လွန်ခဲ့တဲ့ စနေနေ့ကပေါ့ဗျာ ကျွန်တော်တို့မြို့ကလေးမှာ တနှစ်တကြိမ် ကျင်းပနေကြ ဖြစ်တဲ့ Harley-Davidson ပွဲတော်ကို ကျင်းပခဲ့ ပါတယ် မြို့ကတော့ အဲဒီနေ့မှာ နိုင်ငံပေါင်းစုံ မြို့ပေါင်းစုံက လာကြတဲ့ဆိုင်ကယ် သမားတွေရော ဆိုင်ကယ် တွေကို လာကြည့် ကြတဲ့ ဧည့်သည်တွေ နဲ့ရော ပြည့်နှက်လို့ပေါ့ဗျာ....။
လူတွေ ပြည့်နှက်လာပြီဆိုတော့ ဘာပြောကောင်းမလဲ ကျွန်တော်တို့ဆိုင်လဲ ရောင်းကောင်းလိုက်တာမှ ညဘက်ဆိုင်သိမ်းချိန်တွေ နောက်ကျ ကျွန်တော်လဲ သေလုမျောပါး မျော့မျော့ လေးပဲကျန်တော့တယ်..။
အဲလို နှိပ်စက်တဲ့ ဆိုင်ကယ်ပွဲကို သွားရောက် ကြည့်ရှုပြီး ဓါတ်ပုံတွေ တင်ချင်ပေ မယ့် ကိုယ့်မြို့မှာ ကျင်းပတဲ့ပွဲ ကိုတောင် သွားမကြည့်နိုင်လောက်အောင် အလုပ်များ တာကြောင့် သူငယ်ချင်းတစ်ယောက် ကိုပဲ ဓါတ်ပုံ ရိုက်ပေးဖို့ အကူအညီတောင်း ပြီး ကြည့်လိုက် ရပါတယ်..။
အစားကောင်းစားရင် ကိုယ်အချစ်ဆုံးလူတွေကို သတိရတယ်လို့ စကားပုံ ရှိသလိုပဲ ကျွန်တော့် ဆီလာလည်တတ်တဲ့ သူတွေကို လဲ ကြည့်စေချင်တာနဲ့ ပုံလေးတွေ တင်ပေးလိုက်ပါတယ်ဗျာ..။







ငှက်သွင်ပျံကြွမတတ်လော ဆိုတာ Harley-Davidsonအတွက် စပ်ထားသလားမသိဘူးနော် Harry Potter philosopher 's stone ထဲက ဆိုင်ကယ်ပျံကြီးကို သတိရတယ် ယူရိုထီပေါက်ရင် ကိုလင်းထက်ဖို့ တစ်စီးဝယ်ပေးမယ်
ReplyDeleteအစ်ကိုလိုချင်ရင် အိမ်မှာလာယူလေ...။ ဟီး..အရုပ်တွေ ပြောပါတယ်...ငယ်ငယ်တုန်းက ဆော့ခဲ့တဲ့ဟာတွေ..။ Harley-Davidson တင်မကဘူး Ferrari တွေလည်းရှိတယ် :P
ReplyDeletesait win sar bu kwar.. tike lae yin twe so daw taw taw a tone win mae.. Shoo bae tu mah twar ma pyaw ne :P
ReplyDelete