Blogger news

Tuesday, April 1, 2008

ကူးချင်အုံးဟဲ့ ရေ

အချိန်က.....
၁၉၈၅...ခုနှစ် နွေရာသီ ရဲ့ ညဦးပိုင်း မှောင်စ ပျိုးချိန်.....
ရန်ကုန်မြို့ အင်းယား တံတားဖြူ အနီး က ကားလမ်းမ ပေါ်မှာ ကားမောင်း လာသူတွေ မျက်လုံးပြူး သွားစေတဲ့အဖြစ် အပျက် လေး တခု ဖြစ်သွားခဲ့တယ်..၊အဲဒီ အဖြစ် အပျက် ရဲ့ အဓိက ဇာတ်ကောင် ကို စုံစမ်း မေးမြန်းလို့ သိရှိ ရတာက ဒီလို ပါတဲ့.....။

အား...ပျင်းလိုက်တာကွာ..
စာမေးပွဲကြီး ပြီးလို့  အိမ်မှာ တယောက် ထဲ ထိုင်နေ ရင်း ကိုဦး တယောက် စိတ်ထဲ က ညည်းတွား နေမိတယ်..ဘာလုပ်ရင် ကောင်းမလဲ လို့ စဉ်းစားလိုက် တော့ ရာသီဥတု ကလဲ ပူလောင် အိုက်စပ် နေတာနဲ့ ရေသွားကူးဖို့ အကြံ ရလိုက်တယ်...၊ဘာကြောင့် လဲဆိုတော့ ကိုဦး အိမ်က အင်းယား တံတားဖြူ နားက စွပ်ကျယ်စက် လမ်းထဲမှာ အရင် ကျောင်းပြေး တိုင်းလဲ သွားသွား ကူးနေ ကျဆိုတော့ ချက်ချင်းဘဲ အကြံ အစည်ကို အကောင် အထည်ဖော် လိုက်တယ်....၊

ရေကူးနေကျ နေရာကိုရောက်တယ်ဆိုရင်ဘဲ ပြဿနာ ကစပြီ ဘောင်းဘီ တိုလေးနဲ့ ထွက်လာမိလို့ ရေကူးဖို့  ဘောင်းဘီ အပိုပါ မလာဘူး လေ....(အသက် ၁၁,၁၂ ခန့် သာရှိ သေး၍ အတွင်းခံ ဘောင်းဘီ သုံးတတ်သေးဟန် မတူပါ....ဤကားစာရေးသူ၏အထင်ဖြစ်ပါသည်..)ဒါပေမယ့် ကိစ္စ မရှိပါ ရေစပ်နား က သစ်ပင်ကြီး နားသွား၍ အင်္ကျီ နှင့် ဘောင်းဘီ ချွတ်ပြီး ရေထဲ ဆင်းလိုက် တော့ အားလုံး အဆင်ပြေသွား ပါတယ်......

ရေထဲ ဆော့ကောင်းကောင်း နဲ့ ဆော့နေ လိုက်တာ ၁နာရီလောက် ကြာတော့ အိမ်ပြန်ဖို့ သတိ ရလာတယ်...
ဒါနဲ့ အဝတ်အစားပြန်ဝတ်ဖို့ ရေစပ် က သစ်ပင် ကြီးဆီ သွားတော့..ကိုဦး မျက်လုံး တွေ ပြာကနဲ ဖြစ်သွားတယ်၊
သွားပြီ အဝတ် တွေ မရှိတော့ ဘူး ဘယ် အမျိုးကောင်းသား မသွားလဲ မသိဘူး...။

အဲဒီမှာ ပထမ ဆုံး ခေါင်းထဲ ဝင်လာတာက အိမ်ပြန် ရောက်ရင် အရိုက်ခံ ရတော့မယ် ဆိုတဲ့ အတွေး ရယ်..နောက် ဒုတိယ ကတော့ အရိုက်ခံဖို့  အိမ်ပြန် ချင်တာတောင် ဒီ အဝတ် ကင်းမဲ့နေ တဲ့ ခန္ဓာကိုယ် နဲ့ လမ်းတွေရပ်ကွက် ထဲတွေ ဘယ်လို ဖြတ်သန်း မလဲဆိုတာရယ် ဘဲ....၊ဒါနဲ့ မှောင်မှ အမှောင် ကို အကာအကွယ်ယူပြီးပြန်မယ်လို့ ဆုံးဖြတ် လိုက်ပြီး ရေထဲက လဲတက်မရတော့ တနေ့ လုံး ရေစပ်မှာ ခါးမြုပ် ရုံလေး ထိုင်ပြီး လူစင်စစ်က ရေသူထီးအဖြစ်ကို ခံယူလိုက်ပါတယ်...။

ည ရ နာရီခန့်  ရောက်ချိန် မတော့ တိုက်ပွဲ ဝင်ကွန်မန်ဒို အလား ကိုဦး တယောက် ဟိုသစ်ပင်ပြေးကပ် ဒီ ခြုံပုတ်ပြေးကပ် နဲ့ ချီတက် လာလိုက်တာ ကန်ပေါင် ပေါ်ကလဲ ဆင်းရော ကားလမ်း မကြီး ကိုဖြတ်ရပါတော့တယ်....မာကျုရီ မီးတွေ က ထိန်လင်း လို့  ကားမီးရောင်တွေ ကလဲ ဆလိုက် မီးတွေ ထိုးထား သလို ဖြစ်နေ တဲ့ ကြားမှာကိုဦး တယောက် ကိုယ့်ကို ကိုယ် ပြဇာတ် မင်းသားလေး လို သဘော ထားပြီး ဖွားဖက်တော်လေးကို လက်နဲ့ အုပ်လို့  ကားလမ်းကို ဖြတ်ကူး ကားမောင်း လာသူတွေ ကလဲ အင်္ဂါဂြိုလ် သားတွေ့ ရသလို မျက်လုံး တွေ အပြူးသား နဲ့ အတော် လေးကို အုတ်အော် သောင်းနင်း ဖြစ်သွား လေရဲ့..........။

5 comments:

  1. အစ်ကိုရေ ကိုဦး ဆိုတာ ဘယ် ကိုဦးကို ပြောတာလဲ သိချင်လိုက်တာဗျာ။ အူကိုယားလို့....။ ပြောပါ...ပြောပါ...ပြောပါ။ သိချင်တယ်

    ReplyDelete
  2. အီး...အဲဒီ့နာမည်ကြီး ကြားဖူးသလိုပဲ... :(

    ReplyDelete
  3. ကိုဦးဆိုတာ အကို့ငယ်နာမည်တော့ မဟုတ်ပါဘူးနော် .. ဟီး .. :D

    ReplyDelete
  4. အဟတ်
    ၁၁ - ၁၂ မို့ တော်တော့တယ်..
    ၂၁ - ၂၂ ဆို ရင်တော့ မတွေးရဲချာ
    ဖြစ်လည်းဖြစ်နိုင်ပ
း)

    ReplyDelete
  5. အာ... မနစ်က ခင်များ ဖြစ်ခဲ့တာ မဟုတ်လားဗျ ကြားလိုက်ပါတယ်။
    ဘယ်နဲ့ ၁၁နစ် ၁၂နစ် ကအကြောင်းဖြစ်မလဲ လူကြားကောင်းအောင်လုပ်မနေပါနဲ့း-)

    ReplyDelete