Blogger news

Saturday, June 13, 2009

Harley-Davidson Rüdesheim am rhein(၁၃.၀၆.၂၀၀၉)

ကဲ တစ်နှစ်ပြည့်လာပြန်ပြီပေါ့ဗျာ မနှစ်ကလဲ ဟာလီဒေဗစ်ဆင် ပွဲတော် ဆိုပြီးပိုစ့်လေး တင်ဖူးပါတယ်..။

အခုလဲ တစ်ကျော့ပြန်ရောက်လာပြန်ပြီပေါ့ဗျာ မနှစ်က ကိုယ်တိုင် မကြည့်နိုင်လို့ သူငယ်ချင်းရိုက်ပေးတဲ့ ဓါတ်ပုံတွေပဲ ရသေ့စိတ်ဖြေ ကြည့်ရင်း ဓါတ်ပုံတစ်ချို့ပဲ တင်ပေးလိုက်နိုင်တယ်..

ဒီနှစ်တော့ အလုပ်က နားချိန်ရတုန်း ကင်မရာလေး ယူပြီးကမန်းကတန်း လမ်းထိပ်အထွက် သူတို့ ဆိုင်ကယ် အုပ်ကြီးလဲ မြို့နယ် တစ်ခုလုံးကို ပတ်ဖို့ ထွက်အလာနဲ့တိုးပြီး မှတ်တမ်း ဗွီဒီယိုလေး ရိုက်လိုက်နိုင်ပါတယ်..

ဒီတော့ လာလည်သူအပေါင်း ကမ္ဘာအနှံ့က ဆိုင်ကယ် သူရဲတွေ နဲ့ကျွန်တော်တို့မြို့လေးမှာ ဘယ်လို စည်ကားနေလဲ ဆိုတာ အောက်က ဗွီဒီယိုလေး သာကြည့်ကြပါတော့ဗျာ..။


5 comments:

  1. အခုထိတော့ကြည့်မရသေးဘူးအစ်ကိုရေ..။ သိတဲ့အတိုင်းပဲ..။ ဆွဲနေတုန်း..။ ကြည့်ပြီးတော့မှ ထပ်ပွားတော့မယ်..။

    ReplyDelete
  2. ကိုလင်းထက် မ၀ယ်ခဲ့ဘူးလား တစ်စင်းလောက် :P

    ReplyDelete
  3. မိုက်တယ်ကွာ
    နောက်နှစ်မွေးနေ့ကျရင် ဟာလေဒေဗင်ဆင်တစ်စီးဝယ်ပေးမယ်
    ဘယ်လိုလဲ...:P

    ReplyDelete
  4. စီဖူးတယ်ဗျ မိုက်မှမိုက် ထိုင်ရတာကိုက စမတ်ကျတာ၊ အင်ဂျင်သံကြီးကလဲ ကျယ်မှကျယ်၊ ရှယ်ပဲဗျ။
    ဒီလူတွေက ရှောက်သွားတာ မဟုတ်လားဗျ ဒီကိုလဲ လာတတ်တယ်ဗျ။ သေချာတော့ မသိဘူး

    ReplyDelete
  5. ရှောက်မသွားပါဘူး... လျှောက်သွားတာပါ.. ဟိုလူကြီးကလည်း..။ ရတုန်းတွယ်ထားတာ.. :D။
    ဦးရီးတော်ရေ... အားကျကျနဲ့ တစီးလောက် ဖမ်းဆွဲလိုက်လေ..။ ဆွဲဘဲဆွဲခိုင်းတာနော်.... :P ။

    ReplyDelete