Blogger news

Wednesday, April 16, 2008

ဝိဥာဉ် ရှာဖွေသူများ (၂)


ပစ္စည်းများအားလုံး နေရာတကျ ထားပြီး ချိန်လောက် မှာပင် အပြင်ထွက် လည်ပတ်နေ သူများ ပြန်လည် ရောက်ရှိ လာကြ ရာချောက်ခြား ဖွယ်ရာ တိတ်ဆိတ် ငြိမ်သက် လျှက်ရှိခဲ့ သော အိမ်ကြီး မှာ စကားသံ များဖြင့် ဆူညံ အသက် ဝင်လာ ပါတော့သည်.....။

“ဟေး... ကိုလင်းထက်တို့ ရာဇာ တို့ ရောက်လာ ကြပြီ ကိုး နောက်ကျတယ်နော် ဒီမှာ နာရီ စင်နား က ကီးမားပလာတာ ဝယ်လာတယ် မေ တို့ တော့ တိုဖူးနွေး ကော ကီးမား ရော အပြတ် တွယ်လာတယ် ဒါက အိမ်မှာ ကျန်ခဲ့ တဲ့ သူတွေ စားဖို့ ဝယ်လာ တာ...”


“ကျေးဇူး ကျေးဇူး ဗိုက်ဆာ နေတာနဲ့ အတော်ပဲဗျ လမ်းမှာ ဗိုက်ဆာ လို့ တခုခု စားပါရစေ ဆိုတာ ကိုလင်းထက် ကနောက်ကျနေပြီ မစားနဲ့ ဟိုရောက်မှ ကြည့်စီစဉ်မယ် ဆိုပြီး ဘာမှလဲ မစီစဉ်ဘူး”..
အမြဲတမ်း အကိုလို ခင်ရသူ များကို ဗိုလ်ကျ ဆိုးနွဲ့ တတ်သူ ရာဇာက ပြောပြော ဆိုဆို မေ နှင့် မေမိုး လက်ထဲမှ ကီးမား ထုပ်များကို ဆွဲယူ လိုက်ပြီး စားပွဲခုံ တွင်ထိုင်၍ အပြတ် ဝါးတီး ပေးပါတော့သည်...။

“ကျွန်တော်တို့ တော့ ခရီးပမ်း လာတဲ့ ကြားထဲ လမ်းလျှောက်လိုက်တာ ပိုပင်ပန်း သွားလို့ သွားနား တော့မယ်ဗျာ”
အိုင်လွယ်ပန် က အမရာ ၏လက်ကို ဆွဲကာ အားလုံးကို နှုတ်ဆက် ရင်း သူတို့ အခန်း တွင်းသို့ ဝင်သွားကြ လေ၏

“အိမ်လေးတော့ စဉ်းစားမိတယ် ရုံးက ဘောလီဘော အဖွဲ့ တွေ ဒီမှာသာလာလေ့ကျင့်ရင် ချွေးတောင် ထွက်မှာ မဟုတ်ဘူး ပျဉ်းမနား မှာ ဒီအချိန် ဆိုအရမ်း ပူနေပြီ”

“အာ အိမ်လေးကလဲ ဒီဘောလီဘော ဘဲ မေမိုး တော့ ဘောလီဘော ဝါသနာ မပါဘူး ဘောလုံး မှ ဘောလုံး မန်ချက်စတာယူနိုက်တက် ကတော့ မေမိုး ရဲ့ အသဲစွဲ ရော်နယ်ဒို လေး ကိုလဲ ခိုက်တယ်...”

“သိတယ်လေ ဒါကြောင့် ကောင်မလေး တွေ ကြိုက်ကြလွန်း လို့ ရော်နယ်ဒို နဲ့ ခပ်ဆင်ဆင် ရော်နယ်မျိုး လို့ နာမည်ပြောင်းမလား စဉ်းစားနေတယ်”..မောင်မျိုးက ဝင်နှောင့် လိုက်၏...

“ဟေ့ ဟိုနှစ်ယေက် အထုပ်တွေနဲ့  အလုပ်ရှုပ်နေတာ ဘာတွေလဲ ငါ့အတွက်လက်ဆောင်တွေ လား ?”

အိမ်မက်မဲ က အထုပ် တွေနဲ့ အလုပ် ရှုပ်နေသော စိုးမြနန္ဒာသက်လွင် နှင့် မွန် တို့ နားသွားရင်း မေးလိုက်၏..
စိုးမြနန္ဒာ ကလဲ ခေသူမဟုတ် ဘလော့ဂ် တကာ လှည့်ပြီး ဆီဗုံး မှာ အော်တတ်သူ ပီပီ...

