Blogger news

Sunday, November 16, 2008

အေး ဓါးပြ

ရှေးလူကြီး တွေ ပြောစကား ကြားဖူးပါတယ် အေး ဓါးပြ တဲ့ ...။
အေး ဓါးပြ ဆိုတာ အေးကွာ မင်းရဲ့ဓါးငါ့ကို ပြပါ လို့ပြောတာ မဟုတ်ပါဘူး..။
လက်နက် မပါ အကြမ်း မဖက်ပဲ သူများ ရဲ့ ဥစ္စာ ပစ္စည်း တွေ ကိုလုယူတဲ့ သူတွေကို အေးဓါးပြ လို့ခေါ်တာပါ...
ကျွန်တော် တို့ မြန်မာနိုင်ငံသူနိုင်ငံသား တွေ ကတော့ ပြောစရာ မလိုတော့ လောက်အောင်ကို အေးဓါးပြ အကြောင်း နောကျေ နေပြီးသား ဖြစ်မှာပါ ဘာလို့ဆို နိုင်ငံအတွင်း မှာက အေးဓားပြ ပေါင်း သောင်းခြောက်ထောင် ကိုးဗျ...

ဗျာ~~ မဟုတ်ဘူး ?? သူတို့က သူတောင်းစားတွေ ဟုတ်စ....
နိုး,နိုး,နိုး..... သူတောင်းစား ဆိုတာ တောင်းတယ် မရရင်လဲ အန္တရာယ် မပြုဘူးဗျ...
သူတို့ကတော့ ကောင်းကောင်း မိတ်ဆွေ တို့ကို အနှောင့်အယှက် ပေးနိုင်တယ် ဗျ....

ကဲ ထားပါတော့ဗျာ ကျွန်တော် ကြုံဖူးတဲ့ ရွှေနိုင်ငံ ရဲ့ ပြင်ပက တစ်ခြားနိုင်ငံ တစ်ခုက အေးဓါးပြ တွေ အကြောင်း ပြောပြ ပါရစေ ဘယ်သူသာလို့ လုပါတော့ နိုင်ဆို တာကတော့ စာဖတ်သူ အပေါင်း တို့ ကိုယ့်ဖာသာ ကိုယ်သာ စဉ်းစား ချင့်ချိန် ကြည့်ကြပါတော့ဗျာ..။

သင်္ဘော လိုက်တဲ့ တစ်လျှောက် ပေါ့ဗျာ တစ်ခြား ကျွန်တော် ရောက်ဖူး သမျှ နိုင်ငံ တွေ အတော် များများ မှာ ဘယ်နိုင်ငံ မဆို ကာစတန် ဆိုတာ ရှိကြတာပဲ ဒါပေမယ့် တစ်ချို့ နိုင်ငံတွေ မှာ ကာစတန် တွေ လဝက တွေ သင်္ဘော ပေါ် မလာလို့ မြင်တောင် မမြင် ဖူးဘူးဗျ ဥပမာ စင်္ကာပူ ပေါ့ဗျာ.....။

အဲ အိန္ဒိယ ကတော့ နိုင်ငံချင်း နီး သမိုင်းကြောင်းပဲ ဆက်စပ် နေလို့လား မသိဘူး ကိုရွှေနိုင်ငံ ကြီးက ဓါးပြ ဂိုဏ်းတွေ နဲ့ အတော်တူ သဗျ....

သူတို့ရဲ့ လုပုံ ယက်ပုံ အေးဓါးပြ တိုက်ပုံ လေးတွေ က ဒီလိုခင်ဗျ...

