Blogger news

Thursday, January 29, 2009

၂၄ ပွင့် သီပြီးသွားတဲ့ ခရေပန်း ကုံးလေး

Happy Birthday


ဒီကနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ဟာ ညီမငယ် ပန်းခရေ ကျွန်တော့ အခေါ် ပေခရမ်း ရဲ့ ဘဝလမ်း ခရီးမှာ နောက်ထပ် ၂၄ ခုမြောက် မှတ်တိုင် စိုက်ထူလိုက် တဲ့ နေ့လေးပါ ..။

မွေးနေ့ရှင် က အပျိုကြီး ပေါက်စ ဖြစ်လာပြီ ဆိုတော့ ဘလော့ဂ် ပေါ်မှာ အလကား ကျွေးရမှာ တောင် နှမျော နေလို့ အကိုဖြစ်သူကပဲ သူ့အစား ဧည့်သည် တွေ ကို ဧည့်ခံပေးရတော့မှာပေါ့...။

အရင်ဦးဆုံး မွေးနေ့ရှင် အတွက် မွေးနေ့လက်ဆောင် အဖြစ် ကိုယ်လောလော ဆယ်နေတဲ့ ဆီက အကြွေးဝယ်လို့ ရမယ့် မာစီးဒီး ပဲ လွယ်လွယ် ဝယ်ပေးလိုက်တယ် ရုံးတက် ရုံးဆင်း စီးလို့ ရအောင်ပေါ့..။



ဖုန်းဝယ်ပေးမလို့ စဉ်းစားပေမယ့် သူက အဲဒီဘက် ပိုင်း အလုပ်လုပ်တာ ဆိုတော့ မလိုလောက်ဖူး ထင်လို့ မဝယ်ပေးတော့ဘူး ကားတစ်စီးပေး တော်ပြီပေါ့ နော်..
ဧည့်သည် တွေကိုလဲ သူ့အစား ဧည့်ခံပေးရမယ့် စရိတ်က ရှိနေသေးတာကိုး ဟီး...

ကဲ လာတဲ့ ဧည့်သည်တော်များ ဟောဒီမှာ စားကြပါဗျာ ကျွန်တော်လုပ်နေတဲ့ ဆိုင်ကနေပဲ သွားယူလာတာ..။













စားရင်းနဲ့ ကိုယ်နဲ့ အဆင်ပြေတာ ရွေးသောက် ကြပေါ့ဗျာ..။
ရော့ ဟောဒီမှာ စည်လိုက် ချပေးထားမယ်



ဘီယာသောက်ရင် ဗိုက်ပူမှာ ကြောက်ရင်တော့ ဝိုင် လောက်ပဲသောက်နော်



မမ တို့ ညီမ တို့ အတွက် ကတော့ အအေးပေါ့ ..။







ကားသွား ယူရတာနဲ့ စားစရာ တွေ သွားသယ်ရတာနဲ့ ဧည့်ခံတာ နဲနဲ နောက်ကျသွားတယ် ကိစ္စ မရှိပါဘူးလေ ညပိုင်း မွေးနေ့ဧည့်ခံပွဲပေါ့...။

မွေးနေ့ရှင် ပေခရမ်း ဒီကနေ့က စပြီး ဘဝလမ်း တစ်လျှောက် ပျော်ရွှင် အေးချမ်းစွာ လျှောက်လှမ်း နိုင်ပြီး ချစ်တဲ့သူ နဲ့အမြန်ဆုံး ပေါင်းရပြီး အပျိုမကြီးတကြီး ဘဝက မြန်မြန်လွတ်ပါစေ ..။

11 comments:

  1. ဗိုက်ဆာတယ်... ဆိုပါမှ...း(

    ReplyDelete
  2. မွေးနေ့မှာချမ်းမြေ့ပါစေ.. ပန်းခရေ။

    ReplyDelete
  3. စိန်မျောက်မျောက်

    ReplyDelete
  4. Happy 24 Pan Hka Yay....
    ကိုလင်းနော်... အနံ့မရတဲ့ ဟင်းတွေပဲကြွေးနေတာကြာပီ... :) :D :P

