Blogger news

Saturday, February 21, 2009

ညီတစ်ယောက်ကောက်ရတဲ့ မွေးနေ့တစ်ခုအကြောင်း


လွန်ခဲ့သော တစ်နှစ် ၂၀၀၈ ခုနှစ်၏ ဖေဖော်ဝါရီလ ၁၃ ရက် နေ့မှာ ဘလော့ဂ် တွေ လိုက်ဖတ်ရင်း ဘလော့ဂ် တစ်ခု ကိုရောက်သွားပြီးတော့ ဝတ်ရုံတစ်ခုရဲ့ ရာဇဝင် ဆိုတဲ့ ပိုစ့်လေး ကို ဖတ်မိတယ် ..

သူဘယ်သူလဲ ဘယ်ကလဲ နာမည်ကြီး ဘလော်ဂါ လား တက်သစ်စ ဘလော်ဂါလား ကျွန်တော် အဲဒီအချိန်က လုံးဝ မသိပါဘူး...

အဲဒီ အချိန်က ကျွန်တော် ဟာ ဘလော့ဂ်ဖတ်သူ အဆင့်မှာတောင် အသစ်စက်စက် ပဲရှိသေးတဲ့ ဘလော့ဖတ်သူ တစ်ယောက်ပါ..

အဲဒီ ပိုစ့်လေး ကို ဖတ်ပြီးတော့ အရမ်းကြိုက် အရမ်းလေးစား မိပြီး တစ်ဆက်ထဲ ဆိုသလို သူ့ဘလော့ဂ် ဆိုဒ်ဘားလေး မှာ တင်ထားတဲ့ ကောင့်ဒေါင်းလေး တစ်ခု အရ နောက် တစ်ပါတ် မှာ သူ့မွေးနေ့ ရောက်တော့မယ် ဆိုတာ သိလိုက်ရတဲ့ အခိုက်အတန့်လေးမှာ အချိန်မဆိုင်းပဲ မွေးနေ့ဆုတောင်း E-Card လေးတစ်ကဒ် ကြိုပြီး ပို့်လိုက်မိတယ်..

ဒီလိုနဲ့မေ့မေ့ပျောက်ပျောက် ဖြစ်သွားပြီး အဲဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ မှာ ကျွန်တော့် ဆီကို အီးမေးလ် တစ်စောင် ပြန်ဝင်လာတယ် ကျေးဇူးတင်တယ် ဆိုတဲ့ E-Card လေး ပေါ့ ..

ညနေစောင်းမှာပဲ ကျွန်တော့်ရဲ့ ဂျီတော့မှာ အဲဒီဘလော့ဂ် ပိုင်ရှင် က သူ့ဂျီတော့ ကို အက်ဒ်လာပြီး စကားတွေ ပြောဖြစ်ကြရင်းက အခုအချိန်မှာ ကျွန်တော့် မှာ ညီလေးတစ်ယောက် ကောက်ရလာခဲ့ပြီလေ..

သူကတော့ ဘလော်ဂါ တွေ အတော်များများ သိကြတဲ့ ESSAY တွေ အရေးကောင်းပြီး သူ့ပိုစ့်လေး တွေဟာ စကားလုံး အလန်းလေးတွေ အတွေးအခေါ် အသစ်အဆန်း လေးတွေ နဲ့ ဘယ်လို ဇာတ်သိမ်းမယ် ဆိုတာ ခန့်မှန်းလို့ မရအောင် ရေးတတ်တဲ့ မနက်ဖြန်ဆိုတာရှိနေသ၍ ငါကတော့ ငါ့အိပ်မက်ကို ဖက်တွယ်ထားမှာဘဲ ဆိုတဲ့ ဆောင်ပုဒ် ကိုလက်ကိုင် ထားတဲ့ အိပ်မက်မက်ရင်တောင် အမဲရောင် အိပ်မက်တွေကို ပဲ မက်တတ်တယ် လို့ ဆိုတဲ့ အနက်ရောင်အိပ်မက်တစ်ခု၏ ဝိဥာဉ်များ ဆိုတဲ့ ဘလော့ဂ်ပိုင်ရှင် ဘလက်ဒရင်းပဲ ဖြစ်ပါတယ်...။