သင်္ဘော ကမ်းကပ် ပြီး နာရီဝက် လောက် ဆိုရင် ဒီကောင်တွေ ဟိုက်အေ့စ် လိုကားမျိုး ကြီးနဲ့ အဖွဲ့လိုက် ချီတက်လာကြပါပြီ..။

ပြီးရင်တော့ အိပ်ကြီးအိပ်ငယ် တွေနဲ့ပေါ့ဗျာ အပေါ်ကို တက်လာပြီး သူကြီး အခန်း ကို တန်းတက် တော့တာပါပဲ အဲဒီမှာ ညှိနှိုင်း ဆွေးနွေးပွဲတွေ လုပ်ကြပေါ့ ဗျာ ဂျော်နီ လမ်းလျှောက် ဘယ်နှစ်လုံး မာလ်ဘိုရို ဘယ်နှစ်တောင့် ဟန်နီကမ် ဘယ်နှစ်ကေ့စ် ဆိုပြီး ဈေးခေါ်တော့ တာပဲဗျာ အဲဒီလို ဆိုလို့ ကျွန်တော် တို့ သင်္ဘောမှာ ဘာမဟုတ်တာတွေ လုပ်ထားလဲ ဆိုပြီး မထင်နဲ့နော် ဘာမှ မလုပ်ဘူး အဲ မလုပ်ရင် မပေးနဲ့ပေါ့ လို့ ပြောချင်ရင်တော့ မရလို့ပေါ့ဗျာ သိရဲ့သားနဲ့.......။

အဲ ဒီကောင်တွေ လိုတာ ရသွားပြီ ဆိုရင် တော့ အေးအေး ဆေးဆေး ပါပဲ စားသောက်ခန်း ထဲမှာ ဆင်းရဲသားကား ဖွင့်ခိုင်းပြီး စားချင်တာ တွေ မှာစား ဘီယာ အရက် တွေသောက်(သူတို့တောင်းထားတဲ့ ဟာက ပါဆယ်ပါ ဒီမှာသောက်တာက သပ်သပ် ထပ်ပြီး တိုက်ရတာပါ)ပြီးဇိမ်ခံ ကြတော့တာပါပဲ..။

အဲဒီလို သူတို့ ရှိနေရင် သင်္ဘောသားတွေ ဘယ်သူမှ စားသောက်ခန်းထဲ မသွားချင်ပါဘူး တစ်နေ့တော့ ကျွန်တော်လဲ ဂျူတီပြီး တော့ ဗိုက်ကအရမ်းဆာ နေတော့ မသွားမဖြစ် စားသောက်ခန်းထဲ သွားရပါတော့တယ်...

အဲဒီမှာ တွေ့ပါပြီ ကျွန်တော် လဲ စားသောက်ခန်းထဲ ဝင်လိုက်ရော သူတို့ထဲ ကတစ်ကောင်က Chief Cook ကိုချာလီ ကို ရစ်နေပါတယ် ကျွန်တော့် ကိုမြင်တော့လဲ စကားတွေလိုက်ပြောရင်း လူကို ခြေဆုံးခေါင်းဆုံး အပြန်ပြန်အလှန်လှန် ကြည့်နေတာပေါ့ဗျာ နောက်တော့ ဘာလုပ်တယ် အောက်မေ့လဲ ကျွန်တော့ အင်္ကျီအိပ်ထဲ မပြောမဆို လှမ်းနှိုက်တယ်ဗျ အဲဒီမှာဗျာ အိပ်ထဲမှာက ဘာမှ တန်ဖိုးမရှိတဲ့ ဂက်စ် မီးခြစ်လေး ရှိနေတာ ပါသွားပါလေရော ပြီးတော့ ဘာပြောတယ် အောက်မေ့လဲ ငါ့ မီးခြစ် ဂက်စ် မရှိတော့လို့ ဒါလေး ပေးလိုက်ပါတဲ့လေ အတော်လေး သနားစရာကောင်းတဲ့ ကောင်ဗျာ အဲဒါနဲ့ ယူကွာ လို့ပြောလိုက်တာပေါ့ ....

