This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Blogger news

Tuesday, March 23, 2010

အလိုအလျောက် ကဗျာရေးစက်

အလိုအလျောက် ကဗျာရေးစက်



ကလေးလေးတယောက်ကိုအိပ်ယာကနှိုးလိုက်ဖို့စောသေးတယ်

ဂျောက်ကနဲ တံခါးပိတ်သံ တဝေါဝေါ ရထားဖြတ်မောင်းသွားသံ

ချယ်နယ်နျူးအေးရှားသတင်းကြေညာသံတိုးသဲ့သဲ့

နေ့အသစ်တခုနဲ့ မိတ်ဖွဲ့ရတဲ့အခါတိုင်း

တွေ့ရတာဝမ်းသာပါတယ် (ဒါပေမယ့်) ထင်သလောက်မလွယ်ဘူး


အေယူဒီ ဇီးရိုးပွိုင့်အိတ်အိတ်ဇီးရိုးဖိုး စာတန်းတွေအကြောင်းလိုက်

အကြောင်းလိုက်ပြေးဝင်သွားတာ သက်ပြင်းမှုံမှုံကလေး နေရောင်စူးစူး

မိုက်ခွက်တွေ တပြုံလုံးအထိုးခံနေရသူကိုသနားရမလား ကိုယ့်ကိုယ်ကိုပဲ..

