This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Blogger news

စမ်းသပ်ခြင်း ၁

Thursday, April 17, 2008

ဝိဥာဉ် ရှာ ဖွေသူများ (၃)ဇာတ်သိမ်း

အသံကြားရာ မိန်းကလေး များ အခန်းဘက် သို့ တအုပ်စုလုံးအပြေးအလွှား ရောက်ရှိသွား ကြချိန်တွင်မတော့ သရဲ မကြောက်တတ်ဘူး ဟု အမြဲကြွေးကျော် လေ့ရှိသူ အိမ်လေး ကို အခြား မိန်းကလေးများ ၏ အလည်တွင် စကားမေးမရပဲ ကြောင်တောင်တောင် ဖြင့် ပြူတင်းပေါက် ရှိရာဘက်ဆီ သို့ လက်ညှိးထိုး ပြီးပါးစပ်မှလဲ မသဲမကွဲ ရေရွတ်နေသည် ကို တွေ့ လိုက်ရပါ၏.....။“အိမ်လေး အိမ်လေး ဘာဖြစ်လို့ လဲ ဘာတွေ့ လို့ လဲ?”အားလုံး ဝိုင်းမေး ကြသော်လည်း အိမ်လေး ဘာမှ ပြန်မဖြေ နိုင်တော့ပါ၊မမေတစ်ယောက်...

Wednesday, April 16, 2008

ဝိဥာဉ် ရှာဖွေသူများ (၂)

ပစ္စည်းများအားလုံး နေရာတကျ ထားပြီး ချိန်လောက် မှာပင် အပြင်ထွက် လည်ပတ်နေ သူများ ပြန်လည် ရောက်ရှိ လာကြ ရာချောက်ခြား ဖွယ်ရာ တိတ်ဆိတ် ငြိမ်သက် လျှက်ရှိခဲ့ သော အိမ်ကြီး မှာ စကားသံ များဖြင့် ဆူညံ အသက် ဝင်လာ ပါတော့သည်.....။“ဟေး... ကိုလင်းထက်တို့ ရာဇာ တို့ ရောက်လာ ကြပြီ ကိုး နောက်ကျတယ်နော် ဒီမှာ နာရီ စင်နား က ကီးမားပလာတာ ဝယ်လာတယ် မေ တို့ တော့ တိုဖူးနွေး ကော ကီးမား ရော အပြတ် တွယ်လာတယ် ဒါက အိမ်မှာ ကျန်ခဲ့ တဲ့ သူတွေ စားဖို့ ဝယ်လာ တာ...”“ကျေးဇူး ကျေးဇူး ဗိုက်ဆာ...

Tuesday, April 15, 2008

ဝိဥာဉ် ရှာ ဖွေသူများ

ကုန်းမြင့်ကလေး ပေါ်ရှိ ကြီးမား ကျယ်ဝန်း လှသည့် ခြံကြီး တခုအတွင်း တည်ရှိ နေသော အင်္ဂလိပ်ခေတ်လက်ကျန် အုတ်တိုက် နီနီကြီး ရှိရာသို့ တိုယိုတာ ဟိုက်အေစ့် အမျိုးအစား ကားတစီး အရှိန်ပြင်းပြင်း ဖြင့်မောင်းဝင် လာပြီး တိုက်ကြီး ၏ ဆင်ဝင် အောက်တွင် ထိုးရပ်လိုက်၏.....၊အချိန်ကတော့ မနည်းလှတော့ ည ၈ နာရီကျော်စ ပြုပြီ၊ထို့ နောက် ကား၏ ဘေးမှ လျှောတံခါး ပွင့်သွားပြီး လူများဆင်းလာကြသည်...သူတို့ ၏ ပုံစံများက တနေကုန် ခရီးပြင်း နှင်လာ ရသဖြင့် ပင်ပန်း နွမ်းနယ် နေကြဟန်ရှိ၏......။ပထမဆုံးဆင်းလာသူက...

