း

ကျွန်တော့်မွေးနေ့ အပြီး နောက်တစ်နေ့ဖြစ်တဲ့ ဒီကနေ့ ၁၀ ရက်နေ့မနက်မှာ ကျွန်တော့် အီးမေလ်းထဲကို မေးလ်တစ်စောင် ဝင်လာပါတယ်...

အဲဒီမေးလ်ကတော့ ဒိုမိန်းနာမည် ရွေးချယ်ဖို့ ပက်စ်ဝပ်တွေ အိုင်ဒီ နံပါတ်တွေ ပါတဲ့ မေးလ်တစ်စောင်ပေါ့...

ကျွန်တော် ဒိုမိန်းဝယ်ဖို့ ဘာမှ မလုပ်ထားပါဘူး ဒါပေမယ့် ဘာလို့ ဒီမေးလ် ဝင်လာတာလဲ ကြည့်လိုက်တော့ ဒိုမိန်းဝယ်သူနာမည်က ကျွန်တော့်ရဲ့ ညီငယ် ဘလက်ဒရင်း ဖြစ်နေတယ်လေ ...

ကျွန်တော် ဂျီတော့ ကတစ်ဆင့်လှမ်းမေး လိုက်တော့မှ..

“ဟား ဟား ကျွန်တော်ပြောသားပဲ အကို့မွေးနေ့အတွက် ဆပ်ပရိုက်စ် ဖြစ်စေရမယ်လို့ အစောကြီးထဲက ပြောထားတယ်လေ”

ဟုတ်ပါတယ် ဒါပေမယ့် ကျွန်တော်ထင်တာက မွေးနေ့ပိုစ့်လောက်ပဲ ရေးမယ် ထင်မိတာပါ အခုတော့ သူပြောသလိုပဲ ရုတ်တရက်ကြီး အံအားတစ်သင့် ဖြစ်သွားရပါတယ်...

မနှစ်က မွေးနေ့ကတဲက သူရယ် ညီမလေး မွန် ရယ် ကကျွန်တော့်ကို ဒိုမိန်းမွေးနေ့လက်ဆောင် ပေးမယ် ဆိုပြီး ပြိုင်တူလိုလို ပြောကြပါတယ် ဒါပေမယ့် အဲဒီတုန်းက ကျွန်တော်က ညီတွေ ညီမတွေ ဆီက အကိုကယူရမှာလား အကြီးဆိုတာ အငယ်တွေကိုသာပေးရိုး ထုံးစံရှိတယ် အငယ်တွေ ဆီက မလိုချင်ဘူး ဆိုပြီး အပြင်းအထန် ကန့်ကွက်လို့ သူတို့ လက်လျှော့သွားကြပါတယ် ...

ဒါပေမယ့် ဒီနှစ်တော့ ချည်ပြီးတုတ်ပြီး ရိုက်သလို ဝယ်ပြီးမှာ လှမ်းမေးလ် ပို့လိုက်တော့ ကျွန်တော်လဲ ငြင်းမရတော့ဘူးပေါ့ဗျာ....

သူတို့တွေ ကျွန်တော့်ရဲ့ အွန်လိုင်းပေါ်က ညီတွေ ညီမတွေ ကျွန်တော် သူတို့အပေါ် သံယောဇဉ် ရှိသလို သူတို့ကလဲ ကျွန်တော့်အပေါ် ဒီလိုမျိုး အမှတ်တရ မွေးနေ့ပိုစ့်တွေ ရေးပေး ဒိုမိန်း ဝယ်ပေးနဲ့ ကျွန်တော် အရမ်း ကြည်နူးပီတိ ဖြစ်မိပါတယ်..

ကဲ အခုတော့ ကျွန်တော်လဲ ညီတစ်ယောက် ကောင်းမှုကြောင့် ကိုယ်ပိုင် ဒိုမိန်း ကြီးနဲ့ ဘလော့ဂ်ဂင်းလို့ ရပြီပေါ့ဗျာ...

ချစ်တဲ့ ညီငယ် ညီမငယ် အပေါင်းကို အရမ်း ကျေးဇူးတင်ပြီး ရင်ထဲ မှာ ကြည်နူးမဆုံး နိုင်အောင် ဖြစ်နေမိပါတယ်ကွာ....။

Tuesday, June 9, 2009

စာမျက်နှာအမှတ် ၃၆

ကျွန်တော့်ဘလော့ဂ်ရဲ့ တိုင်တယ် နာမည်က ဘဝထဲကစာမျက်နှာများတဲ့...