“ဟဲ့ ဒါက ငါနဲ့ မွန် တို့ ကျောင်းတက် တဲ့ တိုင်းပြည်မှာ အေးလို့ ဝတ်ဖို့  ဆွယ်တာ တွေ ဝယ်လာတာ နင့်ကို ဘာလို့ ပေးရမှာလဲ.. ပေးချင်း ပေးရင် နင်ကယောင်္ကျားလေး ငါတို့ ကို တောင်ပြန် ပေးရအုံးမယ်”...

“အေးလေ ဟုတ်သားဘဲ စိုး ပြောတာ မှန်တယ် သွား သွား လာမရှုပ် နဲ့ ”

မွန်ကလဲ စိုးပြောတာ ထောက်ခံရင်း အိပ်မက်မဲ ကို မောင်းထုတ် သဖြင့်....

“ငါ ကျောင်းသွား တက်မယ့် နေရာ ကနင်တို့ ကျောင်းတက်တဲ့ နိုင်ငံတွေ ထက်တောင် အေးသေး နင်တို့ မပေးလဲ နေပေါ့ ငါ့ချစ်ချစ် လေးက ငါ့အတွက် အကုန် လက်ဆောင်ဝယ် ပေးပြီးသား တော်ပြီ သွားအိပ်တာ ပဲကောင်းတယ် အားလုံးပဲ သွားပြီဟေ့ အိပ်တော့မယ်”...

အိပ်မက်မဲ ပွစိ ပွစိ ပြောရင်း လှည့်ထွက် သွားတော့သည်...

“ညီမလဲ သွားအိပ်တော့မယ် အမ တို့ မြန်မြန် လာနော် ယုန်လေး တယောက် ထဲ ကြောက်တယ် ဗျ”

ယုန်လေး ဆိုတဲ့ နာမယ် နဲ့ လိုက်အောင် အေးဆေးသူ ယုန်လေး လဲ ကြောက်ကြောက်နှင့် အခန်းထဲ ဝင်သွား ပြန်၏...ထိုက်မင်း ကတော့ သူ့ ကတုံး ဆံပင်ပေါက် ကိုလက်နှင့် ပွတ်လိုက် မျက်မှန် ကိုပင့်တင်လိုက် နှင့် သူ၏ သွားလေရာ ပါသော လက်တော့ပ် တလုံး နှင့်အလုပ် ရှုပ်နေ သည်..အသဲကွဲ ချင်ယောင် ဆောင်၍ ကဗျာတွေ စာတွေ ရေးတတ် သော နွေမုန်တိုင်း ကလဲ မေးစေ့လေး ကိုပွတ်ရင်း မကြာခင် လက်ထပ်တော့ မည့်ချစ်သူကို တွေးတော နေပုံဖြင့် ငြိမ်သက် နေလေသည်.....။

“ကဲ ကဲ စားပြီးသောက်ပြီးရင်လဲ အားလုံး သွားနား ကြတော့ ဒီနေ့ က အကုန်လုံး လဲ ခရီး ပန်းလာတယ် ဆိုတော့ စောစော အနား ယူထားရင် ကောင်းမယ် ဘယ်အချိန် မှာ ဘာတွေ ကြုံရမလဲ ဆိုတာ သိနိုင်တာမဟုတ်ဘူး ရတဲ့ အချိန် လေး နားကြ ကိုယ်လဲ ဒိုးပြီ ဟေ့”...
ဟု ပြောလိုက်ရင်း လင်းထက် လည်းမိမိ တို့ အခန်း ရှိရာ ပြန်လည် ဝင်ရောက် လာခဲ့ပြီး အိပ်ရာပေါ် ပစ်လှဲ လိုက်တော့သည်...အခန်းတွင်းမတော့ အိပ်မက်မဲ ကော စားသောက်၍ ဗိုက်လေး နေပုံရသော ရာဇာ ကော ခြေပစ်လက်ပစ် အိပ်ပျော်နေ ကြပြီ....။

ဒီလိုနှင့် ဒီအိမ်ကြီးကို သူတို့ အုပ်စုတွေ လာရောက် စုစည်း ရခြင်း အကြောင်း ကို ပြန်လည်၍ တွေးတော နေမိ တော့သည်....။

မေမြို့၊ ပြင်ဦးလွင်၊ တောင်လှေခါး၊ ပန်းမြို့တော်၊ နှင်းမြို့တော် ဟုအမည် သညာ ခေါ်တွင်သော မြို့ လေး သည် အင်္ဂလိပ် တို့ နွေရာသီ အပူဒဏ် မှခိုလှုံရာ မြို့ ကလေး ဖြစ်ခဲ့ဖူးပါသည်..ဂျပန် များ မြန်မာ ပြည်ကို သိမ်းသော အခါ တွင် ဤမြို့ ကလေးတွင် နေထိုင်ကြသော အင်္ဂလိပ် များ မိမိ အိမ်တွင် မိမိ ကိုယ်ကို သတ်သေ မှုများ အများ အပြား ဖြစ်ပွား ခဲ့သလို ဂျပန် တို့ လက်ချက် ဖြင့်လည်း သေဆုံးရသူ ပေါင်း များစွာ ရှိခဲ့ပါသည်....ထို့ ကြောင့် အင်္ဂလိပ်ခေတ် လက်ကျန် အိမ်ကြီးများတွင် အသေဆိုး ဖြင့် မသေဖူး သော အိမ်ဟူ၍ မရှိသလောက် ရှားပါး ပါတော့သည်...။

