မြန်မာလူမျိုးနဲ့ ငပိ ၊ ငပိ နဲ့ မြန်မာလူမျိုး ကျောနဲ့ရင် တစ်သား ထဲဖြစ်နေသလို ဘယ်လိုမှ ခွဲခြားလို့ မရလောက် အောင်ပါပဲ..။
အဲဒီမှာ မြန်မာပြည် မှာနေထိုင် သွားဖူးတဲ့ နိုင်ငံခြားသား တွေဟာ သူတို့ နိုင်ငံ ပြန်သွားပြီး ငပိ ကိုစွဲစွဲ လမ်းလမ်း ဖြစ်နေတာလေး တွေ ကျွန်တော် ယ္ခင် သင်္ဘောလိုက်နေစဉ် တုန်းက ကြုံတွေ့ ခဲ့ရဖူးပါတယ်..။
မြင်တွေ့ခဲ့ရတာတော့ အိန္ဒိယ မှာပါ ပထမ ဦးဆုံးကတော့ ကာလကတ္တား ကို ကုန်ချဖို့သွားတဲ့ အချိန် ဆိပ်ကမ်းထဲ ကိုဝင်ဖို့ အတွက် ဒေါက်ထဲ ဝင်ရပါတယ် အဲဒီဒေါက် ထဲ ဝင်ပြီးမှ မြစ်ထဲက ရေနဲ့ သင်္ဘော ဆိုက်ကပ်တဲ့ နေရာက ရေကို ချိန်ညှိ ပေးပြီးတော့မှ ဆိပ်ကမ်း ကို ဝင်ကပ် ရတာပါ..။
ဒီလိုနဲ့ ဒေါက်ထဲမှာ ရေချိန်နေတုံး ဒေါက်မာစတာ လို့ ခေါ်တဲ့ အိန္ဒိယ သား အရာရှိ တစ်ယောက် တက်လာပါတယ်..။
အဲဒါနဲ့ AB တစ်ယောက် က သွားမေးပါတယ် .။
ဘာလို့လဲ ဆိုတော့ ဒေါက်မာစတာ ဆိုတာ သင်္ဘောပေါ်မှ တက်လေ့ တက်ထ မရှိတာကိုး.
"ဘာများ အလိုရှိလို့ပါလဲ ဒေါက်မာစတာ" ပေါ့လေ
အဲဒီတော့ ဟိုက မြန်မာလို ပြန်ပြီး ပြောပါတယ်..
ညီလေး တို့ သင်္ဘော က တစ်ခိုင်လုံး ရွှေ ( အငြိမ့်အဖွဲ့မဟုတ်ပါ သင်္ဘောတစ်စီးလုံး မြန်မာ လူမျိုးများချည်း ဖြစ်လျှင် တစ်ခိုင်လုံးရွှေ ဟု ခေါ်ကြသည်..။) လို့ ကြားလို့ လာလည်တာပါ ကပ္ပတိန် နဲ့တွေ့ပါရစေ..။
ဒါနဲ့ပဲ AB လဲ သင်္ဘော မောင်းနှင် ထိန်းချုပ်ခန်း ကိုလိုက်ပို့လိုက်ပါတယ်..။
ဟိုရောက်တော့ စကားစမည် ပြောရင်း ဒေါက်မာစတာ က ကပ္ပတိန် ကို သူလိုချင်တာ တစ်ခုတောင်းပါတယ်
ဘာလဲ ဆိုတော့ ငပိ ပါ..
"ကျွန်တော် ဒီကို ပြန်ရောက်နေတာ နှစ်သုံးဆယ်လောက် ရှိပါပြီ ခလေးဘဝ ကပြန်ရောက်လာတယ်ပေါ့ဗျာ အခုတော့ ဒီမှာပဲကျောင်းတက် ပြီး ဒေါက်မာစတာ ဖြစ်လာတာပါ.. ငယ်ငယ်က စားခဲ့ရတဲ့ ငပိရည် နဲ့ ငပိထောင်း ကို ကျွန်တော် တို့ တစ်မိသားစုလုံး အမြဲတမ်း လွမ်းဆွတ် တသ နေတာ ပါဗျာ ဒီတော့ ဒီသင်္ဘော ကလဲ မြန်မာချည်းဆိုတော့ ငပိ ရှိမယ် လို့ထင်ပါတယ် အရင် တစ်ခါ တစ်လေ ကြယ်ငါးပွင့် က သင်္ဘောတွေ ဒီမှာ ဒေါက်တင်ပြီး လာပြင်ရင်တော့ စားရပါတယ်"...။
ဒါနဲ့ ကပ္ပတိန်လဲ ငပိဗူးတွေ ပေးလိုက်ပါတယ်
ဟိုလူလဲ ပျော်ပြီး ပြန်သွားလေရဲ့ နောက်ပိုင်း ကျွန်တော်တို့ သင်္ဘော အဲဒီသွားမယ် ဆိုရင် အဲဒီဒေါက်မာစတာ အတွက် ငပိ ဘူးတွေ ပိုပို ယူသွားပြီး လက်ဆောင်ပေးတာပေါ့ဗျာ..။
နောက်တစ်ခါ ကတော့ ဘိုင်ဆပ် လို့ခေါ်ပါတယ် အဲဒီမှာ လဲ ဒီလိုပါပဲ..
