Blogger news

Monday, May 26, 2008

လူဟုခေါ်သည် သို့သော်???


မနက်မိုးလင်းတော့ကျွန်တော်အိပ်ရာထတယ်
မနက်စာစားတယ်..၊
ပြီးတော့အလုပ်ကိုသွားတယ်
ညမှောင်ချိန်မှာအလုပ်သိမ်းတော့
အိမ်ကိုပြန်လာတာပေါ့
ပြီးတော့ရောတဲ့
ဟား ဟား အိပ်ရာဝင်တာပေါ့ဗျာ
နောက်နေ့တွေလဲထိုနည်းလည်းကောင်းပါဘဲ..။

မနက်မိုးလင်းတော့နွားတစ်ကောင်
အိပ်ရာကထတယ်
အစာစားတယ်
ပြီးတော့သခင်နဲ့လယ်ယာလုပ်ငန်းခွင်ဝင်တယ်
ညနေမှောင်တော့
အိမ်ကိုပြန်လာတာပေါ့
ပြီးတော့သူလဲအိပ်စက်အနားယူတာပေါ့..။

ကျွန်တော့်ကိုလူဟုခေါ်သည် သို့သော်?????

PS:ဘာရယ်ညာရယ်လို့တော့မဟုတ်ဘူးဗျာ ကဗျာလဲမဟုတ် ဘာလဲမဟုတ် စိတ်ထဲမှာ ကိုယ့်ကိုကိုယ်ခံစား ရတဲ့ခံစားချက်ကို ရင်ဖွင့်တာ...။

6 comments:

  1. အစ်ကိုကသာ ဘာမှမဟုတ်ဘူး ပြောတာ.. ကဗျာက တော်တော် တာသွားတယ်နော်..။ မိုက်တယ်...။ တစ်ခြားသူတွေတော့မသိဘူး ကျွန်တော်တော့ လက်ခံတယ်...။ တစ်ခါတစ်လေ အရိုးဆုံးက အလှပဆုံး အမှန်ဆုံးဆိုသလိုပေါ့။

    ReplyDelete
  2. ကိုယ့်ကိုယ်ကို အဲလိုတော့ တွေးလိုက်ပါနဲ့ :P
    တူတာတွေ မြင်အောင် တွေးတဲ့အတွေးကတော့ မိုက်ပ။
    မတူတာကတော့ နွားက ညဥ့်နက်အောင် အင်တာနက်မသုံးဘူး။ ဘလော့မရေးဘူး။ :D

    ReplyDelete
  3. အားလားလား မိုက်တယ်ဗျာ ဘာရယ်ညာရယ်မဟုတ် လို့သာတော်တော့တယ် .... ကြိုက်တယ်အစ်ကိုရေ.. ကဗျာပြောတာ :D

    ReplyDelete
  4. အင်းမတူတာရှိသေးတယ်.. နွားကစားပီး ညရောက်တော့ စာမြုံ့ပြန်တယ်..တချိုလူတွေ က နွားလောက်တောင် စာမြုံ့မပြန်တော့ ခက်ကုန်တာပေါ့ :P

    ReplyDelete
  5. ခံစားချက်ကဗျာလေး မိုက်တယ် လိမ္မာဘူး...:P
    အကိုလင်းထက်ကြီး လူဟုခေါ်သည် သို့သော် လူထဲက လူတစ်ယောက်ပါပဲအကိုရာ ဘာမှမထူးခြားတဲ့ ပခုံးနှစ်ခုကြား ခေါင်းပေါက်တဲ့လူလေ ဟုတ်တယ်ဟုတ် ...း)
    အဆင်ပြေပါစေရှင့်...။

    ReplyDelete
  6. ကိုယ့်ကိုယ်ကို အဲဒီလောက် မြှောက်မပြောနဲ့ဟ....ဟီး
    ငါတော့ အဲဒါကြီးနဲ့ ကိုယ့်ကိုယ်ကို ပြောရမှာ အားနာလို့
    စက်ရုပ်ကွ.....ဟီ....ဟိ

    ReplyDelete