Blogger news

Tuesday, June 2, 2009

စိတ်ကြေကွဲရမှု ရာဇဝင်အခင်းအကျင်း

နောက်ထပ်နှစ်တွေ ခပ်များများဟာ
သူ့အလိုလိုမှားနေတဲ့ နာရီဒိုင်ခွက်တွေပေါ့။

စိုက်ကြည့်နေတုန်း...
စကားလုံးတွေ အဖတ်လိုက် အဖတ်လိုက် ကွာကျ
ငိုမချမိအောင် အကြောတွေတွန့်လိပ်ရ
အဖျားကျစ လူနာလို ဘေးဘီကို မင်သက် မိရနဲ့။

အဲဒါ...
ကိုယ်လုံးပေါ်မှန်ချပ်ကြီးထဲမှာ
ငါ့ရဲ့ပုထုဇဉ် အဖြစ်ကို
မလိုတမာ တွေ့လိုက်ရတာပါ။

မြစ်ရဲ့ ကမ်းနဖူးမှာ
ကြယ်တာရာ တချို့ကောက်ယူ စုဆောင်းမိတာပါ။ ။

ခင်အောင်အေး
၁၉၉၀
(လူနှစ်ယောက်နဲ့ကဗျာ စာအုပ်မှ)

2 comments:

  1. ကဗျာလေးဖတ်ရူခံစားသွားတယ်ဗျ။ ။မော်ဒန်ကဗျာတွေသိပ်နားမလည်တော့ ဘာမှမပြောတော့ဘူးဗျာ။

    ReplyDelete
  2. အလိုမကျမှုတွေကတော့ အဆက်မပြတ်စီးဆင်းနေဦးမှာပါပဲ အစ်ကိုရာ..။

    ReplyDelete