Blogger news

Sunday, January 25, 2009

Summer Movie (Titanic 2)

လွန်ခဲ့သော နှစ်အတော် များများ က ကမ္ဘာနဲ့ အဝှမ်း နာမည် ကျော်ကြား လူကြိုက်များခဲ့ တဲ့ တိုက်တန်းနစ် ဇာတ်ကား ကြီးမှာ ဆင်းရဲသား လေး ဂျက် နဲ့ အထက်တန်းလွှာ က ရိုစ့် တို့ သင်္ဘောမြုတ် သွားတဲ့ အချိန် ရိုစ့်ဟာ ဂျက် ကို ရေထဲ မှာ စွှန့်လွှတ် ခဲ့ရပြီး ပရိသတ် အားလုံး ရင်ထဲ ဆို့နင့်စွာ နဲ့ မျက်ရည် မခိုင်သူတို့ မျက်ရည် လည်ရွဲ ရုပ်ရှင် ရုံ အပြင် ကို ထွက်ခဲ့ ကြရပါတယ်..။

အခု ဒီနှစ် နွေရာသီ မှာ အမေရိကား နဲ့ ဥရောပ မှာ သေဆုံးသွားပြီလို့ ထင်ထားတဲ့ ဂျက် တစ်ယောက် လူ့လောက ထဲ ပြန်လည် ရောက်ရှိလာပြီး သူ့ချစ်သူ ရိုစ့် ကိုပြန်လည် ရှာဖွေ ပါတော့မယ် ..။

လီယိုနာဒိုဒီကာပရီယို ကို ကြိုက်နှစ်သက်သော မမ ညီမ များ မျက်ရည်လည်ရွဲ ဖြစ်ဖို့သာ ပြင်ထားပေတော့ဗျို့..။

အောက်မှာ အစမ်းလေး မြည်းကြည့် သွားနိုင်ပါတယ်....။



ဒီတစ်ရက် နှစ်ရက် အတွင်း ရုပ်ရှင် တွေ အတော်ကြည့်ဖြစ် ရာက ၂၀၀၉ ခုနှစ် နွေရာသီမှာ နာမည် ကြီး ကားတွေ ရဲ့ အဆက် တွေ ဆက်တိုက် ထွက်လာမှာ ဖြစ်လို့ ရုပ်ရှင် ကြိုက်သူများ အတွက် အမြည်းလေး တွေ ဝေမျှ တာ သက်သက်ပါ ..
အရသာရှိရှိ ဇာတ်လမ်း အစအဆုံး ကတော့ စောင့်မျှော် လို့သာ ကြည့်ကြပေတော့ ဗျို့..။

8 comments:

  1. ကြည့်မှာ မပူနဲ့ ကြိုက်ရင် ခွေပါကူးထားမှာ ခုတောင်ကူးထား
    တဲ့ပေါင်းကို ၅၀၀ကျော်နေပြီ ရွာပြန်ရင် အဲဒီခွေတွေနဲ့တင်
    ကိုယ်သယ်ရမဲ့ ကီလို ပြည့်နေပြီဗျ ဟိဟိ

    ReplyDelete
  2. ကောင်းတယ် သူများဘလော့ကိုလုပ်နေတာထက်စာရင် ရုပ်ရှင်ကြည့်တာ ပိုကောင်းတယ်။
    မွန်ကလေး သိရင်သတ်တော့မှာဘဲ
    (ပုံ..တစ်ကိုယ်ကောင်းဆန်သူkom)

    ReplyDelete
  3. တို့ကတော့ တို့အချိန်ကိုတို့ဘဲသုံးပါတယ်။( i am very selfish... very dangerous )..သူများအတွက်မပေးပါဘူး.. အဲဒါကိုပြောတာပါ..။ အချစ်ကလေး. မွန်သိရင် သူ့ဘလော့ကို မလုပ်ပေးတော့အောင် အားပေးအားမျြေက်ပြူတယ်မ စိုးလို့ စိတ်ဆိုးမှာဘဲ လို့ပြောတာပါ။ (သိတ်ရှင်းရခက်တာဘဲ..နားမှလည်ပွှါမလားမသိ)
    ကိုလင်းထက် အချိန်ကို သူမျှားဘလော့ကို ပြင်ပေးနေတာထက် စာရင်ကိုယ့်ဘာသာ ရုပ်ရှင်လေးကြည့်နေတာ ပိုကောင်းတယ်လို့ ပြောချင်တာပါ။

    http://www.linhtet.co.cc/2009/01/blog-post_21.html

    မွန် said...

    အင် တူတူလေးအိမ်ကရှယ်ပဲဆိုပါလား ဘာသဘောလဲ ဟွန်းးးး
    ပူဆာတဲ့လူတွေထဲမှာ မွန်အလိမ္မာဆုံးပဲ ရစ်လဲမရစ်ဘူး ဘာပဲလုပ်ပေးပေး ဂျီးလဲမများဘူး နော်
    အဲဒီဆလိုက်ရှိုးကို ထည့်ပေးပါဆို အဲဒါ ဘလော့စပေါ့မှာမရလို့ဆို အခုရပြီဆိုတော့ လာထည့်ပေးတော့လေ
    ပြီးတော့ နတ်သမီးလည်တဲ့အိမ်ဆိုတဲ့ အဲဒီဟာက အခုသေနေပြီ ဘာမှပေါ်တော့ဘူး လာလုပ်ဦး
    January 21, 2009 11:00 PM

    ReplyDelete
  4. အာ.... ကြိုက်တယ် Titanic ...
    အဆက်ကိုစောင့်ကြည့်ဦးမှ..... အတော်ပဲ. :P
    ဒါပေမယ့် ဖြစ်နိုင်ပါ့မလားနော်။ ပြန်ရှင်လာတယ်တဲ့..... :)

    ReplyDelete
  5. ဦးရီးတော်ရေ...ရုပ်ရှင်ကြီးဘဲမကြည့်နဲ့အုံးနော်....တူလေးရဲ့ဘလော့လေးကိုကလိပေးပါအုံး..

    ReplyDelete
  6. လုံးဝပဲ အသဲကွဲကားတွေ ဝေးဝေးကရှောင်တယ်...။ အသဲနှလုံးက သိပ်မခိုင်ဘူး...။ :P

    ReplyDelete
  7. ရုပ်ရှင်ပြန်ကြည့်ရတာ ကျေးဇူး လင်းထက်ေ၇။

    ReplyDelete
  8. ကိုလင်းထက်ရေ အဲဒီ ရုပ်ရှင်ကားက မထွက်ပါဘူးဗျာ.. တိုက်တာနစ်ရူးတဲ့သူတွေ စိတ်လှုပ်ရှားသွားအောင် လီရို ရိုက်ထားတဲ့ ရုပ်ရှင်ကားက ဟာတွေပေါင်းပြီး ကားအသစ်ပုံစံ ပြန်လုပ်ထားတာပါ။ ရုပ်ရှင်ကား အသစ်ကြေငြာဟာ ဒီထက် ကွာလတီကောင်းပါတယ်..
    ဒီရုပ်ရှင်လေးကို ဘယ်လိုပြန်လုပ်ထားတယ်ဆိုတာ ဒီမှာ http://www.robertblankenheim.com/images/Pop%20Up%20Titanic%20Two.mov တွေ့နိုင်ပါတယ်။ လုပ်ထားတဲ့သူ အရမ်းတော်ပါတယ်။ ဒီလိုမျိုး ရုပ်ရှင်အသစ်ထွက်လာလည်း လူတွေ သွားကြည့်ကြမှာ ကြိမ်းသေပါတယ်

    ReplyDelete