Blogger news

Friday, June 5, 2009

သက်တမ်း ၃၀ ရှိတဲ့ အိမ်

ဟိုးးး လွန်ခဲ့တဲ့ ၂ နှစ်လောက်ကပေါ့ဗျာ...

ကျွန်တော့် တူတော်မောင် ကောင်လေး တစ်ယောက် တစ်မြေရပ်ခြားမှာ ဒုက္ခတွေ တစ်ပွေ့ တစ်ပိုက်နဲ့ ဖြစ်နေတုန်း ကူညီတတ်တဲ့ ကိုရွှေ တစ်ယောက်နဲ့ အသိအကျွမ်း ဖြစ်ပြီး သူက အတော်လေး ဖေးမ အားပေးခဲ့ပါတယ်..။

ဒီလိုနဲ့ ကျွန်တော် နဲ့ ကျွန်တော့်တူတို့ သူ့ရဲ့ကွန်ပြူတာ ကနေတစ်ဆင့် ဂျီတော့ မှာ စကားတွေ ပြောရင်း သူနဲ့ ခင်မင်ခဲ့ကြတယ်ပေါ့ဗျာ...

နောက်ပိုင်း ကျွန်တော့တူ တစ်ခြားနိုင်ငံ ကိုဆက်ပြီး ရေကြည်ရာ မြက်နုရာ ကိုထွက်သွားခဲ့ပေမယ့် သူနဲ့ကျွန်တော် အဆက်အသွယ် မပြတ်ခဲ့ပဲ လိုင်းပေါ်မှာ အစဉ်အမြဲ လိုလို ဆုံဖြစ်ခဲ့ကြတယ်...

နောက်ပိုင်း ကျွန်တော် ဘလော့ဂ်တစ်ခုရှိမှန်း သိသွားတဲ့ သူဟာ ကျွန်တော့်ကို သူလဲ ဘလော့ဂ်လေး တစ်ခု ပိုင်ဆိုင်လိုကြောင်း ပြောလာလို့ ဘလော့ဂ်လေး တစ်ခု လုပ်ပေးဖြစ်သွားတယ်...

အဲဒီအချိန်ကစလို့ လိုင်းပေါ်တွေ့ရင် ဆား.. ဆား.. နဲ့ သူ့သင်္ဘောပေါ်က အကျင့်အတိုင်း လူကို ဆာခေါ်ပြီး ခိုင်း အဲလေ ပူဆာပါတော့တယ် ဟိုဟာလေး ထည့်ချင်တယ် ဒါလေး လုပ်ပေးပါ ကလိလိုက်တာ လွန်သွားလို့ပြန်ညှိပေးပါအုံး ဆိုတာမျိုးတွေပေါ့လေ..

ဒါပေမယ့် သိပ်မခံလိုက်ပါဘူး ကျွန်တော် မအားတဲ့ အချိန်တွေမှာ တစ်ခြားလူ တစ်ယောက်ကို ကူညီခိုင်းလိုက်တာ ပြဿနာတွေ အားလုံးပျောက်သွားတဲ့ အပြင်ဘလော့ဂ်ပါ ပျောက်သွားပါတော့တယ် lol

ဒီနောက်တော့ နာမည်သစ်နဲ့ ဘလော့ဂ်တစ်ခုကို ထပ်လုပ်ပြီး အခုဆိုရင် ဘလော့ဂ်လောကမှာ ကျွန်တော့်ထက် လူသိများ လာလည်သူတွေ ပျော်ပျော်ပါးပါး ဖြစ်ရတဲ့ ဘလော့ဂါ တစ်ယောက်ဖြစ်နေပါပြီ...

ဒီကနေ့ သူ့ရဲ့ သက်တမ်း ၃၀ ပြည့်မြောက်တဲ့မွေးနေ့ပါ ....
အဲဒီလူကတော့ တစ်ခြားလူ မဟုတ်ပါဘူး..
သာယာပျော်ရွှင်ဖွယ်ရာ ရိုးရိုးအိမ်လေး တစ်လုံးလောက် ပိုင်ဆိုင်ရရင် ကျေနပ်ပါပြီလို့ ဆိုပြီး လောလောဆယ်လဲ လာတဲ့သူတွေ ပျော်ရွှင်အောင် ပိုစ့်လေးတွေ ရေးသားတင်ပြနေတဲ့ ဘလော့ဂ်အိမ်လေး တစ်လုံးကို ပိုင်ဆိုင်နေသူ အိမ် ပဲ ဖြစ်ပါတယ်..

ဒီကနေ့ နှစ် ၃၀ မြောက်မွေးနေ့မှာသည် နောက်နှစ်ပေါင်းများစွာ ဒီ့ထက် ဒီ့ထက် ပျော်ရွှင်စွာ ဘလော့ဂ်ဂင်း နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ် အိမ် ရေ.............။

6 comments:

  1. ဒီအိမ် တော်တော်အိုပြီပဲ..။ lol just kidding!!! Happy Birthday ပါ ကို အိမ် ရေ...။

    ReplyDelete
  2. ဟတ်ပီဘတ်ဒေးပါအိမ်ရေ။
    ၃၀ဆိုတော့ ငယ်ပါသေးတယ်။ ၄၀မှစတာဆို ။
    ဟိုဘက်အိမ်မှာလဲ အော်ခဲ့တယ်။ ဒီဘက်မှာလဲ လာအားပေးတာ။

    မိန်းမ၂ယောက်တော့ ယူပါနဲ့ အေ။ တစ်ယောက်ဆိုတော်ရောပေါ့။ စီးပွားရေး ကပ်ဆိုက်နေတယ်။

    မွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာ ရေကန်အသင့် ကြာအသင့် ဘ၀ ရရှိပါစေ

    ReplyDelete
  3. ရှဲရှဲနီပါ ဆားရေ.....ေ၇းပေးတာကျေးဇူးပါဗျာ။

    ReplyDelete
  4. ကိုအိမ်ကြီးကို ကလေးလေးမှတ်လို့ ဟိ
    ကိုလင်းထက်ဖော်ကောင်လုပ်မှ သိတော့တယ်
    သက်တော်ရာကျော်ရှည်ပါစေ အဟေးဟေး

    ReplyDelete
  5. ဟီးး မမမွန်ကတော့လေ......
    အစ်ကိုအိမ် လိုချင်တာတွေပြည့်စုံနိုင်ပါစေ..... နှစ်ထပ်ကွမ်း ဆုတောင်းပေးခဲ့တာ.. ဟိုမှာတစ်ခါ ဒီမှာတစ်ခါ..... :P

    ReplyDelete