Blogger news

Tuesday, September 9, 2008

Baby Loading

အရင်သင်္ဘော လိုက်တုန်းက အဖြစ်အပျက် လေး တစ်ခုကို ပြန်သတိရလို့ ရေးလိုက်တာပါ..

ဖတ်ပြီး ပြုံးရုံကလေး ပြုံးရတယ် ဆိုရင်ပဲ ကျွန်တော် ရေးရကျိုး နပ်ပါပြီ ..

ဒီလိုဗျ

ကျွန်တော် တို့ သင်္ဘော က ကွန်တင်နာ တင်တဲ့ သင်္ဘော အိန္ဒိယ ကလကတ္တား မြို့ကို အမြဲ ရောက်လေ့ ရှိတယ်..

အဲဒီမှာ အိန္ဒိယ အခံ ကုမ္ပဏီ ကနေ သင်္ဘောပေါ် မှာ ကုန်တင် ကုန်ချ လုပ်ရင် ကူညီဖို့ စောင့်ကြည့်ဖို့ ကုမ္ပဏီ ကလူယုံ တွေခန့်ထားပေးတယ် ..

အမြဲတန်း တွေ့နေကြ ဆိုတော့လဲ ခင်သွားကြတယ်ပေါ့ဗျာ ...

ဒီလိုနဲ့ အဲဒီထဲက ကောင်လေး တစ်ယောက် လက်ထပ် သွားတယ် ဗျ

သူ လက်ထပ်ပြီး သွားချိန်မှာပဲ ကျွန်တော် တို့ သင်္ဘောလဲ ၄ လ လောက် အိန္ဒိယ ကို မရောက် ဖြစ်တော့ဘူး

အဲ ၄ လ ကြာပြီးသော အခါပေါ့ဗျာ

ပထမ ဦးဆုံး အကြိမ် အိန္ဒိယ ကိုပြန်ရောက်ပါတော့တယ်..

အဲဒီမှာ ထုံးစံ အတိုင်း အလုပ်သမား လေး တွေနဲ့ပြန်တွေ့ကြပါလေရော..

ခုနက လက်ထပ် သွားတဲ့ ကောင်လေး ကိုလဲ ပြန်တွေ့ပါတယ်

ဒါနဲ့ ထုံးစံ အတိုင်း နေကောင်းလား အဆင်ပြေလား မရောက်တာကြာပြီ ဘာညာ သာရကာ နေကြာကွာစိ ဘလာ...ဘလာ...ဘလာ ပေါ့ဗျာ ပြောကြရင်းနဲ့...

ကောင်လေးက ပြုံးဖြီးဖြီး နဲ့ သူ့ဗိုက်ရှေ့မှာ လက်ကလေး ဝေ့ဝိုက်ပြီး ပြောလိုက်တဲ့ စကားကြောင့် ကျွန်တော် တို့ အားလုံး မျက်နှာပိုး မသပ် နိုင်လောက်အောင် ရီမော မိကြပါတယ်

သူက ဘာပြောလဲဆိုတော့

Now my wife is Baby Loading.
ပါတဲ့ ခင်ဗျာ သူအမှန်တကယ် ပြောချင်တာ ကတော့ အခု သူ့မိန်းမ ကိုယ်ဝန်ဆောင် ထားပြီလို့ ပြောချင်တာပါ

ဒါပေမယ့် ကိုယ်ဝန်ဆောင် တာကို ဘယ်လို့ပြောရမှန်း မသိတာနဲ့ သင်္ဘော ပေါ် ကုန်တင်ရင်Cargo Loading လို့ ပြောတာ ကို သူကလဲ သူ့မိန်းမ ဗိုက်ကြီးနေတာ ကို အစားထိုး သုံးလိုက်တာပါ...



6 comments:

  1. ဘေဘီလုပ်ဒင်း ကလဲ အတော်ကြာတယ်နော် ကိုးလလောက် ဟိ ကွန်နက်ရှင်တအားနှေးတယ် ဗိုင်းရပ်စ်ဝင်သွားလို့ထင်တယ် ဟီး

    ReplyDelete
  2. ဒါဆို ကိုယ်ဝန်ပျက်ကျတယ်ဆို သူဘယ်လိုပြောမလဲဟင်။ ကွန်ပျုတာသမားဆိုရင် Now my wife is Baby failed လို့ပြောလေမလား :D

    ReplyDelete
  3. တားမြစ်ထားတယ် သို့မဟုတ် ပိတ်ပင်ထားတယ် ဆိုရင်တော့
    ဘေဘီ အဆက်ဒီနိုင်း ပဲလား...
    ဘန်းခံထိတယ် ဆိုရင်ကော..ဟတ်..ဟတ်
    တော်တော်နောက်တဲ့လူကြီး

    ReplyDelete
  4. uploading လုပ်တာလား downloading လုပ်တာလား

    ReplyDelete
  5. မှတ်သားလောက်ပါတယ်ရှင့်..။ မှတ်သားလောက်ပါတယ်ခင်ဗျ..။ အဲလိုလုပ်စမ်းပါ အစ်ကိုရ အတွေ့အကြုံလေးတွေ...။ အလကားနေ မလာတော့တဲ့ မီး (အဲလေမှားလို့)...အလင်းတန်းကိုချည်း စောင့်မနေနဲ့ :)

    ReplyDelete
  6. အဟက်.. ရီသွားရတယ် အစ်ကိုကြီးးရ..
    ဘေဘီလုပ်ဒင်းး တဲ့ .. ခွိ ခွိ :P

    ReplyDelete