နောင် လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင် အစိုးရ မှ ထိုအိမ်များ ကို ပြည်သူပိုင် သိမ်းယူ ခဲ့ ပြီးနောက် နန်းမြိုင်, ထင်းရှုးမြိုင်,ဂန္ဓမာမြိုင်,သော်ကမြိုင်,အစရှိ သဖြင့် မြိုင်နာမည်များပေးပြီး ဟိုတယ် များ အဖြစ် ပြောင်းလဲခဲ့ပါ သည်..(အခြား မြိုင်အမည်တွင်သော ဟိုတယ်များရှိပါသေးသည်၊ယ္ခု ရေးသားဖော်ပြခဲ့သည်မှာ ယင်းတို့ အနက် မှအချို့ သာဖြစ်ပါသည်)ထို ဟိုတယ် အားလုံး တွင် တည်းခို ဖူးသူများ၏ သရဲ၊ဝိဥာဉ် ပုံပြင်များ မှာဒဏ္ဍာရီသဖွယ် ပျံ့လွင့်လျှက်ရှိနေပါသည်..။

ယ္ခု ကျွန်တော် တို့ အုပ်စု ရောက်ရှိ တည်းခို နေသော အိမ်ကြီးမှာလည်း ထို မြိုင်များ ထဲက တစ်မြိုင် ဖြစ်ပြီး ဝိဥာဉ် များ၏ ခြောက်လှန့် မှု ကြောင့် လာရောက်တည်းခို သူများ ရှားပါး သွားသဖြင့် ၁၉၈၈ နောက်ပိုင်းတွင် အစိုးရမှ သိမ်းယူပြီး တပ်မတော် ဧည့်ဂေဟာအဖြစ် ပြောင်းလဲထားသော အိမ်ကြီး ဖြစ်ပါသည်..ကျွန်တော်တို့ ရောက်ရှိ ချိန်မှာ ပြင်ဆင် မွမ်းမံ ရန် ပိတ်ထား ချိန်ဖြစ်၍ တစ်အိမ်လုံး ကျွန်တော်တို့ အုပ်စုတစ်စု နှင့် ဒရဝမ် လင်မယား သာရှိနေပါသည်.....။

ဇာတ်လမ်း၏ အစကတော့ ထိုဟိုတယ်အဟောင်း ကိုပြင်ဆင် မွမ်းမံ ရန်တာဝန်ပေး ခံရသောကျွန်တော့် ၏ သူငယ်ချင်း တစ်ယောက် ပြင်ဆင်ရန် လိုအပ်ချက်များ ကြည့်ရှု့ ရန် သွားရောက် နေထိုင် စဉ် ကုတင်ပေါ်မှ ဆွဲချ ခံရခြင်း အခြားသော အမျိုးမျိုးအဖုံဖုံ ခြောက်လှန့် ခြင်းများ ကိုခံလာ ရပြီး ကျွန်တော့် အားလာပြောပြရာမှ...
မယုံကြည်သူများ ဖြစ်ကြတဲ့ အိပ်မက်မဲ,နွေမုန်တိုင်း,အိုင်လွယ်ပန်နဲအမရာ တို့ စုံတွဲ,
အအေးပိုင်းတွင် အနေကြာ သဖြင့် ရန်ကုန်နွေကိုမခံနိုင်ဘဲ အေးရင်ပြီးရော လိုက်လာသူ
ထိုက်မင်း,
မကြောက်ပါဘူး ကြောက်စရာဆိုပြီးလာ ပြောရင် ရီချင်တယ်ဆိုသူ အိမ်လေး,မွန်,စိုးမြနန္ဒာသက်လွင်,
ကြောက်မွှေးပါရင် ကြောင်ခေါင်းဖြတ်စက်နဲ့ ဖြတ်ပြစ် မယ်ဆိုသူ မောင်မျိုးခေါ်ကြောင်မျိုး,
ကြောက်သော်လည်း သရဲကားဆိုလျှင် လက်နဲ့ ကွယ်ပြီးလက်ကြားထဲမှ ပြီးအောင် ကြည့်တတ်သည့် မမေ,မေမိုး,
အကိုတွေ အမတွေ သွားမည်ဆိုလျှင် ငရဲပြည် ဖြစ်ပါစေ လိုက်မည် ဟူသည့် ရာဇာ,ယုန်ကလေး,
တို့ စုစည်းပြီး ဝိဥာဉ်များ ကိုလာရောက်ရှာဖွေ ကြခြင်းဖြစ်ပါသည်...၊