ဒီနေ့ဟာ ဆိုရင် သူနဲ့ ကျွန်တော် တို့ရဲ့ ညီအကိုလို ခင်မင်ခွင့် များစတင်ခဲ့ ရာနေ့တစ်နေ့ ဖြစ်သလို သူ့ရဲ့ ၂၄ ချပ်မြောက် တံခါးတစ်ချပ် ကိုအသာလှစ်ဟလို့ နောက်ထပ် နောက်ထပ် တံခါးချပ် များရှိရာကို ခြေလှမ်း များ စတင်တော့မယ့် ၂၄ နှစ်မြောက် မွေးနေ့ပဲ ဖြစ်ပါတယ်..

ယနေ့ မှ သည် နောက်နှစ်ပေါင်း များစွာထိ ငါ့ညီလေး ပျော်ရွှင်ဖွယ်ရာ မွေးနေ့များ ကို ပိုင်ဆိုင်နိုင်ပြီး ဘဝလမ်းခရီးတစ်လျှောက် မှာလဲ သာယာဖြောင့်ဖြူးငြှောင့်ဆူး ကင်းတဲ့ ပန်းခင်းသော လမ်းကို လျှောက်လှမ်းနိုင်ပြီး နိုင်ငံတော်နဲ့ ပြည်သူလူထု အကျိုးကို သယ်ပိုး နိုင်တဲ့ နိုင်ငံ့သားကောင်း ရတနာ အဖြစ် ကိုရောက်ရှိ နိုင်ပါစေ လို့ ဆုတောင်းပါတယ် ညီရေ..

14 comments:

  1. Gosh...! Speechless....! i have no word to mention for your post bro..!

    ကျွန်တော့်အတွက်လည်း အစ်ကိုဟာ ကျွန်တော့်အစ်ကိုအရင်းတစ်ယောက်လို ကိုခံစားရပါတယ်..။ ကျွန်တော်ပျော်ရွှင်နေတဲ့အချိန်မှာ ဘေးမှာအမြဲရှိခဲ့တယ်..။ ကျွန်တော် သောကတွေကြား ဒရောသောပါး မျောပါနေတဲ့အချိန်မှာလဲ ကျွန်တော့် ရဲ့ ခံစားချက်တွေကို အစ်ကိုသာအသိဆုံး ဖြစ်ခဲ့ပါတယ်..။ ကျွန်တော် အစ်ကို့ရဲ့ လက်ဆောင်အတွက် အမြဲတမ်း တန်ဘိုးထားအမှတ်ရနေမှာပါ...။ :)

    BLACK DREAM

    ReplyDelete
  2. မွေးနေ့ဆုတောင်းလေးက အရမ်းကောင်းတယ်ဟေ့။

    ReplyDelete
  3. ဘလက်ကြီးပုံမှ ဟုတ်ရဲ့လားလို့.. ယုံတောင် ယုံနိုင်ဘူး.. အဟိ..
    အရမ်းကို လန်းနေတယ်ဝေ့.... (မျက်နှာသေချာမမြင်ရလို့နေမယ်)
    အော်.. မျက်နှာမြင်ရရင် ဆွေမျိုးပါမေ့မှာ...
    ဟေ့.. သယ်ရင်း.. နင့်ကိုနင်သိပ် နှိမ်ချပြောမနေနဲ့.. ခု နင့်မွေးနေ့အတွက် ပိုစ့်တင်ပေးတဲ့သူ ၂ယောက်တောင်ရှိသွားပြီနော်... ဟွန့် ဟွန့်.. လောင်းအုံးမလား.. နင်ပြောတဲ့ ၂၀ဆိုတာလေ.. ကျော်စေရမယ်... ငါတိနေတယ်..

