Blogger news

Saturday, November 15, 2008

လက်ရာအပြောင်းအလွဲလေး

ဒီရက်ပိုင်းအတွင်း အလုပ်ပိတ်တာနဲ့ လုပ်ချင်တာ တွေ လုပ်လိုက်တာ မန်ယူဖိုရမ် လေးလဲ ပြီးသွားတယ်..ဘလော့ဂ် ကို အင်္ကျီအသစ် လေးလဲ လဲလိုက်တယ် ပစ်ထားတာ ကြာတဲ့ ဘလော့ဂ် လေးကို ဖုန်သုတ်ရင်း တန်ဆောင်တိုင် အမှတ်တရ လေးလဲ ရေးဖြစ်သွား ပြီးတဲ့နောက်မှာ လူက အတော်လေး ကို ပေါ့ပေါ့ ပါးပါး ဖြစ်သွားတော့ အရင် တုန်းက အကြောင်းလေး တွေ တွေ့ဖူး ကြုံဖူးတဲ့ လူတွေ အကြောင်းလေး တွေက ခေါင်းထဲ ကိုပြန်ဝင်လာတယ်.....။

သူ့နာမည်က ကိုချာလီ လို့ပဲ ထားလိုက်ပါစို့ဗျာ....
သူက အစ္စလာမ် ဘာသာဝင် တစ်ယောက်ဗျ. ဒါပေမယ့် သူ့ခမျာ သင်္ဘော ပေါ် မှာ ချက်ကြီး (စားဖိုမှုး) ဘဝနဲ့ အသက် မွေးရတာ ဆိုတော့ ဝက်သား လဲရှောင်လို့မရဘူးဗျ ကိုင်ရတာပဲ ချက်ရတာပဲ အဲ တစ်ခုပဲ ရှိတာကတော့ ဟင်း ကို မြည်းလို့ မရတာ တစ်ခုပဲ .....

ဒါပေမယ့် ဒါကလဲ ပြဿနာ တော့ မရှိပါဘူး မနက် ၁၀ နာရီ လ္ဘက်ရည် သောက်ချိန် စားသောက်ခန်း ထဲ ဝင်လာတဲ့ သင်္ဘောသား တွေကို မြည်းခိုင်း ပြီး ချက်တာပေါ့...

သင်္ဘော သားတို့ သဘာဝ ကလဲ ချက်ကြီး အသစ် တစ်ယောက်များ ပြောင်းပြီ ဆိုရင် စားလို့ သောက်လို့ အလွန်ကောင်းပဲဗျ လက်ရာပြောင်းသွားတာကိုး အဲဒီ ကိုချာလီ က သင်္ဘော ပေါ်မှာ တစ်နှစ်လောက် ဖြစ်လာတော့ သင်္ဘော သားတွေ က ငြီးငွေ့လာ ကြပါလေရော...

ဒါနဲ့ စားလို့ သောက်လို့ မကောင်း ဖြစ်လာတော့ စားသောက်ခန်း ထဲက အမှိုက်ပုံးထဲ မှာ ထမင်းတွေ ဟင်း တွေက ပြည့်လို့ပေါ့...

သူကြီး (ကပ္ပတိန်) လဲ မဖြစ်ခြေ ဘူး ဆိုပြီး တစ်ရက် အစည်းအဝေး ခေါ်ပါလေ ရော သင်္ဘော သားတွေ ရဲ့ ခံစားချက် တွေ ရင်ဖွင့်ကြပေါ့လေ စားချင်တာတွေ ပြောကြ တောင်းဆိုကြနဲ့ စည်စည် ကားကားပေါ့....

ကျွန်တော်ကတော့ ထမင်းပေါင်း စားချင်တယ် လို့ တောင်းဆိုလိုက် သဗျ ဟီး ဟီး
ချက်ကြီး ကတော့ ကျွန်တော့် ကို မျက်စောင်းကြီး လှည့်ထိုး တာပေါ့ ဗျာ ဘာလို့ဆို ထမင်းပေါင်း က အဆာပလာ များတော့ အလုပ်ရှုပ်တယ်လေ ပြောနေရင်းနဲ့ တောင် စားချင်လာပြီဗျို့....

အဲဒီလို နဲ့ ကိုစိုးမိုး ဆိုတဲ့ သင်္ဘော သား ပြောဖို့ အလှည့် ရောက်လာ ပါလေရော

သူကလဲ စကားပြောတာ လောကကြီးတယ် တစ်ခါတစ်လေ သူပြောချင်တာ တစ်ခြား ပြောတာ တစ်ခြား တော်ရုံနဲ့ သဘော မပေါက်ဘူး အခုလဲ သူပြောချင်တာ ကို ပြောပြီး တောင်းဆိုပါပြီဗျာ..