သင်္ဘော ကုန်တွေ ချနေတုန်း သင်္ဘော ဂန်းဝေး ( လူများ တက်ဆင်း လုပ်သည့် သင်္ဘော ကုန်းပတ်) ကလှေခါး အတိုင်း လုံခြုံရေး ယူနီဖောင်းနဲ့ ကုလား နှစ်ယောက် တက်လာပါတယ်..။
အဲဒါနဲ့ ဂန်းဝေး ဂျူတီ ကျနေတဲ့ AB က အာ ဒီကောင်နှစ်ကောင် ဘာလာ ရှုပ်တာလဲ မသိဘူး ဆိုပြီး ပြောပါတယ် ..
အဲဒီနှစ်ယောက်က
"စိတ်မဆိုးပါနဲ့ အကိုရယ် မြန်မာ သင်္ဘော ဆိုလို့ ဝမ်းသာ အားရ လာနုတ်ဆက်တာပါ ဗျာ.."
လို့ မြန်မာလို ပြန်ပြောတော့ အားလုံး အတော်လေး အားနာ သွားတယ် ..
သူတို့လဲ ငပိ လိုချင်တာပဲဗျ ဒါပေမယ့် သူတို့ ကလဲ ကိုယ်တွေကို အဖိုးတန် တာ တစ်ခု ပြန်ပေးပါတယ် ဘာလဲ သိလား?
ချဉ်ပေါင် ဗျို့ ချဉ်ပေါင်..
နိုင်ငံခြားတိုင်းပြည် တွေ ဘယ်သွားသွား ဝယ်လို့မရတဲ့ မြန်မာတွေပဲ စားတယ် လို့တောင် ပြောလို့ရတဲ့ ချဉ်ပေါင်တွေဗျား...
အဲဒီ ၁၉၉၆ လောက်တုန်း က စင်္ကာပူ ဝင်တိုင်း ဗီယက်နမ် ဈေး ယိုးဒယားဈေး ဈေးတကာ့ ဈေး လိုက်ရှာ တာမတွေ့တဲ့ ချဉ်ပေါင် ပါ.
သူတို့ကို ရူပီး လေးဆယ် ပေးလိုက်တာ အိုး ဘာပြောကောင်းမလဲ သူတို့ စက်ဘီးနှစ်စီး နောက် ကယ်ရီယာ မှာ အပြည့်ဗျာ သယ်လာလိုက်တာ ချဉ်ပေါင်တွေ အထုပ် ကိုက စက်ဘီးနင်းလာတဲ့ သူတို့ရဲ့ခေါင်း နဲ့တတိုင်းထဲ လောက်ရှိတယ်...
သူတို့ပြောတာက ကိုယ်ပိုင်စိုက်ထားတာတဲ့ ဘယ်မှာမှ မရှိဘူး လို့ပြောတယ် သူတို့က အရင် မိုးကောင်း နားမှာ နေခဲ့တယ် ဆိုတာနဲ့ တော်လှန်ရေး အစိုးရတက်ပြီး အိန္ဒိယ သားတွေ အိမ်ပြန်ပို့တဲ့ အထဲ ပါလာတယ် ပြောတာပဲ ဒီမှာ အဲဒီက ပြန်ပို့တဲ့သူတွေ ချည်း ရပ်ကွက် တစ်ရပ်ကွက် ရှိတယ် လို့ပြောတယ်..။
အိုး ...ဒီလိုနဲ့ သင်္ဘော တစ်စီးလုံး ဂျူတီနားတဲ့ သူတွေ စားသောက်ခန်းထဲမှာ ချဉ်ပေါင် ဝိုင်းသင် ကြတာပေါ့ ဟီး အိမ်ကပါဆယ် မမှာ ရင် မစားရဘူးလေ ပါဆယ် လာလဲ သိတဲ့ အတိုင်း ဝိုင်းအားပေးကြတာ တစ်ယောက် တစ်ဇွန်းလောက်ပဲ စားရတာ ..
ဒီလိုနဲ့ အဲဒီနေ့က သင်္ဘော ပေါ်မှာ ချဉ်ပေါင်ကြော် ပါတီကြီး ကျင်းပခဲ့ပါတယ် ချဉ်ပေါင်ယူလာပေးတဲ့ နှစ်ယောက်လဲ လွေးလိုက်တာ ဆိုတာ ဘာလို့ဆို သူတို့က ချဉ်ပေါင်ကြော်စားပေမယ့် ငပိမပါတဲ့ ချဉ်ပေါင်ကြော်ချည်း စားလာရတာ ကိုးဗျ သူတို့နှစ်ယောက် ကိုလဲ ငပိဘူးတွေ တော်တော် များများ လက်ဆောင်ပေးလိုက် တာပေါ့ဗျာ..