ပထမနေ့ 
မနေ့ ညက ဒီကိုလာရသည့် အကြောင်း ကို တွေးနေ မိတာရော အိပ်ရာပြောင်း မို့ လို့ ကတကြောင်း ည ၁ နာရီ ကျော်လောက်မှ အိပ်ပျော် သွား၍ မနက်၈နာရီကျော်မှ ပဲ လင်းထက်တယောက်နိုးလာ၏ နိုးလာ ချိန်တွင် အခန်း ထဲမှာ မည်သူမှမရှိတော့ ဒါနဲ့ ကမန်း ကတန်း မျက်နှာသစ် သွားတိုက်ရင်း တစ်ယောက် ထဲ တွေးမိတာက

...“အင်း ပထမ ဆုံးတည တော့ အေးအေးချမ်းချမ်း နဲ့ ပြီးသွား ပြီ ငါ့သူငယ်ချင်းပြောတာ ဟုတ်ရဲ့လား တော့မသိပါဘူး မဟုတ်တော့လဲ ဒို့ မောင်နှမတွေ အပျော်ခရီးပေါ့”

အားလုံး ပြီးစီး ၍ အောက်ထပ် ဆင်းသွားပြီး စားသောက်ခန်း ထဲ ဝင်လိုက်ချိန် မှာတော့.....

“ဟော ကိုလင်းထက် လာပြီ မေးဖို့  ကသူတယောက်ပဲ ကျန်တော့တယ်”

“ဟင် ဘာလဲဟ အိမ်လေး ရဲ့ အလန့် ထညှက်နဲ့ ”

မေမိုးက...“ကဲ ယုန်ကလေး ရေ ပြောပြလိုက် ဘာလဲဆိုတာ”....

“ဒီလို ကိုလင်းရဲ့ ညက ယုန်လေး လေ အိပ်ပျော် သွားပြီး ရုတ်တရက် လန့် နိုးလာတယ် လက်မှာ ပတ်ထားတဲ့ နာရီ ကို ကြည့်လိုက်တော့ ည ၂ နာရီ အတိပဲ အဲဒီအချိန် မှာပဲ အောက်က ဒီစားသောက်ခန်း ထဲမှာ ခုံတွေ ရွှေ့  သံ ကိုကြားတယ် ခဏနေတော့ အပေါ်ထပ် ကို လှေကား အတိုင်းတက်လာတဲ့ ရှုးဖိနပ် သံကြားပြီးလှေကား ထိပ် လောက် ရောက်တော့ ပျောက်သွားတယ် ယုန်လေး က အစ်ကို တို့ ထဲက တယောက်ယောက် အောက်မှာသောက်ပြီးတက်လာတယ် အောက်မေ့ လို့ အခု မေးကြည့်တာတော့ တယောက်မှမဟုတ် ဖူးတဲ့ ဒါကြောင့် ကိုလင်း ကိုမေးမလို့ စောင့်နေတာ”

ကျွန်တော့် အထင်မှား သွားပြီဆိုတာ ဒီအချိန်မှာ သိလိုက် ပါပြီ ဘာလို့ လဲဆို ကျွန်တော် ညက အောက်မှ မဆင်း ပဲကို ကျန်တဲ့ လူတွေလဲ မဟုတ်ဖူး ဆိုတော့...

“အိမ်စောင့် လင်မယား ကိုရော မေးပြီး ပြီလား”

“ဟုတ်ကဲ့ အကို ကျွန်တော် မေးပြီး ပြီ သူတို့ ကဒီအိမ်ပေါ် ကိုည ၂ နာရီမပြောနဲ့ နေ့ လည် နေ့ ခင်းတောင် မတက် ရဲ ဘူးတဲ့ပြောတယ်”..

အိပ်မက်မဲ ရဲ့စကားကို နားထောင်ပြီး ကျွန်တော် ခေါင်းညိတ်မိတယ် ဒါဟာ ကျွန်တော့် သူငယ်ချင်း ပြောပြတဲ့အထဲမှာ ပါတဲ့ ဒီအိမ်ရဲ့မိတ်ဆက် ကြိုဆိုနည်း ပဲ...

