This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Blogger news

စမ်းသပ်ခြင်း ၁

Saturday, January 31, 2009

ချစ်ဂလဲ့စား

မြန်မာပြည်တစ်နေရာရှိဆေးရုံဓါတ်ခွဲခန်းအတွင်းမဖြစ်နိုင်ဘူး ဆိုတဲ့ ရင်ဘတ်ထဲ က ထွက်ပေါ် လာတဲ့ အသံ ဟာ နားစည် က တစ်ဆင့် ဝင်ရောက် လာတဲ့ ဆရာဝန်ကြီးရဲ့ ရှင်းလင်း ချက်တွေက ဖိနှိပ် လိုက်တဲ့ အတွက် လည်ချောင်း အရင်း မှာတင် အပြင် ကို ထွက်ပေါ် မလာနိုင်ပဲ ပျောက်ဆုံး သွားတယ်..“အဲဒီတော့ မောင်ဖြိုးအောင် အနေနဲ့ ဆရာ တို့ကို တစ်ခုလောက် ကူညီစေချင်တယ်”“ဘာကူညီရမှာလဲ ဆရာ ဒီဘဝ ဒီအခြေ အနေကြီးနဲ့ ကျွန်တော် က ကူညီဖို့ နေနေသာသာ ကျွန်တော် ကိုယ်တိုင် တောင် အကူအညီ ကင်းမဲ့ နေပါပြီ..”“မဟုတ်ဘူးလေ...

Thursday, January 29, 2009

The Grudge 3

ညဘက် အိပ်ရတာ ပျင်းခြောက်ခြောက် ဖြစ်နေတဲ့ သူများ အတွက် ရုပ်ရှင် ကားလေး တစ်ကား ညွှန်းချင်တယ် ..။ဒီကားရဲ့ ပထမပိုင်း ကို ကြည့်ဖူးတာတော့ လွန်ခဲ့တဲ့ သုံးနှစ်ကျော် လောက်ကပဲ ဗျ တော်တော်လေး ညဘက် အိပ်ရတာ သတိဝီရိယ ကောင်းအောင် ဆွဲဆောင်နိုင်တယ် ..။အခု ၂၀၀၉ မှာ တတိယ ပိုင်းထွက်လာလို့ ကြည့်ချင်တဲ့ သူတွေ ကြည့်လို့ ရအောင် လင့်လေး ချိတ်ပေးထားတယ် ..။သွားကြည့်လိုက်ပါအုံး ကျွန်တော် တော့ ကြည့်ပြီးသွားပြီ ဟိ ဟိ လင့်က ဟောဒီမှာပါ ...။ဒါက DivX webplayer မရှိသူများ အတွက် Zshare...

၂၄ ပွင့် သီပြီးသွားတဲ့ ခရေပန်း ကုံးလေး

ဒီကနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ဟာ ညီမငယ် ပန်းခရေ ကျွန်တော့ အခေါ် ပေခရမ်း ရဲ့ ဘဝလမ်း ခရီးမှာ နောက်ထပ် ၂၄ ခုမြောက် မှတ်တိုင် စိုက်ထူလိုက် တဲ့ နေ့လေးပါ ..။မွေးနေ့ရှင် က အပျိုကြီး ပေါက်စ ဖြစ်လာပြီ ဆိုတော့ ဘလော့ဂ် ပေါ်မှာ အလကား ကျွေးရမှာ တောင် နှမျော နေလို့ အကိုဖြစ်သူကပဲ သူ့အစား ဧည့်သည် တွေ ကို ဧည့်ခံပေးရတော့မှာပေါ့...။အရင်ဦးဆုံး မွေးနေ့ရှင် အတွက် မွေးနေ့လက်ဆောင် အဖြစ် ကိုယ်လောလော ဆယ်နေတဲ့ ဆီက အကြွေးဝယ်လို့ ရမယ့် မာစီးဒီး ပဲ လွယ်လွယ် ဝယ်ပေးလိုက်တယ် ရုံးတက်...