    ReplyDelete
  4. အော်.. သူက အဲဒိအချိန်တုန်းက ဘလော့ဖတ်တာတောင် အသစ်လေးဆိုပဲ... အဟိ.. ခုတော့ ငါတောင် မနာလိုဖြစ်နေရတယ်.. ဟွန့်... အဟိ.... ဘလော့ တန်းပလိတ်ကိုပြောပါတယ်.. နွေရာသီကရောက်တော့မယ်.. သူ့ဘလော့မှာ နှင်းကျလို့ပြီးတော့ဘူး.. နွေနှင်းလေးပေါ့နော်.. အဟိ... မီးမီးဘလော့ကျတော့ အဲဒိ အချိန်က လာမဖတ်ဘူး.. ဟီး... ဟီး.. ချိတ်ချိုးတယ်... ခေါ်တော့ဝူး.. တွား.. အဟိ.. (တီးခံပါချင်.. ဒီနေ့.. မဗေဒါတစ်ယောက် ကိုလင်းထက်အိမ်လာပြီး အူမြူးနေလို့ပါ)..

    ReplyDelete
  5. ကိုဘလက်ဆီ ရောက်ပြီးဆုတောင်းပေးလိုက်ပြီဗျ ....
    ချမ်းမြေ့ပါစေအစ်ကိုရေ :P

    ReplyDelete
  6. ဦးရီးတော် ရေ တူလေး လည်း ကိုဘလက် ကြီး အတွက်ဆုတောင်းပေး ပြီး သွားပြီ..။ တူလေးဆီကို လည်းလာဘူး နော်..။ စိတ်ဆိုးတယ်..။ အာကြီး လည်း သရေကျတယ်..။(ဘာမှမဆိုင်သလိုဘဲ) :-)

    ReplyDelete
  7. ဟမ်း ညီအကိုတွေ ချစ်နေကြတာနော်... ကောင်းပါတယ်။ ကိုလင်းထက်လို အကိုရထားတာ ဘလက်ကံကောင်းတယ်။ ဟိ ကျွန်မလဲ ဒီမောင်နှမတွေရထားတာ အားရှိတယ်ဗျို့..... Happy Birthday again Black Gyi.. :P

    ReplyDelete
  8. နာလဲ အဲဒီ post ကို အရမ်းကြိုက်တာ။ ကိုဆိုးသွမ်း ဘလောက်က ဖတ်ရတာထင်တယ်။ ဘလက်ရေးမှန်တော့ မသိလိုက်ဘူး။ ဟုတ်တယ် အဲဒီတစ်ပုဒ် တကယ်ပြောင်မြောက်တယ်။ ပန်းပျိုးလက် :)

    ReplyDelete
  9. နောက်ကျနေပေမယ့် ဆုတောင်းပေးပါတယ် .. ညီအကိုနှစ်ယောက် အသက်ထက်ဆုံး ပျော်ရွှင်ပါစေ ..း)

    ReplyDelete
  10. အကိုပါဝိုင်းပြီးဆုတောင်းပေးသွားပါတယ်..ကိုယ့်ညီတို့နှစ်ယောက်လုံး နှစ်ပေါင်းများစွာပျော်ရွှင်စွာနဲ့ စာတွေကဗျာတွေရေးပြီး ဘလော့နိုင်ကြပါစေ..

    ReplyDelete
  11. အကိုရေ...မွေးနေ့ရှင်ရောအကိုအတွက်ပါဆုတောင်းပေးလိုက်ပါတယ်
    ထာဝရပျော်ရွှင်ပါစေ.......

    ReplyDelete
  12. ကို BLACK DREAM

    ပျော်ရွှင်တဲ့ မွေးနေ့လေး ဖြစ်ပါစေ ..
    ဘ၀နဲ့ ဆန္ဒ ထပ်တူ ကျနိုင်ပါစေဗျာ။

    ReplyDelete
  13. ညီလေးတစ်ယောက် ကောက်ရပီးရင် ညီမလေး တစ်ယောက်လည်း ကောက်ရကြောင်းတင်ပေးဦးနော် (ကိုကြီး)

    ReplyDelete
  14. အော် .. ကိုမဲကြီးရဲ့ မွေးနေ့ကိုး။ မွေးနေ့မှာတင်မက နေ့တိုင်း
    ဘ၀ကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေဗျာ။

    ReplyDelete