မီးလောင်နေတဲ့ ယောက်ယက်ခတ်မှုထဲမှာ မြောက်တက်

ပြာလို တအိအိ ပြန်ဆင်းလာခဲ့မယ်

ကတိစကားဟာ ခဏခဏလဲဝတ်တဲ့ တီရှပ်တွေ

စာသားနဲ့လူကိုတွဲချိတ်လိုက်ဖို့ လူတိုင်းလိုလားသလား ဆိုတော့

အအေးနဲ့ကိုက်ညှပ်ထားတဲ့ ပုံပန်းသဏ္ဍာန်

သဘာဝဟာချစ်စရာလား ကြောက်ရွံ့ထိတ်လန့်စရာဆီ

ပြက္ခဒိန်နဲ့ စကားပြောခြင်းများ စတင်ခဲ့ရာ သတ်မှတ်ချက်စကားလုံး

/အချိန်/

စခရင်မှာ ပေါ်နေတဲ့ စာသားအရဆိုရရင် အခုအချိန်ဟာ နံနက်ခင်း တဲ့

ပျော့ပျော့ကလေး ထိုးနှိုက်လိုက်တဲ့ စိတ်ထဲ သာယာမှုကို ထိစမ်းမိသေးလား

တထစ်ချင်းဖြုတ်ချလာခဲ့ရာ သန်းပေါင်းထောင်ပေါင်းများစွာ

ဖြစ်လိုက် ပျက်လိုက် ပြန်ဖြစ်လိုက် ပြန်ပျက်လိုက်

နောက်ထပ်ဖြစ်လိုက်ပျက်လိုက်တွေအနန္တ

လှုပ်ခါလိုက်တဲ့ ခွေးတကောင်ပေါ်က လွင့်ထွက်ကျလာတဲ့ ခွေးလှေးတွေပမာ

ယင်းတော်မလေးသည် မျက်စေ့တဖက်ပျက်နေသူ

အသက်ရှူရတာ အိုင်စကရင်စားနေရသလိုပဲ

ပွဖောင်းဖောင်း ( ပွယောင်းယောင်းဟုရေးလျှင်လည်းရ) လေအိတ်တွေ သီးပြွတ်နေလျက်

မိုးကောင်းကင်ဆိုင်ရာ ဒဿန ဟု လမ်းဖြတ်ကူးတော့မယ့် လူတယောက်ရဲ့ အပြော

လက်ထပ်လက်စွပ်ကို စမ်းမိတဲ့အခါ ရေချိုးခန်းပေါက်ဝမှာ ချော်လဲသူ

ပန်းတွေ အားပါးတရပွင့်နေတဲ့ ဥယျာဉ်ထဲ

အဘိဓါန်ကိုသုံးတယ်ဆိုလဲ စာလုံးပေါင်းမှန်မမှန်ကြည့်ရုံမျှသာ

တားကက်ကို ဒါရိုက်ဟစ် ခင်ဗျားဘာမှ စိတ်ညစ်မနေနဲ့တော့

ဗဟိုထိန်းချုပ်ခန်းက အော်တိုခလုပ်ကိုတင်လိုက်ပြီ

အခုအချိန်ကစပြီး အားလုံး အော်တို။ ။





ခင်အောင်အေး

၂၂၊ ဒီဇင်ဘာ၊ ၂၀၀၉ စင်္ကာပူစံတော်ချိန် ၁၀း၁၈ နာရီ

Monday, March 22, 2010

E-book လုပ်ဖို့ Nitro PDF Pro

Nitro PDF Pro



ကိုယ်ရေးထားတဲ့ ဘလော့ဂ်ပိုစ့်တွေ ကိုပဲ ဖြစ်ဖြစ် ကိုယ်ရေးကိုယ်တာ မှတ်တမ်းတွေ ကိုပဲ ဖြစ်ဖြစ် ကွန်ပြူတာနဲ့ အင်တာနက်ပေါ်မှာ E-book အဖြစ် သိမ်းထားမယ် ဖြန့်ဝေချင်တယ် ဆိုသူများ အတွက် ဒီ Nitro PDF Professional လေးက အရမ်းအသုံးဝင်မှာပါ Keygen ပါ ပါဝင်တဲ့ အတွက် တသက်လုံးသုံး စိတ်ချလက်ချသုံး သုံးဖြစ်အောင်သုံး အားမကုန်ဘူးတဲ့ အဟဲ ဘက်ထရီကြော်ငြာ တွေနဲ့ ရောကုန်ပြီ….၊

ဒီ ပရိုဂရမ်လေးက Nitro PDF Professional လို့ နာမည်တပ်ထားတဲ့ အတိုင်းပါပဲ Professional အဆင့် E-book တစ်အုပ် လုပ်ဆောင်ရာမှာ စိတ်တိုင်းကျ လုပ်လို့ရပါတယ်…၊
အောက်က ဗွီဒီယို လေးကတော့ လိုင်စင်ကီးကို ဘယ်လို ရှာပြီး ဘယ်လို ထည့်ရမယ် ဆိုတာ ပြထားတဲ့ ဗွီဒီယိုလေးပါ ဒီလောက်ဆိုရင်တော့ အားလုံး အဆင်ပြေ ကြမယ် ထင်ပါတယ်..။




ဒီအောက်က ဒေါင်းလုဒ် ပုံလေးကို နှိပ်ပြီး Nitro PDF Pro ကို ဒေါင်းနိုင်ပါတယ် mediafire ကနေ တင်ပေးထားတာပါ..။





PS: ဤ ဘလော့တွင် ဖော်ပြထားသော ဆော့ဖ်ဝဲလ် များ ဘလော့ဂ်နှင့်သက်ဆိုင်သော နည်းပညာများ ကို အခြားအခြားသော ဘလော့ဂ်များ တွင်လဲ ဖော်ပြပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည် ကျွန်တော့်ဘလော့ဂ်တွင် တင်ထားသမျှသည် ကျွန်တော် လိုချင်သောအခါ အလွယ်တကူ ရရှိရန် နှင့် မရှိသေးသူများ အတွက် ရည်ရွယ်ပါသည်...။

Thursday, March 18, 2010

Tuneup Utilities ၂၀၁၀



ဘလော့မှာ စာမရေးတာတောင် အတော်ကြာသွားပါပြီ.။
ဘာကြောင့်လဲ ဆိုတော့ ခရီးတစ်ခုသွားနေတာ နှစ်လ ကြာသွားသလို ကွန်ပြူတာလဲ မရှိတော့တာကြောင့် ဖြစ်ပါတယ်..၊

အခုတော့ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကမှ ကွန်ပြူတာ ပြန်ဝယ်ပြီး လိုအပ်တာလေးတွေ အင်စတော လိုက်လုပ် နေရပါတယ်..၊

အဲဒီမှာပဲ စပါပြီ ဇာတ်လမ်းတွေ ကိုယ်ကလဲ ကွန်ပြူတာ အသစ်ဝယ်တယ် ဆိုတော့ ဝင်းဒိုးလေးလဲ အသစ်လေး တင်မှ ဆိုပြီး windows 7 64 bit လေး ဝယ်တင်လိုက်ပါလေရော..၊

ပထမဆုံးက ဇော်ဂျီဖောင့်ပဲ အရင်ကိုယ်တင်ပေးထားတဲ့ ဇော်ဂျီအင်စတောပဲ လုပ်လိုက်တာ စာတွေ မြင်ရတယ် ကိုယ်ကရိုက်လို့မရဘူး အဲဒါနဲ့ သံလုံငယ်ဆီမှာ ဝင်းဒိုး ၇ အတွက် ကီးဘုတ် အင်စတော တွေ့တာနဲ့ Run လိုက်တာ အဆင်ပြေသွားတယ်..။

နောက်တော့ ကွန်ပြူတာ ကျန်းမာရေးအတွက် လက်စွဲ သုံးနေကျ TuneUp Utilities လေးကို ကိုယ့်ဆီမှာ ရှိပြီးသား လေးပဲပြန်တင်မယ်လေ ဆိုပြီး TuneUp Utilities 2009 ကို Run လိုက်တာ ဘယ်လိုမှ မရဘူးဖြစ်နေတယ်..။

