Blogger news

Wednesday, March 26, 2008

လူ နှင့် ကျေးဇူး

အင်း.....လူတွေ..လူတွေ...ခက်တယ်ဗျာ......

အကုန် လုံးကို တော့ မဆိုလို ပါဘူးဗျာ...တချို့ တွေပါ။
ဒီလိုဗျ ကျွန်တော် မြင်ဖူးတဲ့ ထဲက တယောက် ဆိုပါတော့ ဗျာ၊
သူနဲ့ ကျွန်တော် နှစ်အတော် ကြာ အလုပ်တွဲ လုပ်ကြပါတယ်...၊

တရက် မှာဗျာ မျက်မှန်းတန်း မိနေတဲ့ လူ တစ်ယောက် က အကူအညီ တောင်းလို့ ကျွန်တော်
ကူညီ လိုက်ပါတယ်.....

ဒါကိုမြင်တဲ့ အခါ အလုပ်တွဲ လုပ်နေတဲ့ လူက ဘာပြောလဲ ဆိုတော့.....

"ခင်ဗျား ဗျာ သူဟာ ခင်ဗျား အပေါ် ကျေးဇူး ခံ ကျေးဇူး စား လဲ ရှိတာ မဟုတ် ဘဲနဲ့  အပင်ပန်းခံ လို့ သွား
ကူညီနေတယ်"

ကျွန်တော် အတော် လေး စိတ်ထဲ ရွံရှာ သွားမိတယ်...ဘယ်လို လူလဲ ...?
ကျေးဇူးရှိ မှ ကူညီ ကြကြေး ဆိုရင် ဒီကျေးဇူး ကိုဘယ်သူက စပြီး ပြုမှာလဲ...? ဒီလူ့  အပေါ်မှာ
ဘာမှ ကျေးဇူး မရှိ ဘဲ ကူညီခဲ့ သူတွေ အပေါ်ရော ဒီလူ ငပေါ တွေလို့ မြင်မှာလား...?

ကျွန်တော် သဘော ပေါက်သွားတယ် ဒီလူဟာ သူ့  အပေါ် ကျေးဇူး ရှိခဲ့ ရင် မလွှဲသာ လို့  အကြွေးဆပ် သလို ပြန်ကူ ညီမယ်....ကျေးဇူး မရှိ တဲ့သူကို ကူညီတယ် ဆိုတာ လဲ သူ့ အတွက် အခွင့် အရေး တွေ ရနိုင်လို့ သာ
အကျိုး မျှော်ပြီး ကူညီ တတ်သူ ဆိုတာ ကိုပေါ့.....

ဒါကြောင့် ကျွန်တော် လဲ သူနဲ့  အလုပ် ဆက်မလုပ် ဘဲ ကျောခိုင်း လိုက်ပါတယ်......

မိတ်ဆွေ တို့ ရော ကျေးဇူး ရှိ မှ လူတွေ ကို ကူညီမှာလား...ဒါမှ မဟုတ်..........................................။

3 comments:

  1. အစ်ကိုရေကောင်းတယ်ဗျ။ များများရေးပါဗျို့မျှော်နေမယ်။

    ReplyDelete
  2. အင်းဗျ ... လူတော်တော် များများက မျှော်လင့်ချက်နဲ့ ကူညီကြတာ များတယ် လေ ... ကျွန်တော်လည်း အဲဒီလို သြ၀ါဒမျိုး ပေးခံရတာ ခဏခဏပေါ့ :)

    ReplyDelete
  3. မှန်တယ်အစ်ကို..နဖူးတည့်တည့်ပဲ..အဟဲ..နောက်တာ။ လူတွေက Give & Take ကိုအရမ်းအားသာ လွန်းကျတယ်...။ တကယ်တမ်းကျတော့ ကိုယ့်အလှည့်ကျ မသိချင်ယောင် ဆောင်နေကြတာက ပိုတောင်များသေးတယ်။

    ReplyDelete