Blogger news

Sunday, March 30, 2008

မြင်လိုက်တာမှကမ်းကုန်ရော

ဒီနေ့ တခြား ဥရောပ နိုင်ငံ တွေတော့ မသိဘူး ကျွန်တော် တို့ ဆီမှာ တော့ နွေရာသီ အချိန် summer time ကိုပြောင်းပြီ ခင်ဗျ....ရှင်းအောင် ပြောရ ရင်တော့ ပုံမှန် ည ၂ နာရီ ဖြစ်ရ မှာကို ဒီနေ့  ည ၂နာရီမှာ ည ၃နာရီ အဖြစ် ပြောင်းလိုက် တာပါ...အဲဒီတော့ ၁နာရီ လျှော့အိပ် ရတော့မှာပေါ့လေ.....

ဒီတော့ ကျွန်တော် သွားသတိ ရလိုက် မိတာက ဟိုး လွန်ခဲ့သော ၉ နှစ်ခန့် က အဖြစ် အပျက် လေး တခုပါ....ထိုအချိန်က ကျွန်တော် သင်္ဘော လိုက်နေ ချိန် တနေ့  သင်္ဘော ပေါ်ကို ကဒက် လေးတယောက် တက်လာတယ်...(ကဒက် ဆိုတာ အလုပ်သင် အရာရှိ လောင်းလေး ပေါ့)....ဒါနဲ့  ကုန်တွေ တင် အပြီး မှာ သင်္ဘောဟာ ဆိပ်ကမ်း ကနေ ထွက်ခွာ လာခဲ့ ပါတယ်......။

ထွက်ခွာ လာပြီး ၂ရက် နေတော့ Time Zone ကွာခြား ချက်များ အရ အစ တွင် ကျွန်တော် ဆိုခဲ့ သလို အချိန်ပြောင်း ဖို့  ဖြစ်လာ ပါတယ်.....ဒီတော့ အခုမှ သင်္ဘော ပေါ် ရောက်လာတဲ့ ကဒက် လေးကမေးပါတယ်.......
ဘာလို့ အချိန် ပြောင်းရတာလဲပေါ့....ဒီတော့ ဝါရင့် သင်္ဘောသား AB တွေ Bosun တွေက ကမ္ဘာကြီး ကို ဂရင်းဝှစ်
မျဉ်း တွေနဲ့ ပိုင်းခြား ထားကြောင်း ဒါကြောင့် တနိုင်ငံ နဲ့  တနိုင်ငံ အချိန်တွေ မတူဘဲ ကွာခြား ကြကြောင်း အစရှိ
သဖြင့် ရှင်းပြကြ ပါတယ်..။

ဒါကို ကြားသွားတဲ့ Chif Officer ကျွန်တော် တို့ သင်္ဘောသားတွေ အခေါ် ချီးဗူး ကဝင်ပြီး ပြောပါတယ်.....(ကျွန်တော်တို့  ချီးဗူး က အလွန် ချောက်တွန်း တာ ဝါသနာ ပါ ပြီး ပျော်တတ် ပါတယ်)......
ဟေ့ ကဒက် မင်းဒါတောင် မသိပဲ ဘယ်လို အလုပ်သင်အရာရှိ ဖြစ်လာ တာလဲ....ဒီနေ့ ည ၂နာရီ ဂရင်းဝှစ် မျဉ်းကို ဖြတ်မယ် မတွေ့ ဖူး ရင် ကြည့်ထား လို့ ပြောလိုက် ပါတယ်....။

နောက်နေ့  ချီးဗူး ဂျူတီ ပြီးလို့  မနက်စာ စားဖို့ ဆင်းလာ တော့ ကဒက်လေး ကို တွေ့ ချိန်မှာ မေးပါတယ်.......
ကောင်လေး မနေ့ က ငါပြောတာ တွေ့ လား ....?
ကဒက် လေးကလဲ ရင်ကော့ ပြီး ဖြေလိုက် တာက ...ဟုတ်ကဲ့ ချိဖ် ကျွန်တော် မနေ့ ည က စောင့်ပြီး ကြည့်တာ...
ည ၂နာရီ ရောက်တဲ့ အချိန် ဂရင်းဝှစ် မျဉ်း ကိုဖြတ်တာ တွေ့ ပါတယ်......အစိမ်း ရောင် မျဉ်းကြီး မှ တောက်လျှောက် အကျယ်က အိမ်တလုံး စာလောက်ရှိပြီး အစ နဲ့  အဆုံး တောင် မမြင်ရဘူး ..........ဟူသတတ်..

ကျွန်တော် ထင်တာတော့ ဂရင်းဝှစ် မျဉ်း ဆိုတော့ အစိမ်းရောင် မျဉ်း ဖြစ်မယ် ဆိုပြီး ကောင်လေး ကြောက်ကြောက် နဲ့ ရမ်းတုတ် လိုက်ပုံ ပါ......။


6 comments:

  1. အဟီး စကားမစပ် ဂရင်းဝှစ်မျဉ်းက ဘာအရောင်ကြီးလဲ ?
    ဟီးဟီး နောက်တာ ။ အဆင်ပြေပါစေအစ်ကို :D

    ReplyDelete
  2. အစိမ်းရောင်အိမ်တစ်လုံးစာလောက်
်ကြီးဆိုတော့ ရဲရဲကြီးထင်တယ် အကိုရ....။

    ReplyDelete
  3. ကျွန်တော်တို့ ဆီမှာလည်းပြောင်းသွားပြီ :) အဲဒီ့ Cadet ကိုပြောလိုက် Greenwich မျဉ်းက အစိမ်းကြီး မဟုတ်ဘူး...။ အမဲကြီးလို့...... :P

    ReplyDelete
  4. အဲဒီ ကတက် လေးကိုပြောလိုက် ကျွန်တော်သိတယ်လို့ဘာအရောင်းလဲဆိုတာ။ မုန့်ကျွေးရင်ပြောမယ်လို့။ :D နောက်တာနော် အနော်လဲသိဘူး။ ဟီးဟီး အကို အရေးအသားတွေပြောင်မြောက်တယ်နော်

    ReplyDelete
  5. သိဘာဘူး။ သိတိတောင် မထားမိဘူး။ ခုမှကြည့်မိတယ် ဟုတ်သားပဲ.. အင်တာနက် အချိန်ကို အားကိုးနေရတယ် အခု

    ReplyDelete
  6. GREEN ဆိုတော့လည်း ထင်ချင်စရာပေါ့ ... :D

    ReplyDelete