Tuesday, January 27, 2009

ကျေးတောရွာ သို့ အလည်တစ်ခေါက်

“ဟေး ... လာကြ လာကြ ရောက်လာ ကြပြီပေါ့ ကဲ ညီလေး က မော်တော် ဦးခန်း ကိုသာ သွားလိုက် အကိုနဲ့ တူတူ မောင်းကြတာပေါ့.။”ဒီလို ပြောလိုက်သူက ကြည်ဆိပ် လို့ ခေါ်တဲ့ ရွာက ကျေးရွာကောင်စီ ဥက္ကဌ လဲ ဖြစ် ရွာနဲ့မြို့ကို ဆက်သွယ်ပေး နေတဲ့ တစ်ခုတည်းသော ဆက်သွယ်ရေး မော်တော်ဘုတ် ကို ပိုင်ဆိုင်သူလဲ ဖြစ်တဲ့ ကိုအောင်သူပါ.........။ဒါနဲ့ မော်တော်ဦးခန်းမှာ ပါလာတဲ့ တစ်ခုတည်းသော ကျောပိုး အိပ်လေး ကို ဘုတ်ခနဲ ပစ်ချလိုက် ပြီး မော်တော်ပေါ် ပါလာသူတွေ ကို တစ်ချက်ဝေ့ကြည့်လိုက် မိတော့ မျက်မှန်း...

Sunday, January 25, 2009

Summer Movie (Titanic 2)

လွန်ခဲ့သော နှစ်အတော် များများ က ကမ္ဘာနဲ့ အဝှမ်း နာမည် ကျော်ကြား လူကြိုက်များခဲ့ တဲ့ တိုက်တန်းနစ် ဇာတ်ကား ကြီးမှာ ဆင်းရဲသား လေး ဂျက် နဲ့ အထက်တန်းလွှာ က ရိုစ့် တို့ သင်္ဘောမြုတ် သွားတဲ့ အချိန် ရိုစ့်ဟာ ဂျက် ကို ရေထဲ မှာ စွှန့်လွှတ် ခဲ့ရပြီး ပရိသတ် အားလုံး ရင်ထဲ ဆို့နင့်စွာ နဲ့ မျက်ရည် မခိုင်သူတို့ မျက်ရည် လည်ရွဲ ရုပ်ရှင် ရုံ အပြင် ကို ထွက်ခဲ့ ကြရပါတယ်..။အခု ဒီနှစ် နွေရာသီ မှာ အမေရိကား နဲ့ ဥရောပ မှာ သေဆုံးသွားပြီလို့ ထင်ထားတဲ့ ဂျက် တစ်ယောက် လူ့လောက ထဲ ပြန်လည် ရောက်ရှိလာပြီး သူ့ချစ်သူ ရိုစ့် ကိုပြန်လည် ရှာဖွေ ပါတော့မယ် ..။လီယိုနာဒိုဒီကာပရီယို ကို ကြိုက်နှစ်သက်သော...

ပိန်ညှောင်ညှောင် ကောင်လေးတစ်ယောက် အကြောင်း

သူ့ရဲ ကိုယ်ပိုင် ကမ္ဘာလေး တစ်ခု ကို သူပိုင်ဆိုင် ခဲ့တာ ဟာဆိုရင် တစ်နှစ်နဲ့ လေးလ ပြည့်မြောက်ခဲ့ ချိန်မှာ သူ့ရဲ့ လူ့လောက ကြီးကို ရောက်ခဲ့တာလဲ ရေတွက်ကြည့်မယ် ဆိုရင် လူ့သက်တမ်း ၂၃ နှစ်ပြည့်မြောက်ခဲ့ပြီပေါ့..။မွေးရပ်မြေနဲ့ ချစ်တဲ့ ပျော်ရွှင် စရာ မိသားစုလေး ကိုခွဲခွာ ပြီးပျော်ရာမှာ မနေ တော်ရာမှာ နေခဲ့ ရတဲ့ ဘဝလေး မှာ သူ့ရဲ့ ကိုယ်ပိုင် ကမ္ဘာ လေးကို မောင်မျိုးနှင့်ပေစောင်းစောင်း ရိုက်ချက်များ ဆိုပြီး တည်ဆောက် ခဲ့တာပေါ့..။ဒီ ကမ္ဘာလေးထဲမှာ သူ့အတွက် ပျော်ရွှင် ကြည်နူး...

Saturday, January 24, 2009

ငပိ လွမ်းသူများ

မြန်မာလူမျိုးနဲ့ ငပိ ၊ ငပိ နဲ့ မြန်မာလူမျိုး ကျောနဲ့ရင် တစ်သား ထဲဖြစ်နေသလို ဘယ်လိုမှ ခွဲခြားလို့ မရလောက် အောင်ပါပဲ..။အဲဒီမှာ မြန်မာပြည် မှာနေထိုင် သွားဖူးတဲ့ နိုင်ငံခြားသား တွေဟာ သူတို့ နိုင်ငံ ပြန်သွားပြီး ငပိ ကိုစွဲစွဲ လမ်းလမ်း ဖြစ်နေတာလေး တွေ ကျွန်တော် ယ္ခင် သင်္ဘောလိုက်နေစဉ် တုန်းက ကြုံတွေ့ ခဲ့ရဖူးပါတယ်..။မြင်တွေ့ခဲ့ရတာတော့ အိန္ဒိယ မှာပါ ပထမ ဦးဆုံးကတော့ ကာလကတ္တား ကို ကုန်ချဖို့သွားတဲ့ အချိန် ဆိပ်ကမ်းထဲ ကိုဝင်ဖို့ အတွက် ဒေါက်ထဲ ဝင်ရပါတယ် အဲဒီဒေါက်...