ဘာမှ မဟုတ်ဘူး အခု ဟင်းချက်ခါနီး ချဉ်ပေါင်ကြော်စားချင်တာ မရှိလို့ ချဉ်ပေါင်နဲ့ တူတဲ့ စပီးနက်ပ် ဆိုတဲ့ အရွက် ကြော်စားဖို့လုပ်ရင်း အရင် ချဉ်ပေါင်ကြော်စားခဲ့ တာလေး သတိရလို့ ပြန်ရေးလိုက်တာ ..။

ဦးရီးတော်ရေ ချဉ်ပေါင်ကြော်ကို ငပိနဲ့ စားချင်ရင်တော့ တူလေးဆီကိုသာ ခုချက်ချင်းဆိုင်းမတွဘဲ ကြွမြန်းလိုက်ပါတော့ ဦးရီတော်ရေ...။
ReplyDeleteချဉ်ပေါင်နဲ့ ငပိ ပို့ပေး.... ဒါပဲ.....
ReplyDeleteငတ်နေရတဲ့ကြားထဲ သားရည်ကျအောင် လုပ်ထားတာ... နင် ငရဲကြီးလိမ့်မယ်...
အားမရလို့ အကျယ်ချဲ့ပြီး ရှူစားသွားပါတယ်။ ရှု တောင် ရှုကြည့်လိုက်ချင်သေးတယ်။ ငပိရည်စပ်စပ် ကလေးနဲ့ ထမင်းကြမ်းကလေး နဲ့ ငရုတ်သီး မှူန့် နဲ့ နယ်စားလိုက် ရမှဖြင့် ကောင်းမယ်။ ထမင်းအိုး သွားတည် လိုက်ဦးမှဘဲ ။ပထမတော့ ခေါက်ဆွဲပြူတ်ဘဲ စားတော့ မလို့။ ဂလု ဂလု
ReplyDeleteငါတို့တွေ ဘာဖြစ်လို့ ဒီလောက်တောင် ငတ်ကြီး ကျရတာလဲဟင်..သူများတွေ မြင်ရင် မစားနိုင် မသောက်နိုင်ထဲ ကလို့ထင်ကြမှာဘဲ။
ထမင်းပွဲက အပျံစားပဲ။
ReplyDeleteဟုတ်ပါရဲ့ မမခင်ဦးထုံရယ်။ ငတ်ကြီးကျတာ လူသိတယ်။
စားနေသောက်နေရရဲ့နဲ့။
စားရလေ ငတ်လေဆိုတာ အမှန်ပဲ။
mm
ချဉ်ပေါင်ကြော်ကိုလွမ်းလိုက်တာ.. ထမင်းဝိုင်းပြင်ထားတာများ စားချင်စဖွယ်.. ချဉ်ပေါင်ကြော် ပဲကြီးနှပ် ငပိရည် ဒညင်းသီးတို့စရာ ငါးရံ့ခေါင်းဟင်း...စားချင်တာတွေလျှောက်ပြောတာပါ
ReplyDeleteဗိုက်ဆာတယ်ဗျို့။
ReplyDeleteငပိကတော့ ဗမာလူမျိုးတွေအတွက်
ReplyDeleteထမင်းဝိုင်းမှာ မပါမပြီး၊ ဟင်းတိုင်းမှာ မထည့်မဖြစ်တဲ့
ဂျိုကာလို အမယ်ပါပဲ။
ကျွန်တော်တို့ ရှမ်းတွေကျတော့ ပဲပုတ်ချပ်၊ ချဉ်ဖတ်နဲ့ ထို့ဟူး တွေ မရှိမဖြစ်တွေပါ။ ရိုးရာ အစားအစာတွေကို ဘယ်နေရာ ဘယ်ဒေသပဲ ရောက်ရောက် အမြဲ အမှတ်ရလျက်ပါ။
ဟုတ်တယ် ချဉ်ပေါင်ကြော်ကို မကြိုက်တဲ့ မြန်မာ ရယ်လို့ မတွေ့သလောက်ပဲ။
ReplyDeleteပြောရင်း စားချင်လာပြီ.. နောက်နေ့မှ ကြော်စားဦးမယ်။
ထမင်းဝိုင်းကဟင်းတွေက ဂိုဏ်းချုပ်လက်ရာလားဗျိုး
ReplyDeleteဖတ်ရင်းနဲ့ သွားရည်တောင်ကျတယ်ဗျာ မစားရတာ နှစ်ပေါင်း
ReplyDeleteဘယ်လောက်ရှိမှန်းတောင် မသိတော့ဘူးဗျ ရွာပြန်ရောက်ချိန်
ကျတော့လဲ မစားဖြစ်တာများတယ်ဗျ။