ဒါနဲ့ပဲ ဂူဂယ်ကြီး အားကိုးနဲ့ လိုက်ရှာလိုက်တာ TuneUp Utilities 2010 လေးကို Keygen လေးနဲ့တကွ ရလို့ windows 7 နဲ့ အဆင်ပြေသွားတော့တယ် ကျွန်တော့လိုပဲ အခက်တွေ့နေသူတွေ ပဲဖြစ်ဖြစ် လုံးဝကို မရှိသေး မသိသေးသူတွေ အတွက် ဆော့ဝဲလ်လေးကို ဇစ်ဖိုင်လေးနဲ့ ဝေမျှလိုက်ပါတယ်ဗျာ။

Monday, March 8, 2010

လူပျက်


ငါ့ကို ပျော်တော်ဆက်စမ်းပါ
နှလုံးစိတ်ဝမ်း မရွှင်မလန်းဖြစ်တဲ့အခါ ဘုရင်မင်းမြတ်ကို အပျော်(တော်)ဆက်သ ရတယ်လို့
ငါ့ တစွန်းတစ ဗဟုသုတနဲ့ တောင်းဆိုလိုက်မယ်
ငါ နှလုံးစိတ်ဝမ်း မရွှင်မလန်းဖြစ်နေလို့ ဒါ

ပေမယ့် ငါက ဘုရင်မင်းမြတ်တယောက် မဟုတ်ဘူး မင်းမြတ်ဘုရင်လည်းမဟုတ်
မြတ်မင်းဘုရင်လား ဘုမြတ်ရင်မင်းလား ခနိုးခနဲ့ မင်းမို့ မင်းမျက်မာန်တော် ရှ မှာ မစိုးရွံ့ပဲ
ပြောရဲဆိုရဲ နှုတ်သရမ်းရဲတဲ့အကောင် သဘောက်မသား ငါ့သံလျက်ဖျားမှာ အသက်
ပါရော့မယ် အိပ်ကောင်းခြင်းမအိပ်ရ စားကောင်းခြင်းမစားရ စပါးဆို စပါး မယားဆို မယား
မင့် မကြားဖူးရော့သလား

(အော်..
ပြဇာတ်ကိုး)

ဒါလဲ ပျော်တော်ဆက်နည်း တခုလို့ သက္ကရာဇ် ၂၀၀၀
ဒီဘက်မှာ ဆိုမယ်ဆိုလည်း ဆိုလို့ရသပေါ့ ကောင်းကင်ကလဲ ဗုံလိုပမာ အချက်ပေးလို့ရ ကိုယ်ခန္ဓာ
တပြုံတမ လုံး တဆတ်ဆတ် တုန်ရင်လို့ရ မိုက်ခရိုဖုံး ကို မမြင်အောင်ဝှက်ပြီး သီချင်းတွေ က, ရင်းခုန်ရင်း
ဆိုလို့ရ ရုံဝင်ခ မြှင့်တင်လို့လည်းရ ည ည လိုက်အိပ်လို့လည်းရ ခရစ်တော်၌ အိပ်ပျော်ချင်သလောက် အိပ်
ပျော် လို့လည်းရ
" နို့ ဒီ ခြံစည်းရိုးကို ဘယ်သူက ခတ်မှာတဲ့တုန်း"
" နို့ ဒီ ပန်းချီကားကို ဘယ်သူက ချိတ်ဆွဲမှာတဲ့တုန်း"
" နို့ ဒီ ရာသီဥတုကို ဘယ်သူက အမိန့်ပြန်တမ်းထုတ်မှာတဲ့တုန်း"
" နို့ ဒီ ကဒ်ပြားမှာ ဘယ်သူက အချက်အလက်အမှန်တွေ ဖြည့်စွက်မှာတဲ့တုန်း"
" နို့ ဒီ ပလာမဲကို ဘယ်သူက ခပ်တည်တည် ပေါက်မဲလုပ်မှာတဲ့တုန်း "
ဟ ငါက မရောက်အောင်သွားနေတာ မရွေ့အောင်လှမ်းနေတာ မဖြစ်အောင် ပျက်နေတာ
ငါက လူပျက်
ငါက လူရွင်တော်မဟုတ်ဘူး

အောင်မာ -
ရာရာစစ
ငါ့ကို ပျော်တော် လာမဆက်ခိုင်းနဲ့။ ။

ခင်အောင်အေး
၂၅၊ ဖေဖော်ဝါရီ၊ ၂၀၁၀ ဘန်ကောက်စံတော်ချိန် ၂၁း၁၇ နာရီ