"ကျွန်တော် ကတော့ တစ်ခြား စားချင်တာတွေ ဘာတွေ သိပ်ပြီး အာသီသ မရှိပါ ဘူးဗျာ ကျွန်တော် ဖြစ်စေချင်တာ ကတော့ ငါးဟင်းချက်တယ် တစ်ခါလာလဲ ဒီအရသာပဲ ဝက်သားချက်တယ် ဒီအရသာပဲ ဘာဟင်းချက်ချက် အရသာက တစ်မျိုးပဲ ဖြစ်နေတယ် ဒီတော့ လက်ရာပြောင်းချက်ပေးပါ"

အဲလိုပြောပြီး ပြန်ထိုင်လိုက်ပါတယ်...

အားလုံး စုံစုံ စိစိ တောင်းဆိုမှု တွေ ပြီးသွားတဲ့ အခါမှာတော့ ချက်ကြီး ရဲ့ ဖြေရှင်းချက်တွေ လာပါပြီ...

"ဟုတ်ကဲ့ ကပ္ပတိန် ကျွန်တော် အခု မီနူး တွေ ပြောင်းချက် ပေးပါမယ် တောင်းဆိုထား ကြတာ တွေ ကို အလှည့် ကျ ချက်ပေးသွားပါမယ် ထမင်းပေါင်း တို့လို ဟာမျိုးတွေ ကိုတော့ ဆန်းဒေး စပယ်ရှယ် မီနူးထဲ ထည့်ပြီး ချက်ပေး သွားပါမယ် နောက်ဆုံး အနေနဲ့ ပြောချင်တာကတော့ .... စိုးမိုးပြောတဲ့ ကိစ္စပါပဲ ကျွန်တော် သင်္ဘော လိုက်ပြီး ချက်လာတာ နှစ်ပေါင်း သုံးဆယ် ရှိပါပြီ ဒီလိုပဲ ချက်လာတာပါပဲ သူပြောသလိုဆို ငါးဟင်းက ငါးအရသာ မထွက်လို့ ဘာထွက်ရမှာလဲ ဝက်သားကလဲ ဝက်သား အရသာပဲ ထွက်မှာပေါ့ ဒီတော့ ကျွန်တော် အခု လက်ရာပြောင်းချက်ဖို့ တောင်းဆိုတာ ကို လိုက်ရောတဲ့ အနေနဲ့....
အရင် ကျွန်တော် အမြဲ ညာဖက်လက် နဲ့ ချက်ပါတယ် ဒီနေ့ဒီအချိန် က စပြီး လက်ရာပြောင်းပြီး ဘယ်လက် နဲ့ပြောင်းချက် ပါတော့မယ်ခင်ဗျာ"......။

အခု ကျွန်တော်လဲ တစ်ယောက် ထဲ နေနေရတော့ ကိုယ်ချက်တဲ့ ဟင်းတွေ ငြီးငွေ့ နေပြီ မစားချင်တော့ဘူး အခုတော့ အဲဒီ အကြောင်းလေး ပြန်တွေး မိတော့ နောက်နေ့ ဘယ်လက်နဲ့ ပြောင်းချက်တော့မယ် ဗျာ သင်တို့လဲ စား မကောင်းရင် လက်ရာလေး ပြောင်းချက်ဖို့ မမေ့ကြ နဲ့နော်biggrin


7 comments:

  1. 15 Nov 08, 03:01
    kom: (ပညာရှိသလို တွေးခေါ်ပါလေ။
    15 Nov 08, 03:00
    kom: ချက်ကြီးပြောင်းဘို့ အကြံ့ပူပါကြောင်း

    ReplyDelete
  2. ဟုတ်ပါ့ဗျာ နောက်ဆိုအိမ်လဲ လက်ရာတင်မဟုတ်ဘူး ခြေရာပါပြောင်းချက်တဲ့
    အနေနဲ့ နောက်ဆို ခြေထောက်နဲ့ ချက်မယ်ဗျာ

    ReplyDelete
  3. ဟိ ဘယ်ပြန်ညာပြန်ချက်တတ်တာပေါ့ :P

    ReplyDelete
  4. မမပြောသလိုပဲ ချက်ကြီးပြောင်းလိုက်ပါ..
    ဘယ်လက်နဲ့တော့ပြောင်းချက်မနေပါနဲ့တော့..

    ReplyDelete
  5. "ကျွန်တော်လဲ တစ်ယောက် ထဲ နေနေရတော့" တဲ့ ဟင်းဟင်း လိမ်နေတယ်နော် သိတယ် ဌဲဌဲ။

    ReplyDelete
  6. ကျွန်တော်က နဂိုကတည်းက ဘယ်သန်လေ..ဟိ :P

    ReplyDelete