Blogger news

Tuesday, March 10, 2009

ကျီးကန်း

ကဗျာမရေးတာ ကြာပြီ ဖြစ်တဲ့ ကျွန်တော့ ရဲ့ အကိုကြီးအရင်းကို ကျွန်တော် ကဗျာတွေ ပြန်ရေးဖို့ တိုက်တွန်းလွန်းအားကြီးတာကြောင့် သူ့ရဲ့ ကဗျာလေးတွေ ထဲက တစ်ပုဒ်ကို ကျွန်တော့် ထံ ဒီကနေ့ ပို့ပေးလိုက်တာကြောင့် အားလုံး မျှဝေခံစားနိုင်ဖို့ တင်ပေးလိုက်ပါတယ်..။

ကျီးကန်း

ငါ့ကျီးကန်းက တက်ဒ်ဟယူးစ်ရဲ့ ကျီးကန်းလို မဟုတ်ဘူး၊
ပြူးကျယ်ကျယ်မျက်လုံးတွေက အမြင်ကျယ်ဖို့ မဟုတ်ဘဲ
ပိုင်ရှင် မကြည်ဖြူတဲ့ အရာတွေကို အလစ်ထိုးသုတ်ဖို့သာ အသုံးဝင်သတဲ့။

ကြည့်လေ...
ခုန်ဆွ ခုန်ဆွ၊ မထီတထီ
ခေါင်းကို ဘယ်စောင်းလိုက် ညာငဲ့လိုက် ခုန်ဆွ ခုန်ဆွ

တိုက်ခေါင်မိုးတစ်ခုကနေတစ်ခု
နောက်ဖေးလမ်းကြားရေဆင်းပိုက်တစ်ခုကနေတစ်ခု
မိလ္လာအုတ်ခုံ တစ်ခုကနေတစ်ခု

ခုန်ဆွ၊ ခုန်ဆွ၊ ခုန်ဆွ

လက်ဆေးကြွေခွက်မှာ လက်ဆေးတယ်၊ ပလုတ်ကျင်းတယ်
ပြူတင်းပေါက်သံပန်းကတစ်ဆင့် အပြင်ကိုလှမ်းအကြည့်မှာ
မျက်နှာကို အပက် ခံလိုက်ရတဲ့ အာရုံ အညစ်အကြေး တစ်ခု။ ။

ခင်အောင်အေး
၁၇/၀၇/၂၀၀၀

7 comments:

  1. ကဗျာကောင်းလေး မျှဝေပေးတာ ကျေးဇူးပါ။

    ReplyDelete
  2. ကောင်းလိုက်တဲ့ကဗျာ အစ်ကိုရာ...။ ရေးတဲ့ အစ်ကို တစ်လိုက်တာဗျာ..။ တင်ပေးတဲ့ ငါ့ကိုကြီးကိုလဲ ကျေးဇူး...။ ဒီလိုတန်ဖိုးရှိတဲ့ လက်ရာရှင်တွေကို အမြန်ဆုံးစင်ပေါ်တင်ပေးဖို့ အစ်ကို့တာဝန် ပဲနော့်...။

    ReplyDelete
  3. ကဗျာကောင်းလေးအတွက် ကျေးဇူးဗျာ ...

    ReplyDelete
  4. ဘာကြီးလဲ
    သူများတွေက ကောင်းတယ်တဲ့
    ထပ်ဖက်တယ် ဒုတိယံမိ
    ဘာလည်း။
    ထပ်ဖက်တယ် တတိယံမိ
    ဘာကိုလဲ။
    ပြန်သွားတယ်။ ထပ်လာဖက်တယ်။
    အင်း သူများပြောသလို လိုက်ပြောလိုက်တယ်
    ကိုကြီးရေ ကောင်းတယ်။

    ReplyDelete
  5. ကဗျာဖတ်တယ်---
    အတွေးတွေ ---တွေးသွားတယ်-

    ကျီးကန်း--?

    ReplyDelete
  6. အသစ်လာရှာတာ--မတွေ့လို့--
    အဟောင်းထပ်ဖတ်သွားပါတယ်---

    ReplyDelete
  7. ကဗျာလေးကို ဖတ်ရူခံစားသွားတယ်ဗျို့။ ရှယ်ပဲဗျို့

    ReplyDelete