Blogger news

Tuesday, June 9, 2009

စာမျက်နှာအမှတ် ၃၆

ကျွန်တော့်ဘလော့ဂ်ရဲ့ တိုင်တယ် နာမည်က ဘဝထဲကစာမျက်နှာများတဲ့...

ကျွန်တော့်ဘဝထဲက အမှတ်တရလေးတွေကို ရေးမယ်ဆိုပြီး ဘလော့ဂ်လေး လုပ်ခဲ့တာပါ..

အခု ဒီကနေ့ဟာ ကျွန်တော့်ရဲ့ ဘဝထဲကစာမျက်နှာ အမှတ် ၃၆ ကို စပြီး အသစ်လှန်လိုက်တဲ့နေ့ကလေး တစ်နေ့ပေါ့ဗျာ ..

ဟုတ်ပါတယ် ... ကျွန်တော့်ဘဝရဲ့စာမျက်နှာ အမှတ် ၃၆ သို့မဟုတ် အသက် ၃၆ နှစ်ကို ဝင်ရောက်တဲ့ အမှတ်တရ မွေးနေ့ကလေးပါ..

ကျွန်တော်ဘလော့ဂ်လုပ် ကတဲက ဆိုရင် မွေးနေ့ ဒါနဲ့ပါဆို ၂ ကြိမ် ကြုံခဲ့ပါပြီ ပထမအကြိမ် မသိလိုက် မသိဖာသာ နေခဲ့တာပါ ဒီတစ်ကြိမ်လဲ ဒီလိုပဲ နေလိုက်မလို့ပါဘဲ ဒါပေမယ့် တစ်ဦးနဲ့တစ်ဦး မမြင်ဘူး အရင်ကလဲ မသိဘူးပဲနဲ့ အွန်လိုင်းပေါ်က ကောက်ရခဲ့တဲ့ ညီငယ်တွေ ညီမငယ်တွေက ကျွန်တော့ မွေးနေ့ အမှတ်တရအနေနဲ့ မွေးနေ့လက်ဆောင် အဖြစ် ပိုစ့်လေးတွေ ရေးပေးကြတာကို လိုက်ဖတ်ရင်းနဲ့ ရင်ထဲမှာ ကြည်နှုးခံစားမိလို့ အားလုံးကို ကျေးဇူးတင်ကြောင်းပြောချင်လို့ ဒီမွေးနေ့အမှတ်တရ ပိုစ့်လေးကို ရေးမိတာပါ...။

မွေးနေ့အမှတ်တရရေးပေးကြတဲ့ ညီငယ် ညီမငယ်များ ဖြစ်ကြတဲ့ နတ်သမီးလေးမွန် နဲ့ အိမ် ဒိုမိန်းလက်ဆောင်ပေးခဲ့တဲ့ဘလက်ဒရင်းတို့ကို ဒီနေရာက ကျေးဇူးတင်ကြောင်းပြောလိုပါတယ်....

ရင်ထဲမှာ ကြည်နူးခံစားမိလို့သာ စာရေးချင်စိတ်ပေါ်လာလို့ ရေးလိုက်တာပါ လာလည်တဲ့ ဧည့်သည်တွေကို ဘာနဲ့မှ ဧည့်မခံနိုင်တဲ့ အတွက် ခွင့်လွတ်ကြပါလို့ပြောကြားရင်း....