ကျွန်တော့်ဘဝထဲက အမှတ်တရလေးတွေကို ရေးမယ်ဆိုပြီး ဘလော့ဂ်လေး လုပ်ခဲ့တာပါ..

အခု ဒီကနေ့ဟာ ကျွန်တော့်ရဲ့ ဘဝထဲကစာမျက်နှာ အမှတ် ၃၆ ကို စပြီး အသစ်လှန်လိုက်တဲ့နေ့ကလေး တစ်နေ့ပေါ့ဗျာ ..

ဟုတ်ပါတယ် ... ကျွန်တော့်ဘဝရဲ့စာမျက်နှာ အမှတ် ၃၆ သို့မဟုတ် အသက် ၃၆ နှစ်ကို ဝင်ရောက်တဲ့ အမှတ်တရ မွေးနေ့ကလေးပါ..

ကျွန်တော်ဘလော့ဂ်လုပ် ကတဲက ဆိုရင် မွေးနေ့ ဒါနဲ့ပါဆို ၂ ကြိမ် ကြုံခဲ့ပါပြီ ပထမအကြိမ် မသိလိုက် မသိဖာသာ နေခဲ့တာပါ ဒီတစ်ကြိမ်လဲ ဒီလိုပဲ နေလိုက်မလို့ပါဘဲ ဒါပေမယ့် တစ်ဦးနဲ့တစ်ဦး မမြင်ဘူး အရင်ကလဲ မသိဘူးပဲနဲ့ အွန်လိုင်းပေါ်က ကောက်ရခဲ့တဲ့ ညီငယ်တွေ ညီမငယ်တွေက ကျွန်တော့ မွေးနေ့ အမှတ်တရအနေနဲ့ မွေးနေ့လက်ဆောင် အဖြစ် ပိုစ့်လေးတွေ ရေးပေးကြတာကို လိုက်ဖတ်ရင်းနဲ့ ရင်ထဲမှာ ကြည်နှုးခံစားမိလို့ အားလုံးကို ကျေးဇူးတင်ကြောင်းပြောချင်လို့ ဒီမွေးနေ့အမှတ်တရ ပိုစ့်လေးကို ရေးမိတာပါ...။

မွေးနေ့အမှတ်တရရေးပေးကြတဲ့ ညီငယ် ညီမငယ်များ ဖြစ်ကြတဲ့ နတ်သမီးလေးမွန် နဲ့ အိမ် ဒိုမိန်းလက်ဆောင်ပေးခဲ့တဲ့ဘလက်ဒရင်းတို့ကို ဒီနေရာက ကျေးဇူးတင်ကြောင်းပြောလိုပါတယ်....

ရင်ထဲမှာ ကြည်နူးခံစားမိလို့သာ စာရေးချင်စိတ်ပေါ်လာလို့ ရေးလိုက်တာပါ လာလည်တဲ့ ဧည့်သည်တွေကို ဘာနဲ့မှ ဧည့်မခံနိုင်တဲ့ အတွက် ခွင့်လွတ်ကြပါလို့ပြောကြားရင်း....

Friday, June 5, 2009

သက်တမ်း ၃၀ ရှိတဲ့ အိမ်

ဟိုးးး လွန်ခဲ့တဲ့ ၂ နှစ်လောက်ကပေါ့ဗျာ...

ကျွန်တော့် တူတော်မောင် ကောင်လေး တစ်ယောက် တစ်မြေရပ်ခြားမှာ ဒုက္ခတွေ တစ်ပွေ့ တစ်ပိုက်နဲ့ ဖြစ်နေတုန်း ကူညီတတ်တဲ့ ကိုရွှေ တစ်ယောက်နဲ့ အသိအကျွမ်း ဖြစ်ပြီး သူက အတော်လေး ဖေးမ အားပေးခဲ့ပါတယ်..။

ဒီလိုနဲ့ ကျွန်တော် နဲ့ ကျွန်တော့်တူတို့ သူ့ရဲ့ကွန်ပြူတာ ကနေတစ်ဆင့် ဂျီတော့ မှာ စကားတွေ ပြောရင်း သူနဲ့ ခင်မင်ခဲ့ကြတယ်ပေါ့ဗျာ...

နောက်ပိုင်း ကျွန်တော့တူ တစ်ခြားနိုင်ငံ ကိုဆက်ပြီး ရေကြည်ရာ မြက်နုရာ ကိုထွက်သွားခဲ့ပေမယ့် သူနဲ့ကျွန်တော် အဆက်အသွယ် မပြတ်ခဲ့ပဲ လိုင်းပေါ်မှာ အစဉ်အမြဲ လိုလို ဆုံဖြစ်ခဲ့ကြတယ်...