“ကဲ ကဲ ကြောက်အောင်ခြောက်တာတော့ မဟုတ်ဘူး ငါတို့ ကိုတော့ သူတို့ က ကြိုဆိုနေ ပြီကွ ဒီတော့ အားလုံး သတိဝီရိယနဲ့  နေတာ အကောင်းဆုံးပဲ လောလောဆယ်တော့ မြို့ ပတ်လည်ကြမယ် အားလုံး အဝတ်အစား လဲပြီး သွားကြမယ်”....။

ထိုနေ့ ကတနေ့ လုံး သူတို့ အုပ်စု လျှောက်လည် ပတ်ကြသည် မိန်းကလေး အုပ်စုက တော့ ပွေးကောက် ရေတံခွန် ရောက်တော့ ဓါတ်ပုံတွေ တဖျပ်ဖျပ် ရိုက်ရင်း စတိုင် ထုတ်နေ ကြသည် ယောင်္ကျားလေးများ ကတော့ မက်မန်းဝိုင် များ ကားနှင့် အပြည့် ဝယ်တင်ကြသည်....။

ညနေ ပိုင်း မြို့ ထဲမှာ ပဲ ညစာစားလိုက်ပြီး အိမ်ကြီးကို ပြန်ရောက် ချိန်တွင်တော့ အတော်မှောင်စပြုနေပြီ ထို အချိန်တွင်တော့ အားလုံး၏ စိတ်ထဲ တွေးတော နေမိသည်က ယနေ့ ည ဘယ်လို အဖြစ်မျိုး နဲ့ ကြုံတွေ့ ရမလဲ ဆို တာ ပါပဲ....။

ဒီနေ့ ညတော့ လူတွေက သိချင် စူးစမ်း ချင် စိတ်တွေနဲ့  အိပ်မပျော်နိုင်ကြ အားလုံး ရဲ့စိတ်ထဲမှာ လဲ မတိုင်ပင် ထား ပေမဲ့ ည၂ နာရီလှေကား ပေါ်တက်လာ မည့်အသံရှင် ကိုစောင့်ကြည့်မည်ဟု အားလုံး၏ စိတ်ထဲမှာ တွေးတော နေမိ ကြ၏...

ည၁၂နာရီခန့် ရှိပြီ အခန်းတွင်း တွင် ဆက်၍ တည်ရှိ နေသော အိမ်သာ ထဲမှ ထွက်လာ သည့် ထိုက်မင်း တယောက် ပြုံးစိစိ ဖြင့် ကျွန်တော့် အနားကပ်လာ ပြီး....

“ကိုလင်းကြီး နွေမုန်တိုင်း နဲ့ မောင်မျိုးတို့ ကတယ်လျင် တဲ့ လူတွေပဲဗျ အကိုရ ”

“ဟ ဘာလဲဟ မင်းမင်း ရဲ့ မင့်ဟာက အစမရှိ အဆုံးမရှိနဲ့  ဘာတွေလျင်တာလဲ လုပ်စမ်းပါအုံး”

အိပ်မက်မဲ နှင့် ရာဇာလည်း စိတ်ဝင်တစား ဖြင့် ကျွန်တော် တို့ နှစ်ယောက် နားကပ်လာ၏

“ဟက် ဟက် အခုလေ ကျွန်တော် အိမ်သာ ထဲ ဆီးသွား နေတုန်း ကျွန်တော် တို့ အိမ်သာ ခန်းနဲ့ ကပ်ရက် ကလဲ သူတို့ အိမ်သာ ခန်းမဟုတ်လား အဲဒီ အခန်းထဲ က မိန်းကလေး တယောက် စကားပြောသံ ကြားတယ်ဗျ ပြီးလည်း ပြီးရော ကောင်မလေး က ငိုနေတယ်ဗျ....”

ဟင်.. ကျွန်တော် အနည်းငယ် ထိတ်လန့် သွားမိတယ် တခြားကြောင့်တော့ မဟုတ် ဒီ ၂ ယောက်ထဲ မှာ နွေမုန်တိုင်း ကတော့ လက်ထပ်တော့ မယ်ဆိုတာ ကိုယ့်အုပ်စုထဲ က ညီမတွေ သိထားပြီး သားမို့ သူနှင့်ဘာမှ မဖြစ်နိုင် မောင်မျိုး ကတော့ လူငယ်ခြေသွက်လက်သွက် ဆိုတော့ ကောင်မလေး တွေထဲ ကတယောက်ယောက် နဲ့ များ.....၊အကုန်လုံးကတော့ ကလေး တွေ မဟုတ်ကြသည့် အတွက်သူတို့ ချင်းအဆင်ပြေရင် ပြီးတာပါပဲ ဒါပေမယ့် ငိုနေတယ် ဆိုတော့.....။

ကျွန်တော် တွေးရင်း ဝုန်းကနဲ ထရပ်လိုက် မိသည် ဘေးကသုံးယောက်ကလဲ အလန့့် တကြားဖြစ်သွားပြီး

“ဘာဖြစ်တာလဲအကို လန့် လိုက်တာဗျာ”

