ဒီနေ့ ရုံးကို လူသစ် တစ်ယောက် အလုပ် စဆင်းတယ်...
သူက သစ်သမှ သိပ်သစ် တစ်ခါဘူးမှ ရုံးတွေ မှာ မလုပ်ဖူး သေးဘူး...
ဒီတော့ မန်နေဂျာ က လူသစ် လေးကို ကူညီဖို့ တစ်ရုံး လုံး ကို မှာထားလေရဲ့....
နေ့လည် ချိန်လောက် မှာ ရုံးက စာရွက် တွေ ဖျက်ဆီး တဲ့ စက်ဘေး မှာ လူသစ် ကလေး ကို စာရွက် တွေ ကိုင်ပြီး အလုပ် ရှုပ်နေတာကို တွေ့လိုက်ရတယ် စက်ကို ဟိုကြည့် လိုက် ဒီကြည့်လိုက် နဲ့ပေါ့ အတော် လေး အကြံအိုက် နေပုံပဲ ဒါနဲ့ပဲ........
ကျွန်ုပ်၊ ၊ညီလေး အကူအညီလိုလား မသိဘူး ဘာအခက် အခဲ ရှိလို့လဲ?
လူသစ်၊ ၊ဒီစက် ကို ဘယ်လို အသုံးပြုရမှာလဲ ဟင်?
ကျွန်တော် ဖွင့်တာ ဖွင့်လို့ မရဘူး ဖြစ်နေလို့၊
ကျွန်ုပ်၊ ၊အော် ဒါလား လွယ်ပါတယ် ဟောဒီမှာ ပလပ်ပေါက် ကို ထိုးလိုက် ပြီးရင် ဒီခလုပ်ကို ဖွင့်လိုက် နောက်တော့ ဒီအပေါက်လေးထဲကို စာရွက်တွေ ထည့်လိုက် ။
လူသစ်၊ ၊ဟုတ်ကဲ့ ကျေးဇူးပဲ အကိုရေ အခုလို သိသွားတော့ လဲ စက်အသုံးပြုရတာ လွယ်လွယ်လေးပဲ....
၁၅ မိနစ်ခန့်ကြာသော်........၊
လူသစ်လေး တစ်ယောက် စက်အနီး တွင် လှည့်ပတ်ကြည့်နေဆဲ......
ကျွန်ုပ်၊ ၊ အဆင် မပြေဘူးလား? စက် က အလုပ်မလုပ် ဘူးလား ဘာအခက်အခဲ တွေ့နေလဲ?
လူသစ်၊ ၊ စက်ကအလုပ်လုပ် ပါတယ် ခင်ဗျ၊
ဒါပေမယ့် ကျွန်တော် မိတ္တူကူး လိုက်တဲ့ စာရွက်တွေ ဘယ်က ထွက်လာမှာလဲ မသိလို့ အပေါက်လိုက်
ရှာနေတာပါ ခင်ဗျာ...။

{ကျွန်တော် ဖတ်ခဲ့ ဖူးတဲ့ သတင်းစာထဲက ဟာသ လေးတစ်ပုဒ်ပါ...။}
ဟိုက် သေပြီဆရာ
ReplyDeleteမေးတော့ ဖျက်စက်၊ သုံးချင်တော့ ကော်ပီယာစက်၊
ReplyDeleteသေသင့်တယ်။
http://winzaw-mdy.blogspot.com
စာကြေအောင်ပြန်လာဖတ်တယ်။
ReplyDelete၂ ခါဖတ်ပြီးမှ နားလည်သွားတယ်။
ဖျက်တဲ့စက်ထဲကို မိတ္တူ ကူးဘို့စာရွက်တွေ လာထဲ့သွားတာကိုး။
ပြုံးလိုက်ပါပြီ
PS
ရိုးတယ်ဆိုတာ ယုံပြီဟုတ်။
ခက်ပါပေ့ ချက်ကြီးရယ် ဟက်ဟက်
ReplyDeleteပြုံးရပါတယ်..
ReplyDeleteကျေးဇူး
ဖြစ်မှဖြစ်ရလေ.....
ReplyDeleteရီမောစရာ ဖန်တီးပေးတာ ကျေးဇူးဘဲ လင်းထက်ရေ
ReplyDelete၂ခေါက်လောက်သေချာဖတ်မှနားလည်သွားတယ်။ :P
ReplyDeleteဟေး နာလဲ ရာဇာတို့ မမခင်ဦးမေတို့ အဖွဲ့ထဲမှာပါတယ် ၂ခါတော့မဖတ်ရဘူး စာရေးသူကို ရိုက်စစ်လိုက်တာ အဖြေပေါ်သွားတယ် အဟတ်ဟားးးး
ReplyDeleteဟိဟိ ဆရာတို့ကတော့ ဖြစ်လိုက်မှဖြစ်တလွဲချည်းပဲ
ReplyDeleteဟီးးးးးးး လုပ်ချလိုက်ပြန်ပြီ။
ReplyDeleteဟိ..ကုန်ပြီသာမှတ်...။ တရားစစ်လို့ကတော့ အစ်ကို့ လက်ချက်လည်း မကင်းဘူး :P
ReplyDelete