Blogger news

Tuesday, August 18, 2009

ပို၍ကြီးသော ရေပွက်တစ်ခု

ပို၍ကြီးသော ရေပွက်တစ်ခု ပန်/၇၉




ပြင်းထန်လှသော ကယ်လီဖိုးနီးယားနေရောင်

ရေပွက်တစ်ခု ထစေခဲ့

တလိမ့်တုံးများကို အသုံးပြု၍

တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သောအသံ

လွတ်မြောက်နေသော အချိန်

အခိုက်အတန့်

စစ်မှုထမ်းရန်ငြင်းဆို

ဆွဲဆောင်သိမ်းသွင်းမှုကြောင့် ဒြပ်မဲ့

အကြီးအကျယ် ပတ်သက်

ပန်းချီ

ရေကူးကန်၊ မြက်ခင်းပြင်နှင့် ရေမှုန်ရေမွှားများ

စိတ်ကူး

အပန်းဖြေမှုလောကကို အေးတိအေးစက် အနီးကပ်လေ့လာ

ဗိသုကာပုံကြမ်း

မြို့၏အထင်ကရ

၄၅။ ဒေးဗစ် ဟော့က်နေ မွေး- ၁၉၃၇၊ ဘရဒ်ဖို့ဒ်

ဓါတ်ပုံကိုသုံးတတ်၏

အော်ပရာပြဇာတ်များ နောက်ခံရှု့ခင်းများ။ ။



ခင်အောင်အေး

၁၈၊ သြဂတ်စ်၊ ၂၀၀၉



(ပန်မဂ္ဂဇင်းအဟောင်းတအုပ်(နေ့စွဲမမှတ်မိ) မှဆုတ်ဖြဲသိမ်းထားသော ပန်းချီဆရာ ဒေးဗစ်ဟော့က်နေ ၏ “ရေပွက်တခု” အမည်ရှိ ပန်းချီကားအကြောင်း ရေးထားသော ရှင်းလင်းချက်အား ဖြတ်တောက် ပိုင်းစိတ်၍ ကဗျာ ပြန်လုပ်ကြည့်သည်၊ပြောရလျင် ၁၉၇၉-၈၀ခန့် ကတည်းက စွဲလန်းနှစ်ခြိုက်ခဲ့သည့် ပန်းချီကားဖြစ်ကြောင်း ဆိုတာပဲဖြစ်သည်၊ မိမိကိုယ်ပိုင်စာသားစာပိုဒ် တလုံးတပါဒ မျှပါဝင်ခြင်းမရှိကြောင်းဝန်ခံ ကတိပြုပါ၏။)

2 comments:

  1. အကိုရေ..

    မိုက်တယ်ဗျာ...

    အိန္ဒြာ

    ReplyDelete
  2. ကိုခင်အောင်အေးလို့ နာမည်ပါထားပြီးသားပဲဗျာ ဘာကို ထပ်ဝန်ခံနေရတာတုန်းဗျ.. ကဗျာလေး ဖတ်ရူခံစားသွားတယ်ဗျာ ..။ ဘာမှန်းတော့ မသိဘူးဗျ အဟီးဟီး

    ReplyDelete