Blogger news

Thursday, June 5, 2008

Address ဘားမှာ လိုဂိုလေးတွေထည့်မယ်

ကျွန်တော် တို့ ဘလော့ဂ်တစ်ခုကိုဝင်လိုက်ပြီဆိုရင် ဘရောက်ဇာရဲ့ ထိပ်မှာရှိတဲ့ လိပ်စာ ဘားမှာ ဘလော်ဂါကွန် ရဲ့လိုဂိုလေး ကိုဒီလိုတွေ့ရမှာ ဖြစ်ပါတယ်...။

ကဲ ဒီနေရာလေး ကို ကိုယ်ပိုင်လိုဂိုလေး အဖြစ်ပြောင်းချင်သူ များအတွက် ဘယ်လိုလုပ်ရမလဲဆိုတာ လေး ဝေမျှပေးချင်ပါတယ်သိပြီးသူများ သိပြီးဖြစ်ကောင်းဖြစ်နေမှာ ဖြစ်ပေမယ့် မသိသေးသူများ လုပ်ရမှာ ခက်ခဲနေသူများ အတွက် ရည်ရွယ်ပြီး ဝေမျှလိုက်တာပါ...။

လုပ်ပုံလုပ်နည်းကတော့ အလွန်လွယ်ကူပါတယ် ကဲစလိုက်ကြရအောင်...

ပထမဦးဆုံး ဘလော့ဂ် ရဲ့ Layout ကိုဝင်လိုက်ပါ..

ပြီးရင်တော့ Edit HTML ထဲကိုထပ်ဝင်လိုက်ပါ...

အဲဒီမှာ ကုဒ်တွေထဲက

<head>
ဆိုတဲ့ကုဒ်လေးရဲ့ နောက်မှာဒီကုဒ်ကိုထည့်လိုက်ပါ...

<link href='http://www.fos.su.se/~arnold/travel/asia2001/myanmar_flag.gif'
rel='shortcut icon'/>

ဒီကုဒ်မှာထည့်ထားတဲ့ လိုဂိုလေး ရဲ့လိပ်စာ အတိုင်းထည့်လိုက် ရင်တော့ ကျွန်တော့် လိုဂိုပုံစံလေး ဖြစ်တဲ့ မြန်မာ နိုင်ငံအလံလေး ဟာ လိပ်စာ ဘားမှာ တလူလူ လွင့်နေမှာ ဖြစ်ပါတယ် ..

မိမိတို့နှစ်သက်သလို လိုဂိုလေးများ ပုံလေးများ လုပ်ပြီး ဝဘ်ဆိုက် တစ်ခုခုမှာ upload လုပ်ပြီး ရလာတဲ့ url လိပ်စာကို အပြာရောင်ပြထားတဲ့ နေရာမှာ အစားသွင်းလိုက်ခြင်းဖြင့် မိမိ တို့ကိုယ်ပိုင်လိုဂိုလေးများ ဖန်တီးနိုင်ကြပါစေ..smile

6 comments:

  1. ကျွန်တော်လည်း အရင်က Favicon လုပ်ကြည့်သေးတယ် စိတ်မရှည်လို့ ဆက်မလုပ်တော့တာ။ နောက်အားမှပဲ ကလိတော့မယ် :)

    ReplyDelete
  2. အိမ်လေးလည်း ကြိုက်လို့ ကုဒ်ယူသွားတယ် အကိုလင်းထက်ရေ...ကျေးဇူးး...း)

    ReplyDelete
  3. ကောင်းတယ်ဗျာ.
    လွယ်ကူရှင်းလင်းတဲ့ ရေးသားတင်ပြချက်တွေပါပဲ.
    mmbloggerhelpdesk အတွက် ဒီပို့စ်လေးကို မသွားချင်ပါတယ်. ခွင့်ပြုမယ်ထင်ပါတယ်ဗျာ.

    http://mmbloggershelpdesk.blogspot.com/

    ReplyDelete
  4. ကျေးဇူးတင်တယ်နော့... လုပ်ကြည့်တာ အဆင်ပြေတယ်ရှင်... နားမလည်တာတွေကို တင်ပြပေးတဲ့အတွက် ကျေးဇူးပါ...

    ReplyDelete
  5. ကုတ်ယူသွားတယ် ကိုလင်းထက်ရေ ကျေးဇူးအများကြီးတင်ပါသည်။

    ReplyDelete
  6. မနက်ဖြန်ဆို ဒီ ပို့စ် ၁ နှစ်ပြည့်ပြီဗျ..။ ဘယ်လိုလဲ မသိဘူး..။ တိုက်ဆိုင်တာပဲလားတော့ မသိ..။ ကျွန်တော့် Wordpress Refer Link ထဲမှာ ဒီ link က နေညွှန်းထားလို့ ဘာများလဲ ဆိုလာကြည့်တာ။ အမှတ်တမဲ့ကြည့်လိုက်တော့ အစ်ကိုအသစ်ရေးထားတယ် ထင်တာ ရက်စွဲကလည်း မကွာတော့..။ နောက်တော့မှ အောက်မှာ မဲကြီးကော်မန့်ကိုတွေ့လို့ ရက်စွဲသေချာပြန်ကြည့်မှ..။ တိုက်ဆိုင်တာပဲ Happy ၁ နှစ်ပြည့်ပို့စ် :D

    ReplyDelete