သုံးယောက်သား ပြိုင်တူ ဝိုင်းမေး ကြတာကို ပြန်မဖြေ အားပဲ

“ကဲ အားလုံး ငါနဲ့ လိုက်ခဲ့ကြ”
ပြောပြောဆိုဆို ကျွန်တော် ကဦးဆောင်ပြီးမိန်းခလေး များ အခန်းကို ချီတက်သွား ကြ၏
အခန်းရှေ့ ရောက်တော့..ဒေါက် ဒေါက် ဒေါက်,
တံခါး ခေါက်သံနှင့် မရှေးမနှောင်းပင် တံခါး ပွင့်လာပြီး မျက်လုံးများ အပြူးသား ဖြင့် ကြည့်နေကြသော မိန်းကလေး များ ကိုတွေ့ လိုက်ရသည်...။

မွန် က “ဟင် ကိုလင်းတို့  ဘာဖြစ်လာ ကြတာလဲ ဗျ”

ကျန်မိန်းကလေး များကလဲ ထိုအဓိပ္ပာယ် ရသော မျက်ဝန်းများ ဖြင့် ကြည့်နေကြသဖြင့်

“ဘာမှမဖြစ်ဖူး အကုန်လူစုံ အခန်း ထဲမှာ ရှိတယ်နော်?”

မေးရင်းနဲ့ လူတွေ ကို စစ်ကြည့်လိုက်တော့ အကုန်လုံး အခန်း ထဲမှာ ရှိနေတာ ကို တွေ့ လိုက်ရတယ်..။
ဒါဆို ဒီလူ တွေ အခန်းထဲ ဘယ်ကမိန်းကလေး ရောက်နေ တာလဲ ဒီလူတွေ များ ပျော်ချင် ပါးချင်လို့ ကျွန်တော် တို့ မသိအောင် ညဥ့်ငှက် မလေး များ ခေါ် ထည့်ထား တာလား ဒါပေမယ့် လဲဒီလို တော့ မထင်ပါ အားလုံး မောင်နှမတွေ လို လာကြသဖြင့် ညီမ၊အမ များပါလာ သည့်ခရီးတွင် ဒီလူများ ဤသို့ လုပ်မည်မဟုတ် ဟု ကျွန်တော် ကိုယ့်ညီအကို များပေါ် တွင် ယုံကြည်ပါသည်။

တွေးတော နေတုန်း လှေကားမှ တက်လာသော မောင်မျိုးနှင့် နွေမုန်တိုင်း ကိုတွေ့ လိုက်ရပါသည်...

“ဟား ဟား ဘာလုပ်နေ ကြတာလဲ သရဲ ကိုစောင့်နေတာလား မောင်မျိုးအောက်မှာ ထိုင်စောင့်နေတယ် ဘယ်ကောင် မှမလာရဲ ဘူး မကြောက်နဲ့  လာရင် ကြောင်ခေါင်း ဓါးစက်နဲ့ ခေါင်းဖြတ် ပြစ်မယ်”

အမြဲတမ်း နောက်ပြောင် ပြီး ဗလွတ်ရွှတ်တ ပြောတတ်သူမောင်မျိုး က အထက်ပါအတိုင်း နောက်ရွှတ်ရွှတ် ပြောလိုက်ပါတယ်....
ဒါနဲ့  ကျွန်တော် လည်း
“ညီမတို့ ဘာမှမဟုတ်ဘူး အိပ်အိပ် အခန်းတံခါး လဲ သေချာ ပိတ်ထား”

ဟုပြောရင်း မောင်မျိုးတို့ နှစ်ယောက် ကိုမျက်ရိပ်ပြပြီး သူတို့ အခန်းရှေ့ ကိုခေါ်လာပါတယ်..အခန်းရှေ့ ရောက် တော့
“ညီလေး မင်းတို့ အခန်း ထဲဘယ်သူရှိလဲ”

“ဟာဗျာ အကိုလင်းထက် ကလဲ ဘယ်သူ ရှိမလဲ ကျွန်တော် တို့ နှစ်ယောက် ရှိတာပေါ့ သိရဲ့သားနဲ့ ”

အိပ်မက်မဲ က“ မဟုတ်သေးဘူး ကွ မင်းတို့ အခန်း ရေချိုးခန်း ထဲမှာ ကောင်မလေး တစ်ယောက် စကားပြောသံ ပြီးသွားတော့ ငိုနေတဲ့ အသံကို ထိုက်မင်း ဆီးသွား ရင်းကြားလို့ ”

“ဟုတ်တယ်ဗျ ကျွန်တော် အသေအချာ ကို ကြားလိုက်တာ နံရံမှာတောင် နားကပ် ပြီးနားထောင်လိုက်သေးတယ် ပီပီပြင်ပြင် ကိုကြားရတာ”

ထိုအခါ နွေမုန်တိုင်း က အခန်းတံခါး ကိုသော့ဖွင့်ပေးရင်း

“ကျွန်တော်တို့ အောက်ကဧည့်ခန်း မှာ မက်မန်းဝိုင် မြည်းရင်း ထိုင်စကား ပြောနေတာ ည ၉ နာရီလောက် ကတဲ ကဗျ အခုမှ အကိုတို့ အသံတွေ လဲ ကြား အိပ်လဲ အိပ်ချင် လာတာနဲ့ ပြန်တက်လာတာ”