Thursday, January 22, 2009

အဖေပေးမယ် ဆိုတဲ့ အမွေ

ကျွန်တော်ငယ်စဉ် က ပျော့ပျော့လေးနဲ့ နံတဲ့ ကြောင်ချီးလို့ ပြောလို့ ရလောက် အောင် ပြန်မပြော နားမထောင် မဟုတ်တာ လဲ လုပ်တာ မဟုတ် ဟုတ်တာလဲ မလုပ် ဘာကြီးမှန်းလဲ မသိ ဆိုးသည်လဲ မဟုတ် ကောင်းသည် လဲ မဟုတ် အလည် အလတ် တန်းစားထဲ ပါမည် ထင်သည်..။အဖေနဲ့ နေစဉ် အပေါ်ထပ် မှာ ကျွန်တော် တစ်ယောက်ထဲ နေရသည် အဖေ နှင့် ကြီးဒေါ်ကြီးက အောက်ထပ်မှာ နေသည်.. အပေါ်ထပ် ဆိုပေမယ့် အပြည့် မဟုတ်ပါ အိမ်၏ ထက်ဝက်ခန့်သာ ရှိပြီး ဟင်းလင်း ပြင် ဖြစ်ပါသည် ဒီတော့ အောက်ထပ် ဧည့်ခန်း မှ အပေါ်ကို မော့ကြည့်လျှင်...

Wednesday, January 21, 2009

၁၅ ရက်ပျောက်သွားတဲ့ ပိတ်ရက်များ..။

ဒီပိုစ့်လေး ရေးဖြစ်တဲ့ အကြောင်း ကတော့ ကျွန်တော် ပိုစ့်တွေ မတင်ပဲ ဘာလို့ပျောက်နေတာလဲ ဆိုတာလေး ပြောရင်း လာရောက် ဖတ်ရှုသူတွေ ကို ဘလော့ဂ် ကို ဒေါင်းလုဒ် ဝိတ် ဘယ်လောက်လေး နေပြီလဲ ဆိုတာ စစ်လို့ ရတဲ့ ဆိုဒ်လေး တစ်ခု လဲ ပေးချင်လို့ပါ တော်တော် လေး အဖိုးတန်ပါတယ် ..။ပြီးခဲ့တဲ့ လကုန်လောက်က ဆိုင်ပိတ်ခါ နီးတုန်းကတော့ အတွေးထဲမှာ က ငါတော့ အေးဆေးနားရပြီ ဘလော့ဂ်လေး ကို ပိုစ့်တွေ တင်မယ် ဘလော့ဂ် တွေလည်မယ် အိမ်မှာပဲ ကွန်ပြူတာ တစ်လုံးနဲ့ ကမ္ဘာပတ် ပြီး လျှောက်လည် မယ်လို့...

Monday, January 5, 2009

ခြောက်သွေ့သွားတဲ့ ခံစားချက်

တစ်ခုလောက် တော့ကိုယ့်ကိုပြောခွင့်ပြုပါကိုယ်မင်းကို ပြောခဲ့ဖူးရင် ပြောခဲ့ဖူးမယ်ကိုယ်ဟာ ဆာလောင်မွတ်သိပ် နေသူတစ်ယောက်ပါလို့ဒါမှ မဟုတ် အချစ် နန်းတော် ကြီးထဲမှာဘုရင် မင်းတရားကြီး လုပ်ချင်နေသူပါ လို့ဒါပေမယ့် မင်းပေးခဲ့ တာတွေကဟင်းချိုမပါ အတို့အမြုတ် မပါ တဲ့ထမင်းဝိုင်း တစ်ခုလို ခြောက်ကပ်လို့ကိုယ်သိမ်းပိုက် ခဲ့မိတဲ့ နန်းတော်ကြီးကလဲမေတ္တာ စမ်းချောင်းတွေ ခြောက်ခမ်း နေတဲ့ကန္တာရ အလည်က မိုးခေါင်ရေရှား ရပ်ဝန်းမှာတည်နေတဲ့ နန်းတော်ကြီးတစ်ခု ဖြစ်လို့ပေါ့ဒီတော့ ကိုယ်ပြောချင်တာ...