ဒါက တစ်ခါ နောက်တစ်ခါကတော့ ဒီလို ခရစ်စမတ်နား နီးတဲ့ အချိန်ပဲဗျ ကျွန်တော် အခန်းထဲ မှာ အိပ်နေတဲ့ အချိန်ပေါ့ အခန်းထဲကို ဝုန်းဝုန်း ဒိုင်းဒိုင်း နဲ့ဝင်လာကြတယ် စက္ကန်းမိတ် (ဒုတိယ အရာရှိပေါ့ )လဲ ပါတယ်ဗျ အခန်းကတော့ သော့ခတ်ထားတာပေါ့ဗျာ ဒါပေမယ့် သူကြီးဆီမှာက အခန်းတိုင်းရဲ့ သော့အပိုတွေ ရှိတယ်လေ အဲဒီနေ့က သူကြီးက ဘယ်လိုပေးပေး သူတို့က စစ်မယ် ဆိုပြီး အခန်းပေါက်စေ့ လိုက်ဖွင့်တာဗျ...။

အဲဒီလိုနဲ့ ကျွန်တော်လဲ အိပ်ချင်မူးတူးနဲ့Declare စာရွက် (နိုင်ငံတစ်နိုင်ငံကို ဝင်ရင် ကိုယ့်မှာ ဘာပစ္စည်း တွေ ရှိတယ် ဆိုတာ ကြော်ငြာတဲ့ ဖောင်) ကို ပြပါတယ် ..သူတို့ကလဲ စာရွက်ထဲက စာရင်းနဲ့ကျွန်တော့ အခန်းထဲက ပစ္စည်း တွေနဲ့တိုက်ကြည့် နေပါတယ် အဲဒီမှာ ပြဿနာ တက်နေတာက ဗွီစီဒီ အခွေ တွေပါ သူတို့က မင်းအခွေ တွေ အရမ်းများတယ် ဆိုပြီး ထပ်တလဲလဲ ပြောနေပါတယ်......

ကျွန်တော် ကလဲ..

"ဟ မင်းတို့မှာ အခွေ ဘယ်လောက်ပဲ ရှိရမယ် လို့သတ်မှတ်ချက်မှ မရှိတာ ငါ ကြော်ငြာထားရင် ပြီးတာပဲ" လို့ပြောပါတယ်..

ဒါလဲ မရပါဘူး ခေါင်းတရမ်းရမ်း နဲ့ မင်းအခွေ တွေ အရမ်း များတယ် လို့ပဲပြောနေပါတယ် ကျွန်တော်ကလဲ စင်္ကာပူ ရောက်တိုင်း Peoples park ကနေ အခွေတွေ ဝယ်လေ့ ရှိတော့ အခွေက ရာကျော် လောက် ရှိနေပါတယ် ဒီအချိန်မှာ စက္ကန်းမိတ်က စပ်ဖြီးဖြီး နဲ့....

"ညီလေး မင်းဆီမှာ ရှိတဲ့ ဘာညာခွေလေး နှစ်ခွေလောက် ဒီကောင်တွေ ကို ခရစ်စမတ်လက်ဆောင် ဆိုပြီး ပေးလိုက် ဒီကောင်တွေ ဒီည ရုံးမှာ ပါတီပွဲ လုပ်မယ် ပြောတယ် ဒါကြောင့် အဲဒီ အခွေတွေ လိုချင်လို့ လိုက်ရစ်နေတာ တစ်ခြားလူတွေဆီ ကလဲ အဲလိုပဲ ယူလာပြီးပြီ ပေးလိုက် ပေးလိုက်"

လို့ ပြောတာနဲ့ ကျွန်တော်လဲ မချစ်သော်လည်း အောင့်ကာနမ်း မနမ်းသော်လည်း ပင့်သက်ရှု ဆိုသလို မကျေနပ်ပေမယ့် အလွန်သဘောကောင်းတဲ့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်း တွေပုံစံ မျိုးနဲ့....

"အား သူငယ်ချင်းတို့ ဒီအခွေလေး နှစ်ခွေ အတော် ကောင်းတယ် မင်းတို့ အတွက် ခရစ်စမတ် လက်ဆောင် ပေးပါရစေ"

ဆိုပြီးလဲ ပေးလိုက်ရော ကျေးဇူးတင်ပါတယ် အထပ်ထပ်ပြောပြီး ကသုတ်ကရက် ထွက်သွားကြပါလေရော(ဘာလို့လဲ ဆိုတော့ တစ်ခြားအခန်း တွေဆီကလဲ လုရအုံးမှာ မို့လို့လေ)

ဒါက ကျွန်တော် ကြုံရတာလေး တွေပါ.....