ဒါနဲ့ ကျွန်တော်တို့ တစ်အုပ်စုလုံး တခန်း လုံးမွှေနှောက်ရှာပါတယ် ရေချိုးခန်း ထဲ ရှာတာလဲ မတွေ့ ပါဘူး

“ကိုလင်းကြီး ဒါ ဒါ ဒါဆို ကျွန်တော် ကြားလိုက် ရတဲ့ အသံက”

ထိုက်မင်း တယောက် ပြောလက်စ စကား ကိုမဆက်နိုင်တော့ ပါဘူး သူ့ မျက်နှာ တခုလုံး လဲ ဖြူဖွေး လို့ 
ကျွန်တော် တို့ အားလုံးလဲ တယောက်မျက်နှာ တယောက် ကြည့်ပြီး တိတ်ဆိတ် နေမိကြပါတယ်...။

ထိုတိတ်ဆိတ် ခြင်းကို ရုတ်တရက် ဖြိုခွင်းလိုက်တာကတော့ မိန်းကလေး တွေ အခန်း ဘက်ကထွက်လာတဲ့ အော်သံတစ်ခုပါ အားးးးးးးးးးးးးးးးးးးးး

14 comments:

  1. အစ်ကိုကြီးရေ..ဇာတ်လမ်းကတော့ အရှိန်တက်နေပြီ ကြိတ်ထား... ကျွန်တော်ပြန်ရောက် ရင် ပရိုဂျူစာလုပ်ပြီး ရုပ်ရှင်ရိုက်ပေးမယ်...။ တကယ်လက်လန်တယ်..မရေးမရေးနဲ့ ရေးမဲ့ရေးတော့လည်း လက်စောင်းက ထက်လှချည်လား အစ်ကိုရယ် :)

    ReplyDelete
  2. ကိုလင်းရေ အပိုင်း၂ ဆိုလိုလာဖတ်တယ်..အခုတော့အိမ်ထဲက လိုလဲမအော်ရဲဆောင်အောက်မှာပုန်းရပြီ :P ကောင်းတယ်ဗျား… မြန်မြန်လဲဆက်အုံးနော်.. ဘာတွေဖြစ်မလဲသိချင်နေပြီ်..  

    ReplyDelete
  3. Koung khan york ma set yan det..,

    This posts made me felt to see in my eyes like watching movie.., It's purely your written skills..,

    Wish all the blogger gather together one day.., innnn One daaaaaaaaaaaaaayyyyyyyyyyyyyyy. ><

    Soe Mya Nandar Thet Lwin

    ReplyDelete
  4. အကိုလင်းထက်ကြီး ဇာတ်လမ်းကတော့ဟုတ်လာပီနော်...း) အရှိန်ကတော့ မသေတော့ဘူး ဘရိတ်တောင်မနည်းအုပ်လိုက်ရတယ် မမိလို့လေ...းP
    အကြောက်ဘူးဗျ အိမ်လေးကအဲဒါတော့ ဟဲဟဲ သိတယ်ဟုတ်...း) အော တရဲ ကိုပြောတာပါ တော်ကြာနာ့အကိုကြီးခေါင်းစားသွားဦးမယ် ဟိ

    ReplyDelete
  5. တော်လိုက်တဲ့ဒါရိုက်တာ..မေ သူရဲကားကြည့်
    ရင်ဘယ်လိုကြည့်ရတယ်ဆိုတာကိုတောင်
    တွေးကြည့်တာနဲ.သိတယ်။ဟီး...ကြောက်
    စရာကြီး...ဘာတွေဆက်ဖြစ်မှာလဲ..သိချင်
    နေပြီဒါရိုက်တာကြီးရေ။

    ReplyDelete
  6. ဇာတ်လမ်းကကောင်းနေပါတယ်ဆိုမှ မီးကပျက်သွားတယ်။ မီးစက်နှိုးပါဗျို့။ သတင်းကြားတာတော့ ဒီရှုပ်ရှင်ဇာတ်လမ်းက တစ်လ ကြာပြမယ်တဲ့ဗျို့။ သည်းခံပြီးတော့စောင့်ကြဗျို့။

    ReplyDelete
  7. ဆက်ရန် မြန်မြန်ရေးပါဗျိုး ။ BTW အသဲစွဲက ရော်နယ်ဒို ဟုတ်ဘူး ၊ သရဲကားမကြည့်တာတော့အမှန်ပဲ။ဟီးဟီး

    ReplyDelete
  8. ဟေးပြောရဦးမယ်......
    အမရာကသရဲမကြောက်တတ်ဘူး
    အမြဲတမ်းသရဲကားဘဲကြည့်တာ..........
    အမရာကြည့်လွန်းလို့ကြည့်စရာ
    သရဲကားအသစ်တောင်မရှိတော့လို့
    စိတ်ညစ်နေတာအခုတော့အိုကေပဲ
    ဖတ်စရာသရဲကားရပီ...............
    ဆက်ဦးလေ............