    ReplyDelete
  5. ဟား...။ အောက်ထပ်မှာရပ်ထားတဲ့ ဈေးသွားတဲ့ကား ပျောက်သွားပါတယ်ဆို...။ လား..လား...။ ဘယ်ဟုတ်မလဲ...။ အမောင် ဒိုင်ယာရီက လာမသွားတာကိုး...။ ဒါပေမယ့် ရပါတယ်...။ လေသရမ်းတဲ့ သူငယ်ချင်း ပေခရမ်းအတွက်ပဲ...။ တည်ခင်းထားတာတွေကတော့ လူကိုယ် ကိုယ့်ကိုယ်ကို သတ်သွားလောက် အောင်ကို ဆွဲဆောင်နိုင်တယ်...။ ရပါတယ်...။ ပြဿနာမရှိဘူး လခထုတ်ပြီးပြီ လေ...။ ဟိ :P

    သူငယ်ချင်းပန်းခရေရေ....။ ၂၄ ကြိမ်မြောက် ခြေလှမ်းမှသည် နောင်နှစ်ပေါင်းများစွာ ဘ၀တစ်လျှောက်ငြိမ်းချမ်းစွာ...။ အောင်မြင်စွာ....။ ခြေလှမ်းပေါင်းများစွာ ဆက်လက် လျှောက်လှမ်းနိုင်ပါစေ....။ :)

    ReplyDelete
  6. ဒေါင်းမင်းJanuary 29, 2009 at 8:51 PM

    ဗိုက်စာနေတာနော်..စားသွားပြီ..အကုန်လုံးကိုစားသွားတာ
    မာစီးဒီကြီးလဲယူသွားဒယ်..ဟဲဟဲ
    မွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာတိုင်အောင်မြင်မှုတွေနဲ့ဆွတ်ခူးနိုင်ပါစေဗျာ...ဆုတောင်းလျှက်
    ဒေါင်းမင်း

    ReplyDelete
  7. ပျော်ရွှင်စရာမွေးနေ့လေး ဖြစ်ပါစေကြောင်း ဆုတောင်းပေးပါတယ်ဗျာ။
    ဆား.... ကျနော့်မွေးနေ့လဲ လုပ်ပေးနော မလုပ်လို့ကတော့
    ....

    ReplyDelete
  8. အိုး ပျော်လိုက်တာ
    မိုးလင်းအစောမှာ ကို့အတွက် မွေးနေ့လုပ်ပေးထားတဲ့ အစ်ကိုလင်းထက်ကြီးရေ အရမ်းကိုပျော်တာပဲ
    ဟိဟိ
    မီးက ကပ်စေးနှဲရမယ်လေ..
    စုဆောင်းချွေတာရပီ...အပိုစရိတ်တွေများလာပီဆိုတော့ ဟိ အထင်များကြီးမလားလို့
    ညီမလေးအတွက် ခုလို မွေးနေ့ပွဲလေးကျင်းပပေးပီး မာစီးဒီးကားလေး လက်ဆောင်ပေးတဲ့ အစ်ကိုလင်းထက်ကြီး အရမ်းကျေးဇူးတင်ပါတယ်...

    ReplyDelete
  9. တော်တော်သဘောကောင်းတဲ့ အစ်ကို

    မီးကိုလဲ တစ်စီးလောက်..

    ReplyDelete
  10. ဒီလောက် ကြီးကျယ်ခန်းနားတဲ့ မွေးနေ့ပွဲကို ဖိတ်ကြားထားခြင်းမခံရဘဲ ရောက်လာခဲ့သူပါ။ဧည့်ခံမဲ့သူ မရှိလို့ ဗိုက်စာစာနဲ့ ခေါင်းငုတ် စားရင်း သောက်ရင်း အရွေးမှားသွားလို့ အခုတော့ ကွဲသွားပြီ့ အဲ့ မှားသွာ့း့ 
    လို့  မူးသွားပြီး ပြောတာ့ မွေးနေ့ရှင်လေးအတွက် .နောင်နှစ်ပေါင်းများ
    စွာ ဒီထက် ဒီထက် ခန်းနားတဲ့ မွေးနေ့ကြီးတွေ လုပ်ပေးနိုင်ပါစေ့ ဗျာ့ 
    အဲ့ 

    ReplyDelete