Blogger news

Tuesday, August 25, 2009

ချက်ကော့ဖ်ကို ကျီစယ် နောက်ပြောင်ခြင်း



နံရံမှာ ဂီတာတလက်ချိတ်ထားတယ်။

ရေပေါ်ကိုရေကျတဲ့အသံ တုံးလုံးပက်လက်
ရေက ရေနဲ့မပေါင်းချင်ဘူးတဲ့ (ရေကလည်း ရေဖြစ်ပြီး ရွှေပုံပေါ်မှစံချင်သတဲ့လေ)

နတ်သံနှောကာ ပြောလိုက်ချင်ရဲ့ အမ်မယ်မင်း..
ခဲလုံးကနေ တွေးခေါ်လိုက်တာ ဥဇနာမင်းကြီး ဆင်ကြောင့် ကံတော်ကုန်တဲ့အထိ

ဘယ်အချိန်ကြည့်လိုက် ကြည့်လိုက် ပုံရိပ်ရောင်နှုတ်ခမ်းသပ်ကို ခေါက်ချိုး ချိုးထားတဲ့ပုံ
စိတ်တွေလဲလေးတယ် အိပ်မက်ယာမက်တွေလဲမကောင်းဘူး အပြင်မှာလေတွေတိုက်နေတယ်

ဒေးဗစ်ဘက်ခမ်းတောင်မပြောတဲ့စကားမျိုး
ငါက ဘာရောဂါနဲ့ပြောရမလဲ

အုန်းသီးကိုအခွံချွတ်ထားတယ် အကြောသပ်ထားတယ်
ဒုံးပျံဟာ သူ့ကိုပစ်လွှတ်မယ့်စင်မှာ အဆင်သင့် ထောင်မတ်လျက်

မမသည်မျက်စေ့ကိုမှိတ်၍ သူမပင်ပန်းကြောင်းသွယ်ဝိုက်
စာကိုဓါးဖြင့်လျင်မြန်စွာ ဖောက်ဖြဲ လက်မ မကောင်းလက်မ ခြေမ မကောင်း

နံရံမှာ ဂီတာတလက်ချိတ်ထားတယ်
ဒါပဲ။ ။



ခင်အောင်အေး

၂၀၊ သြဂတ်စ်၊ ၂၀၀၉

2 comments:

  1. စာကိုဓါးဖြင့်လျင်မြန်စွာ ဖောက်ဖြဲ လက်မ မကောင်းလက်မ ခြေမ မကောင်း
    စာကိုဓါးဖြင့်လျင်မြန်စွာ ဖောက်ဖြဲ လက်မ မကောင်းလက်မ ခြေမ မကောင်း
    စာကိုဓါးဖြင့်လျင်မြန်စွာ ဖောက်ဖြဲ လက်မ မကောင်းလက်မ ခြေမ မကောင်း

    အတုခိုးသွားပါတယ်..အကို..

    အိန္ဒြာ

    ReplyDelete
  2. ဒါဆိုရင်တော့ တီးကိုတီးရ အုံးမှာပေါ့လေ။
    ဂစ်တာကို...

    ReplyDelete