လွန်ခဲ့တဲ့ စနေနေ့ကပေါ့ဗျာ ကျွန်တော်တို့မြို့ကလေးမှာ တနှစ်တကြိမ် ကျင်းပနေကြ ဖြစ်တဲ့ Harley-Davidson ပွဲတော်ကို ကျင်းပခဲ့ ပါတယ် မြို့ကတော့ အဲဒီနေ့မှာ နိုင်ငံပေါင်းစုံ မြို့ပေါင်းစုံက လာကြတဲ့ဆိုင်ကယ် သမားတွေရော ဆိုင်ကယ် တွေကို လာကြည့် ကြတဲ့ ဧည့်သည်တွေ နဲ့ရော ပြည့်နှက်လို့ပေါ့ဗျာ....။လူတွေ ပြည့်နှက်လာပြီဆိုတော့ ဘာပြောကောင်းမလဲ ကျွန်တော်တို့ဆိုင်လဲ ရောင်းကောင်းလိုက်တာမှ ညဘက်ဆိုင်သိမ်းချိန်တွေ နောက်ကျ ကျွန်တော်လဲ သေလုမျောပါး မျော့မျော့ လေးပဲကျန်တော့တယ်..။အဲလို...