အဲ အခါ တစ်ပါးတော့ သူကြီးနဲ့ ပြဿနာ တက်ပါလေ ရော သူတို့ကလဲ ရလေ လိုလေ အိုတစ္ဆေ ဆိုတာမျိုးကိုး ဗျ တိုးတောင်းတယ် သူကြီးကလဲ အတော် ညစ်လာပြီ ကျွန်တော် တို့ သင်္ဘော တစ်စီးလုံး ကလဲ သူတို့ ကိုကြောက်လွန်းလို့ အမှန်ကန်ဆုံး ဖြစ်အောင် နေတယ် ဒါကို သူကြီးကလဲ သိတော့ ငါတို့ မှန်မှန် ကန်ကန် လုပ်ထားတာ ပဲ ဆိုပြီး တိုးမပေးဘူး မကျေနပ်ရင် စစ်ကွာ ဆိုပြီး တင်းထားတယ် ....။

ပွဲကြီး ပွဲကောင်း ပေါ့ဗျာ ဒီကောင်တွေ အရင်လို စားသောက်ခန်း ထဲ ဇိမ်လေးနဲ့ ဗွီဒီယို ကြည့်လိုက် သောက်လိုက်စားလိုက် မလုပ်နိုင်တော့ပဲ လက်အိပ်ကိုယ်စီ စွပ် လို့ တစ်စီးလုံး ဗြောင်းဆန် အောင် မွှေတော့ တာပါပဲ မတွေ့ဘူး ဘာမှ မတွေ့ဘူး သူတို့လဲ ချွေးပြန်နေကြပြီ ကိုယ်တွေလဲ ခံရတာ များတော့ ကိုယ့်တာ ကိုယ်လုံအောင် လုပ်ထားပြီး သူတို့ ဒုက္ခရောက်နေတာ ကြည့်ပြီး ဝမ်းသာနေကြတယ် သူကြီးလဲ နှုတ်ခမ်းမွေး ကြီးသပ်ပြီး ပြုံးပြုံးကြီးနဲ့ပေါ့ ဒါပေမယ့် အိန္ဒိယ က ဒေသခံ အေးဂျင့် ကတော့ မျက်နှာ ကို သွေးမရှိတော့ဘူး သူက သူကြီး ကို သူတို့လိုသလောက် ပေးလိုက်ဖို့ ချည်းပဲ ပြောနေတယ် သူကြီးကလဲ မပေးဘူး ချည်းငြင်းနေတယ်...။

ဟိုကောင်တွေလဲ Declare စာရွက် တွေ ကိုင်ပြီး သင်္ဘော တစ်စီးလုံး လိုက်စစ် နေတယ် တစ်စီးလုံး ဘယ်နေရာ မှ မကျန်တော့ ပါဘူး နောက်ဆုံး ဒီကောင်တွေ အုပ်စု သင်္ဘော ကုန်းပတ် ပေါ်မှာ စုဝေးပြီး တိုင်ပင်နေကြပါတယ် နောက်တော့ သင်္ဘော ထိန်းချုပ်ခန်း ပေါ် တက်သွားပါတယ် ပြီးတော့ Declare စာရွက်နဲ့ တိုက်ပြီး ခေါင်းဆောင်လုပ်သူက သူကြီး ကို တာဝန်ကျ အရာရှိကတစ်ဆင့် ခေါ်ခိုင်းပါတယ် တာဝန်ကျ အရာရှိလဲ လမ်းလျှောက် စကားပြောစက် ကတဆင့် သူကြီး ကို လှမ်း အကြောင်းကြားလိုက်တော့ သူကြီးလဲ ထိန်းချုပ်ခန်း ရှိရာ ကို တက်လာပါတော့တယ်..။

