ဇွန်လ ၄ ရက်နေ့ ညနေစောင်း။
ချုန်းမည်းချ ငိုတော့ မလို မိုးသားတိမ်လိပ်တွေ
ပန်းဆိုးတန်းလမ်းဘက်ဆီတွားတက်လာတယ်။
မဆီမဆိုင်
“ခင်အောင်အေး...ကိုယ့်ကို...” ဆိုပြီး
ဘယ်တော့မှစကား အဆုံးသတ်လေ့မရှိတဲ့
ကိုမြေကြီးကို သတိရသွား။
ယပ်တောင်။ ။
(ကဗျာဆရာ ကိုမြေချစ်သူသို့)
ခင်အောင်အေး
ကြေကွဲစရာ....
ReplyDeleteခင်အောင်အေးကဗျာတွေကြိုက်တယ်
များများဖတ်ချင်တယ်
စာလာဖတ်သွားတယ် လင်းထက်ရေ၊ နေကောင်းပါစ။
ReplyDeleteကျေးဇူးတင်ပါတယ်ညီရေ့
ReplyDeleteခင်အောင်အေးရဲ့ကဗျာတွေကိုဖတ်ရတာ အရသာသိပ်ရှိတာပဲ
ကိုခင်အောင်အေး..ကဗျာတွေ များများတင်ပေးပါဗျို့....း)
ReplyDeleteဆား... ဟဲဟဲဟဲ လာတယ်နော်။ ဒါနဲ့ ကဗျာက ဘာကိုဆိုလိုချင်တာလဲဟင် နားမလည်လို့ပါဗျာ။ ကျနော့်ကိုက သောက်သုံးမကျတာနေမှာ အပေါ်ကလူတွေကတော့ ကြိုက်တယ်တဲ့။
ReplyDelete