နောက်ပိုင်း ကျွန်တော် ဘလော့ဂ်တစ်ခုရှိမှန်း သိသွားတဲ့ သူဟာ ကျွန်တော့်ကို သူလဲ ဘလော့ဂ်လေး တစ်ခု ပိုင်ဆိုင်လိုကြောင်း ပြောလာလို့ ဘလော့ဂ်လေး တစ်ခု လုပ်ပေးဖြစ်သွားတယ်...

အဲဒီအချိန်ကစလို့ လိုင်းပေါ်တွေ့ရင် ဆား.. ဆား.. နဲ့ သူ့သင်္ဘောပေါ်က အကျင့်အတိုင်း လူကို ဆာခေါ်ပြီး ခိုင်း အဲလေ ပူဆာပါတော့တယ် ဟိုဟာလေး ထည့်ချင်တယ် ဒါလေး လုပ်ပေးပါ ကလိလိုက်တာ လွန်သွားလို့ပြန်ညှိပေးပါအုံး ဆိုတာမျိုးတွေပေါ့လေ..

ဒါပေမယ့် သိပ်မခံလိုက်ပါဘူး ကျွန်တော် မအားတဲ့ အချိန်တွေမှာ တစ်ခြားလူ တစ်ယောက်ကို ကူညီခိုင်းလိုက်တာ ပြဿနာတွေ အားလုံးပျောက်သွားတဲ့ အပြင်ဘလော့ဂ်ပါ ပျောက်သွားပါတော့တယ် lol

ဒီနောက်တော့ နာမည်သစ်နဲ့ ဘလော့ဂ်တစ်ခုကို ထပ်လုပ်ပြီး အခုဆိုရင် ဘလော့ဂ်လောကမှာ ကျွန်တော့်ထက် လူသိများ လာလည်သူတွေ ပျော်ပျော်ပါးပါး ဖြစ်ရတဲ့ ဘလော့ဂါ တစ်ယောက်ဖြစ်နေပါပြီ...

ဒီကနေ့ သူ့ရဲ့ သက်တမ်း ၃၀ ပြည့်မြောက်တဲ့မွေးနေ့ပါ ....
အဲဒီလူကတော့ တစ်ခြားလူ မဟုတ်ပါဘူး..
သာယာပျော်ရွှင်ဖွယ်ရာ ရိုးရိုးအိမ်လေး တစ်လုံးလောက် ပိုင်ဆိုင်ရရင် ကျေနပ်ပါပြီလို့ ဆိုပြီး လောလောဆယ်လဲ လာတဲ့သူတွေ ပျော်ရွှင်အောင် ပိုစ့်လေးတွေ ရေးသားတင်ပြနေတဲ့ ဘလော့ဂ်အိမ်လေး တစ်လုံးကို ပိုင်ဆိုင်နေသူ အိမ် ပဲ ဖြစ်ပါတယ်..

ဒီကနေ့ နှစ် ၃၀ မြောက်မွေးနေ့မှာသည် နောက်နှစ်ပေါင်းများစွာ ဒီ့ထက် ဒီ့ထက် ပျော်ရွှင်စွာ ဘလော့ဂ်ဂင်း နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ် အိမ် ရေ.............။

Tuesday, June 2, 2009

စိတ်ကြေကွဲရမှု ရာဇဝင်အခင်းအကျင်း

နောက်ထပ်နှစ်တွေ ခပ်များများဟာ
သူ့အလိုလိုမှားနေတဲ့ နာရီဒိုင်ခွက်တွေပေါ့။

စိုက်ကြည့်နေတုန်း...
စကားလုံးတွေ အဖတ်လိုက် အဖတ်လိုက် ကွာကျ
ငိုမချမိအောင် အကြောတွေတွန့်လိပ်ရ
အဖျားကျစ လူနာလို ဘေးဘီကို မင်သက် မိရနဲ့။

အဲဒါ...
ကိုယ်လုံးပေါ်မှန်ချပ်ကြီးထဲမှာ
ငါ့ရဲ့ပုထုဇဉ် အဖြစ်ကို
မလိုတမာ တွေ့လိုက်ရတာပါ။

မြစ်ရဲ့ ကမ်းနဖူးမှာ
ကြယ်တာရာ တချို့ကောက်ယူ စုဆောင်းမိတာပါ။ ။

ခင်အောင်အေး
၁၉၉၀
(လူနှစ်ယောက်နဲ့ကဗျာ စာအုပ်မှ)