13 comments:

  1. စာမျက်နှာပေါင်းများစွာ အတူဖြတ်ကျော်ဖို့ အတူရှိနေပါတယ် အစ်ကိုရေ..။ ပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့လေးတစ်နေ့ဖြစ်ပါစေ...။ ;)

    ReplyDelete
  2. အကိုကြီး မွန်တို့ပေးတာကို ကျေနပ်တယ်ပျော်တယ်ဆိုလို့ အရမ်းဝမ်းသာမိတယ် ဒီလိုကိုယ့်အကို ပျော်အောင်လုပ်ပေးနိုင်တဲ့ ညီမဖြစ်ရတာ ပီတိဖြစ်မိတယ် နောက်နှစ်တွေလဲ မောင်နှမတွေ အားလုံးတူတူပျော်ကြတာပေါ့

    ReplyDelete
  3. ၃၆လား ဟီးဟီးဟီး ခုမှသိတယ်။ ဆုက ကိုယ့ဟာကိုယ် ပေးပြီးပြီ မဟုတ်လား ဒီတော့ ထပ်မပေးတော့ဘူး ပေးလဲ ပြည့်မှာမှ မဟုတ်တာ ဆိုတော့.....။

    ReplyDelete
  4. ကိုလင်းရေ... နောက်ထပ်တစ်ခါ ဟက်ပီးဘတ်ဒေးရှင့်...
    ကိုလင်းရဲ့ မွေးနေ့ဆုတောင်းတွေ အားလုံးပြည့်စုံပါစေနော့်....
    အကိုတစ်ယောက် ရလိုက်တဲ့ အတွက် ဘုရားသခင်ကို အများကြီး ကျေးဇူးတင်မိတယ်....

    ReplyDelete
  5. Happy Birthday, Little Brother!!!!!

    BTW where is the feast & the beast?

    ReplyDelete
  6. ဟတ်ပီဘတ်ဒေးပါ အကိုရေ လှေကားထစ်လေး ၃၆ ထစ်မှစပြီး နောင်အထစ် ပေါင်းများစွာကို ချစ်သော မိသားစုနဲ့အတူ ဆက်လက် လှမ်းသွားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  7. အကိုတော်ရေ
    သဲမေလာတယ်.. ပျော်ရွင်ဘွယ်မွေးနေ့လေးဖြစ်ပါစေနော်
    မိသားစုနဲ့လည်း စုစုစည်းစည်းပျော်ပျော်ပါးပါးနေထိုင်ရင်း ဘ၀ကို လိုအင်ဆန္ဒပြည့်ပြည့်နဲ့ ဆက်လှမ်းနိုင်ပါစေလို့ဆုတွေတောင်းပေးလိုက်ပါတယ်နော်..
    ...သဲမေ..

    ReplyDelete
  8. အစ်ကိုရေ.. မုန့်က ဒီမှာကျွေးတာထက် အပြင်မှာကျွေးတာပိုကောင်းပါတယ်.. နောက်မို့ဆို ပုံကြည့်ပြီး အငွေ့လောက်ပဲ စိတ်က မှန်းစားနေရတော့ လူစင်စစ်က နတ်ဘ၀ရောက်နေတာကြာပေါ့.. အကြွေးမှတ်ထားလိုက်မယ် မုန့်ကို..
    အစ်ကို စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ဘ၀ခရီးကို ဆက်လက်လျှောက်လှမ်းနိုင်ပါစေနော်...

    ReplyDelete
  9. happy birthday ပါကိုလင်းထင်ရေ၊ ပျော်ရွှင်စွာ ဘ၀ ကို ဖြတ်သန်းနိုင်ပါစေရှင်

    ReplyDelete
  10. အစ်ကိုကြီးရေ ကိုဘလက်ဆီမှာတွေ့လို့ရောက်လာတယ်။ စာမျက်နှာပေါင်းများစွာဆက်လက်ရေးသားနိုင်ပါစေ....
    ကျန်းမာပျော်ရွှင်ပါစေနော်.....

    ReplyDelete
  11. ဦးရီးတော်ရေ တူတော်လေး ရောက်လာပါပြီ....။
    နောက်ကျသွားတာဆောရီးဂျာ....။
    Happy Birthday....!!!!!!

    ReplyDelete
  12. ပျော်ရွှင်ဖွယ်ရာမွေးနေ့များစွာကို ပိုင်ဆိုင်နိုင်တဲ့သူဖြစ်ပါစေ....
    ( ma mie nge )

    ReplyDelete