    ReplyDelete
  9. တိတားပဲ.. ဒါတွေ ဇွတ်တင်တော့မယ်ဆိုတာ.. ညီအကိုချင်းမစာနာ.. တစ်ယောက်တည်းနေတဲ့ ကောင်ဆိုပြီး တားတားကို တူရဲ ကြောက်အောင် ဒါတွေ ဇွတ်ရေးတယ်။ တူရဲဆို ဗီဒီယိုတောင် ကြည့်တဲ့ကောင်မဟုတ်ဘူး။။ ဘုရားမရှိခိုးတဲ့သူဆိုတော့ ကိုယ့်ဟာကို သိတယ်လေ ခုဆို မီးဖွင့် အိပ်နေရပြီလေ ..

    ReplyDelete
  10. ဇာတ်လမ်းကတော့ မသန်းဗျို့...
    ဆက်ရန် လေးရှိရင် ကြေငြာမ၀င်ပဲ
    လုပ်ပါအုံးနော်...
    အားပေးနေမယ်ဂျ.... :)

    ReplyDelete
  11. ကျော်လင်းထွန်းApril 21, 2008 at 2:15 AM

    good တယ်ဗျို့  နားကြားပါရစေ
    ဆရာစား မချန်ပဲ သင်ကြားပေးပါအုံး
    အားပေးတယ်ဗျို့  ကြိတ်ထား ဇတ်ရှိန် တတ်နေပြီ

    ReplyDelete
  12. ဟာ.. ဒီနေ့မှ ထိုက်မင်းနဲ့ ပါတ်သက်လို့လိုက်ရှာတယ်..ကိုလင်းထက်ကြီး ကျွန်တော့်နာမည်ကိုပါ ဇတ်လမ်းထဲ ထည့်ထားတာကို.. ကျွန်တော် ၀င်မဖတ်သေးပါဘူး. သူရဲဆိုလို့ ..၀င်မဖတ်တာ.. ဒီနေ့မှ ထိုက်မင်းကို ဂူဂလင်းလုပ်ရင်း ထိုက်မင်း ကတုံး စံပင်ကို ပွတ်ရင်းဆိုလား.. ပေါ်လာလို့ ဘာတွေရေးထားပါလိမ့် အောင်းမေ့ပါတယ်.. ကိုလင်းထက်ရာ... အားမှ အကုန် လာဖတ်ဦးမယ်

    ReplyDelete
  13. ထိုက်မင်း ကတော့ သူ့ ကတုံး ဆံပင်ပေါက် ကိုလက်နှင့် ပွတ်လိုက် မျက်မှန် ကိုပင့်တင်လိုက် နှင့် သူ၏ သွားလေရာ ပါသော လက်တော့ပ် တလုံး နှင့်အလုပ် ရှုပ်နေ သည်..

    ဟားဟား ။ မှန်လိုက်တာဗျာ.. အဲပုံစံပဲ ခုတစ်လော ကတုံကလဲ ပွတ်လို့ ကောင်းမှကောင်း၊ လက်တော့ပ် ပျက်လို့ ပြင်တယ်ပြောစမ်းပါ.. ဒီမှာ အမြဲ ပျက်နေလို့ ပြင်နေရတယ်.. သွားပြီ ဆွဲသွားပြီ။ ကြောက်တော့ဘူး.. ဘယ်တော့ ထပ်တင်မှာလဲ.. ဆွဲသွားပြီ ကိုလင်းဗျို့.. အပိုင်း၃ကို စောင့်နေပါ၏. အင်းပေါ့လေ .ရည်းစားမရှိသေးတဲ့ သူဆိုတော့လည်း ဟို အတွဲလို အခန်းရှယ်ခန်းဘယ်ရပါ့မလဲး( အင်္ဂလိပ်ကားတွေထဲကလို ဟိုဟို.. ကောင်မလေးတွေနဲ့ Swap လို့ မရဘူးလားဟင်... ဟက်ဟက် .. ခုဟာ က ဒိတ်အောက်နေသလားလို့ ဟဲဟဲ.. ခေတ်ဆန်ဆန်လေးပေါ့..

    ReplyDelete
  14. ခြေသံကြီးတက်လာတယ်ဆိုတော့ ကြက်သီးတောင်ထတယ်.. အော်... ဇာတ်သိမ်းပိုင်းမှာ ဟိုသရဲမနဲ့ ရေတူတူချိုးနေတဲ့သူအစားအကြောက်ဆုံးပဲ.. အားလုံးထဲမှာသူအခြောက်ခံရတာ အဆိုးဆုံးလိုပဲ..

    ReplyDelete