ဓါးပြအုပ်စုခေါင်းဆောင် အဲလေ ကာစတန် အဖွဲ့ခေါင်း ဆောင်က သူကြီး ကိုတွေ့တယ် ဆိုရင်ပဲ အောင်နိုင်သူ စစ်သူကြီး ပမာ ရင်ကော့ ခေါင်းမော့ ပြီး

"ကပ္ပတိန် မင်းတို့ Declare မှန်မှန် ကန်ကန် မပြဘူး စာရင်းထဲ မပါတဲ့ ပစ္စည်း တွေ သင်္ဘော ပေါ်ရှိနေတယ် ဒါဟာ ဥပဒေ ချိုးဖောက်တာပဲ အရေးယူမှ ဖြစ်မယ် "

ဆိုပြီး ပြောပါတော့တယ် သူကြီးလဲ တော်တော်လေး ခေါင်းစားသွားတယ်

"ကဲ ဒါဆို ဘာလဲ ပြော"

လို့တစ်ခွန်းပဲ ပြောလိုက်နိုင်တော့တယ် ဒီတော့ ဟိုကောင်က ဘာပြန်ပြောလဲ ဆိုတော့....

"ဒီမှာလေ ကပ္ပတိန် မင်းတို့ သင်္ဘော ပေါ်က Radar ရေဒါစက်ကြီး ဟာ Declare မပြထားဘူး ဒါကို ခုချက်ချင်း ငါတို့ ဖြုတ်သိမ်း ပြီး သင်္ဘောပေါ်မှ တာဝန် အရှိဆုံး ဖြစ်တဲ့ ခင်ဗျားကို ကာစတန် ဥပဒေ အရ အရေးယူမယ်"

ကပ္ပတိန် ဘာမှ မပြောပါဘူး ချက်ချင်း ရန်ကုန် အေးဂျင့် ရုံးကို ချက်ခြင်း အကြောင်းကြား ဂျပန် သင်္ဘော ပိုင်ရှင်ကုပ္မဏီ ကို လဲ လှမ်း အကြောင်းကြားပြီး ဒါဟာ သင်္ဘော ဆောက်ကတဲ ကပါလာတဲ့ ဟာ ကို ဒီကောင်တွေ သက်သက် အပြစ်ရှာတာ ဖိုက်မယ် ဆိုပြီး လုပ်ပါတယ် နောက်ဆုံးတော့ ဒီသင်္ဘော ခရီးစဉ် ကို ငှားရမ်းထားတဲ့ အိန္ဒိယ အေးဂျင့် တွေကပဲ ကြားထဲက ဒီကောင်တွေ တောင်းတာ သူတို့ပေးပါမယ် ဆိုပြီး ကြားထဲက ဝင်ပေးလိုက်ရတဲ့ အဖြစ် ကိုရောက်ရော....။

...................တရားဥပဒေနှင့် လွတ်ကင်းအောင် နေတိုင်း မကင်းလွတ်နိုင်..................

ကျွန်တော် ပြောပါတယ် ကျွန်တော် တို့သင်္ဘော ဥပဒေနဲ့မလွတ်ကင်းတာ ဘာမှ မလုပ်ပါဘူး ဒါပေမယ့် မပေးရင် မရဘူးလေ သိတယ် မဟုတ်လား ဒီ့ထက်ဆိုးတဲ့ အဖြစ်မျိုးတွေက ကျွန်တော် တို့ဆီမှာ အခု အများကြီး ဖြစ်ခဲ့ပြီးပြီ ဖြစ်လဲ ဖြစ်နေဆဲ နောက်လဲ ဖြစ်နေအုံးမယ် ဆိုတာ !!!!!!!


