Blogger news

Tuesday, April 15, 2008

ဝိဥာဉ် ရှာ ဖွေသူများ


ကုန်းမြင့်ကလေး ပေါ်ရှိ ကြီးမား ကျယ်ဝန်း လှသည့် ခြံကြီး တခုအတွင်း တည်ရှိ နေသော အင်္ဂလိပ်ခေတ်လက်ကျန် အုတ်တိုက် နီနီကြီး ရှိရာသို့ တိုယိုတာ ဟိုက်အေစ့် အမျိုးအစား ကားတစီး အရှိန်ပြင်းပြင်း ဖြင့်မောင်းဝင် လာပြီး တိုက်ကြီး ၏ ဆင်ဝင် အောက်တွင် ထိုးရပ်လိုက်၏.....၊
အချိန်ကတော့ မနည်းလှတော့ ည ၈ နာရီကျော်စ ပြုပြီ၊ထို့ နောက် ကား၏ ဘေးမှ လျှောတံခါး ပွင့်သွားပြီး လူများဆင်းလာကြသည်...သူတို့ ၏ ပုံစံများက တနေကုန် ခရီးပြင်း နှင်လာ ရသဖြင့် ပင်ပန်း နွမ်းနယ် နေကြဟန်ရှိ၏......။

ပထမဆုံးဆင်းလာသူက ကားအတွင်း သို့ လှည့်၍...“ရာဇာရေ ကိုယ်အထဲဝင် ပြီး မိုက်ကန်းတို့ အိပ်မက်မဲတို့ရောက် နေပြီလား သွားကြည့်လိုက်အုံးမယ်”....“ဟုတ်..မြန်မြန် လေးနော် ကျွန်တော် အထုပ်တွေအောက်ချထားလိုက် မယ် ”..ရာဇာ ထံမှအဖြေ ရသည်နှင့် လင်းထက် လည်းအိမ်ဝင် တံခါး မှတဆင့် အိမ်ထဲ လှမ်းဝင်လိုက်ပြီး ဟို ဟို ဒီ ဒီ လျှောက်ကြည့်သော်လည်း လူမပြောနှင့် ခွေးတကောင် ကြောင်တမှီး မှ မတွေ့ ရ ၊ထွန်းထားတဲ့ ၄၀ ဝပ်အားခန့် သာရှိဟန်တူသော မီးလုံး ကလေး၏ခပ်မှိန်မှိန် မီးရောင်အောက်တွင်တွေ့ ရသည်က ဝင်ပေါက် တံခါးမကြီး၏ တည့်တည့် တွင် အိမ်ပေါ်သို့ တက်သည့် ကျွန်းသားလှေကားကြီး တစင်း , ညာဖက် တွင် စားပွဲခုံအများအပြားနှင့် ထမင်းစားခန်း ဖြစ်ဟန်တူ သည့်အခန်းတခန်း , ဘယ်ဖက်တွင် မီးလင်းဖို နှင့်တွဲထားသော ဆိုဖာဆက်တီ များရှိသည့် ဧည့်ခန်းဖြစ်နိုင်သည့် အခန်းတခန်း တို့ ကိုသာတွေ့ လိုက်ရပါသည်.....။

အိမ်ကြီး တအိမ်လုံး မီးရောင် မှိန်မှိန် အောက်တွင် ချောက်ခြားဖွယ် ရာ တိတ်ဆိတ် ခြင်းကသာ စိုးမိုးထား လေတော့သည်၊ဒါနှင့်လှေကားအတိုင်း တက်သွား ပြီး လှေကား အဆုံး ညာဖက် တွင် အခန်းတခန်း ၏ တံခါးက ပွင့်လျှက်သား ဖြစ်နေ သဖြင့် အထဲသို့ ကြည့်လိုက် ရာ ...တွေ့ လိုက်ရသည့် မြင်ကွင်းကြောင့်
“..ဟေ့..တယောက် မှ မလှုပ်နဲ့ ..”
လင်းထက် ၏ ခပ်မာမာ အမိန့် ပေးသံ အဆုံးတွင် အခန်းတွင်း တွင် ဘီယာ ဘူးကိုယ်စီနှင့် လက်ထဲ တွင်လည်း ဖဲချပ် ကိုယ်စီ ကိုင်ကာ စိတ်ဝင် တစားဖဲရိုက် နေကြသော အိပ်မက်မဲ,မိုက်ကန်း,ထိုက်မင်း,မောင်မျိုးတို့  အထိတ်တလန့် ဖြစ်သွား ကြ၏.....။