14 comments:

  1. ဘယ်မှာဖြစ်ဖြစ် အားလုံး အတူတူတွေပါပဲဗျာ

    ReplyDelete
  2. မကြုံဖူးပေမယ့် ခံစားလို့ရတယ်။ အထူးသဖြင့် ကုလားတွေက ပို ကလိန်ကကျစ်ကြတယ်။

    ReplyDelete
  3. အဖော်ရတာပေါ့ကွယ်....(အေးဓါးပြ)
    ဒါနဲ့..ဘာညာခွေလေး နှစ်ခွေလောက် ဆိုတာဘာလဲ ဟင်.....:P:P:P

    ReplyDelete
  4. ဖတ်ရင်းနဲ့ ကလိကလိဒေါသဖြစ်လာတယ်.. မဗေဒါသာဆို မချစ်သော်လဲအောင့်ကာနမ်း..ပြုံးပြီးတော့ သူတို့ကိုပေးနိုင်ပါ့မလားမသိဘူး.. ဒါပေမဲ့.. မျက်နှာက မပြုံးပြန်ရင်လဲသူတို့က ရစ်အုံးမယ်.. မလွယ်ပါဘူး.. ဓားပြကမှရရင်တော်ပြီ... သူတို့က သရုပ်ကဆောင်ရသေးတယ်..

    ReplyDelete
  5. ဪ တော်တော်ဆိုးကြတယ်နော်

    ReplyDelete
  6. သာဓုသာခေါ်လိုက်ပါ အကိုရာ ။

    ReplyDelete
  7. မလွယ်ပါလားအစ်ကိုရေ အဲလိုတွေလဲရှိတာပဲလား။ :(

    ReplyDelete
  8. ဘာပြောပြောပါဗျာ ရန်ကုန်လေဆိပ်က ကာစတန်ကိုတော့ မမှီပါဘူးဗျာ
    သူတို့က ဟောက်လဲဟောက်တယ် ပေါ်တင်လဲတောင်းတယ်
    မပေးလို့ကတော့ ဟင်းဟင်း... အဲဒီလူဟာ အိုစမာဘင်လာဒင် လုပ်ခဲ့တဲ့
    အမှုထက် ပိုကြီးသွားမယ်

    ReplyDelete
  9. အော်ဒါနဲ့ဆရာ ဆရာဆင်းရဲသားကားတွေ ၀ယ်သိမ်းထားတာတွေပေါ်ကုန်ပြီ
    ဟိဟိ မှတ်ထား အဲဒါသူများအကြောင်းပြောခြင်လွန်းအားကြီးပြီး ကိုယ့်
    အကြောင်းပါပေါ်သွားတာ ဟိဟိ အခုမှသိတယ် ကိုယ့်ဆရာလဲ ဘယ်ရိုးလို့လဲ

    ReplyDelete
  10. ခက်တာပဲ.. လုပ်ရိုးလုပ်ထုံးတွေလို ဖြစ်နေတော့ လိုက်နာရတယ်နော် :P

    ReplyDelete
  11. တော်တော်ဆိုးတဲ့ အေးဓါးပြတွေ... တော်သေးတယ် နာ့ကိုရီးရဲ့ အ၀တ်အစားတွေကို ချွတ်မယူသွားလို့ .... :P

    ReplyDelete
  12. သဘောင်္သားတွေပါ စာရင်းထဲမပါဘူးဆိုပြီး သိမ်းသွားရင်တော့ ဒွတ်ခပဲ
    ငါတို့ကိုလင်းထက်ကြီးကိုတွေ့ရတော့မှာဟုတ်ဘူး ဘုရားဘုရား အဟွတ်အဟွတ်

    ReplyDelete
  13. အင်းတော်သေးတယ် တို့ကိုလင်းထက်ကြီးကို မခေါ်သွားတာ။
    ကံကောင်းတယ်မှတ်။ သဘောင်္လိုက်တုန်းက အတွေ့အကြုံတွေကို များများ တင်ပေးပါဦး လို့တောင်းဆိုချင်တယ် ဗဟုသုတပေါ့။
    မေမိုးမခ

    ReplyDelete
  14. မှတ်သားလောက်ပါပေရဲ့ အစ်ကိုရယ် :)

    ReplyDelete