ဟာ “လန့် လိုက်တာ ကိုလင်းကြီး ရာ အသံမပေးဘာမပေးနဲ့ ”
ထိုက်မင်း ၏ စကားသံအဆုံး
အိပ်မက်မဲ က
“ကိုလင်း ,ရာဇာရော မပါလာ ဘူးလား”....

“ပါပါ့ဗျာ အောက်မှာ ပစ္စည်းတွေ ချနေတယ်”.....၊

“ဒါနဲ့ ဟိုမိန်းကလေး တွေ အဖွဲ့ ကော မတွေ့ ပါလား?”

ကြောင်မျိုးခေါ် မောင်မျိုးက..“မမေ နဲ့ မေမိုး တို့ ကတော့ တိုဟူးနွေး စားမလို့ ဆိုပြီးထွက်သွားကြလေရဲ့....စိုးမြနန္ဒာနဲ့ အပရမ်းတစ်ရှစ် လို့ ခေါ်တဲ့ မွန် တို့ ကတော့ လည်သာ ဖိနပ်အော်ဒါမှာ မလို့ ဆိုပြီး လိုက်သွား ကြတယ်”...။
“ဒါဆို..အိမ်လေး နဲ့ ယုန်လေး ကော ?”
ဘီယာ မော့နေတဲ့ မိုက်ကန်းခေါ်နွေမုန်တိုင်းက သောက်လက် စ ဘီယာဘူးကို အသာချလိုက် ပြီး.. “ကျွန်တော့်ကို ပြောသွားတာတော့ ဟို အိုင်လွယ်ပန်နဲ့ အမရာ တို့ စုံတွဲ လမ်းလျှောက်ထွက်မယ်ဆိုလို့  လိုက်သွား အုံးမယ်လို့ ပြောတာဘဲ”...။

“အင်း..အင်း..ဒါဆိုလဲ ပြီးတာ ပဲကွာ ငါတို့ နေဖို့ အခန်းလဲ ပြပါအုံး ပစ္စည်းလေး ဘာလေး နေရာချရအောင်”... “ဟုတ် အကို လာလာ ဟိုဘက်က အခန်းမှာ အကိုတို့ အတွက် စီစဉ်ထား တယ်”..
ပြောပြော ဆိုဆို နဲ့ အိပ်မက်မဲ ကရှေ့ကထွက်သွား လို့ လင်းထက် လဲနောက်က လိုက်သွား လိုက်တယ်...အခန်းထဲ ရောက်တော့..အိပ်မက်မဲက..
.. “အပေါ်ထပ်မှာ အခန်းလေး ခန်းရှိတယ်ဗျ..အခန်း ကြီး နှစ်ခန်း နဲ့  အသေး နှစ်ခန်း လှေခါး တက်တက် ခြင်း ဘေး ဘယ်ညာမှာ အကြီးနှစ်ခန်း ရှိတယ် ဒီနှစ်ခန်း ရဲ့ ကပ်ရက်တွေမှာ အသေး တခန်းစီကပ် နေတယ် ဒီတော့အခန်းကြီး နှစ်ခန်းထဲက လှေကားနဲ့ ကပ်ရက် အောက်ထပ်ကထမင်းစားခန်းရဲ့အပေါ်တည့်တည့်အခန်းကြီးမှာ
ကိုလင်းရယ်,ကျွန်တော်ရယ်,ရာဇာရယ်,ထိုက်မင်းရယ်......၊နောက်အောက်ထပ် ဧည့်ခန်းအပေါ်တည့်တည့်ကအခန်းကြီး မှာတော့..မမေ,မေမိုး,အိမ်လေး,ယုန်လေး,မွန် နဲ့ စိုးမြနန္ဒာတို့ နေမယ်..သူတို့ အခန်းနဲ့ ကပ်ရက် အခန်းသေးမှာတော့ အိုင်လွယ်ပန်နဲ့ အမရာတို့ စုံတွဲ....၊ကျွန်တော်တို့ နဲ့ ကပ်ရက် အခန်းသေးကတော့ နွေမုန်တိုင်း နဲ့ မောင်မျိုးတို့ နေဖို့ ကျွန်တော် စီစဉ်ထားတယ်ဗျ”....။

သူတို့ အုပ်စုတွေ ဘာအကြံအစည် နဲ့ ဒီအိမ်ကြီး မှာ လာစုဝေး ကြတာလဲ..ဒီအိမ်ကြီး က ဘယ်မြို့မှာ ရှိတာလဲ သူတို့ တွေ ဘယ်လို အဖြစ်အပျက် မျိုးတွေ နဲ့ ကြုံတွေ့ ရမှာလဲ ဆိုတာ သိချင်သူများ ဆက်ပြီး စောင့်ဖတ်ကြပါ ခင်ဗျာ...။

7 comments:

  1. ကိုဦးတို့ ကိုနွေမုန်တိုင်းတို့ ကိုထိုက်မင်းတို့ ကိုမျိုးတို့ ပျောက်နေပါတယ်လို့။ အခုမှပဲသိတော့တယ် သူတို့က ဒီလိုကိုးးး။ ဘယ်သူခေါင်းဆောင်လဲဟေ့။ အင်းးး စာရေးသူကခေါင်းဆောင်ဖြစ်မယ်ထင်တယ်

    ReplyDelete
  2. ဒီလိုကြေးလား..။ ရတယ်...။ လူလည်းသူလုပ်မှ အရက်သမားလိုလို ဖဲသမားလိုလိုနဲ့ ပညတ်သွားရာ ဒါတ်သတ်ပါနော်..ဟဲ..ဟဲ။ ဆက်ရေး...။ စောင့်နေမယ်။ ဇာတ်ညွှန်းရေးစားပါလား တော်တော် အကွက်စိတယ်..။ အောင်မြင်နိုင်တယ် (မြှောက်ထားတယ်နော် ကောင်းကောင်းလေး..ဟီး :P)။

    ReplyDelete
  3. မြတ်စွာဘုရား...အိမ်ကြီးကကုန်းမြင့်ပေါ်မှာ..
    အင်္ဂလိပ်ခေတ်လက်ကျန်တိုက်နီနီကြီးတဲ့..
    ဒါရိုက်တာကြီးရေ...ကြောက်လဲကြောက်တယ်
    စိတ်လဲဝင်စားတယ်...ဘာတွေဆက်ဖြစ်မလဲ
    လို.။

    ReplyDelete
  4. အနက်ရောင်က တကယ်အရက်သမားကြီးလား :P အသဲပြတိုက်ရဲ့ဇတ်လမ်းမှာလဲသူက အရက်သမားဗျ <0_0>
    ကောင်းတယ် ဆက်ရေး မြန်၂ တော့လဲလုပ်ဗျ.. spirit မပါဘဲသွားနေရဒါ အသက်မပါလို့ :P :)

    ReplyDelete
  5. Oh my God..,

    Ghost, Monster ko scare ma pyit par buu so..,
    However v much interested to read in..,

    Keep rolling..,
    Soe Mya Nandar Thet Lwin

    ReplyDelete
  6. အမရာတို့အတွက်က
    အခန်းသေးဘဲလား...........
    ပတ်သနာမရှိပါဘူး...........
    အခန်းကကြီးတာသေးတာ
    အဓိကကျဘူး..........
    ဟီးးးးးးးးးးးးးးး

    ReplyDelete