Thursday, April 10, 2008

ကြောက်တတ်သူများ မဖတ်ရ

တစ္ဆေ၊သရဲ ဆိုတာကို ကျွန်တော့် အနေနဲ့ တော့ယုံသည်လဲ မဟုတ် မယုံ သည်လဲ မဟုတ်တဲ့ လူစားထဲ မှာပါ ပါတယ်။ဒါပေမယ့် လဲ ကျွန်တော် မြင်ဖူး ကြားဖူးတာ လေးတွေ ကို လာလည် သူတွေ အတွက် အပျင်းပြေ အပျော် ဖတ် လို့ ရအောင်တင်ပြလိုက် ပါတယ် ကိုယ့်ဘာသာ ကိုယ်သာ စဉ်းစား ချင့်ချိန် ကြပါ ခင်ဗျာ.....။အခု အဖြစ် အပျက်လေး ကတော့ ကျွန်တော့် အမ များ ရန်ကုန် တက္ကသိုလ် ပင်မမှာ ကျောင်းတက်နေ စဉ်က သူတို့ သူငယ်ချင်း တယောက် ကြုံတွေ့ ခဲ့ရတဲ့ အဖြစ် အပျက်လေးပေါ့ဗျာ....အချိန်က...၁၉၈၀ ဝန်းကျင်.........။မေ တယောက် ဆရာသင်ခဲ့ သောသင်ခန်းစာ များကို ဘလက်ခ်ဘုတ် ပေါ်မှ ကူးရေး နေခြင်း ကိုအပြီးသတ်လိုက် ပြီး...

Tuesday, April 8, 2008

အင်တာနက် ထဲက ဖူးစာရှင်

ဒီနေ့ မနက်မိုးလင်း အိပ်ရာကနိုးကတဲက ရာဇာတို့ အူမြူးနေတယ်.အရင်ဆို အိပ်ရာဘေး ပြူတင်းပေါက် နားလာနား ပြီး လာအော်တတ်တဲ့ ငှက်ကလေး တွေကို မောင်းမောင်းထုတ် လေ့ရှိပေမယ့် ဒီနေ့ တော့ သူ့ ကိုဂုဏ်ပြုတေး လာဆို နေတယ်လို့ ထင်ပြီး ပြုံးပြုံးကြီးနဲ့ အစာတွေ ဘာတွေတောင် ကျွေးလိုက်သေးတယ်.......။အခုလိုပြောင်းလဲ ခြင်းရဲ့ အစက လွန်ခဲ့တဲ့ ၂ လလောက် က အစပြုတာပါဘဲ...ရာဇာက အင်တာနက် ပေါ်မှာကိုယ်ပိုင် ဘလော့ဂ်လေး တခုလုပ်ထားတယ် သူ့ ရင်ထဲကခံစားချက် လေးတွေကို ရင်ဖွင့်ရင်း သိတတ်သမျှ ကွန်ပြူတာ နည်းပညာလေးတွေ နဲ့ ဗဟုသုတ ရစရာ မှတ်သားလောက် တဲ့ ပညာပေး ဆောင်းပါး လေးတွေ ကို ရေသားတင် ပြလေ့ရှိတယ်.......။ဒီလိုနဲ...

Monday, April 7, 2008

မြန်မာစကား မြန်မာနား.၂

ကျွန်တော် ညီလေးညမီးအိမ် ဆီသွားလည်ရင်း ထူးထူးဆန်းဆန်းလေး တခုတွေ့ လို့ သူ့ ကိုမေးမိတယ်...တခြားတော့ မဟုတ်ပါဘူး သူ့ ရဲ့ ဒစ်ဂျစ်တယ် နာရီရဲ့ ခေါင်းစဉ်လေး ကိုပါ သူက ဒီလိုလေး ပေးထားတယ်ဗျတရုတ်ကြီးတဲ့လေ ကျွန်တော် ကလဲ တော်တော် အ ပါတယ် သဘောမပေါက်ဘူး ဒါနဲ့ သူ့ ကိုမေးကြည့်တော့..အကို ကလဲ အချိန် လေ အချိန် ဆိုတာ တရုတ်နာမယ် မဟုတ်လား ဒါကြောင့် အချိန်လို့ ခေါင်းစဉ် မတတ်ဘဲတရုတ်ကြီးလို့ ဘဲခေါင်းစဉ် တတ်ထားတာ အတူတူဘဲလေတဲ့.......။ဒါနဲ့ ဘဲ ကျွန်တော့်ခေါင်းထဲ မှာ ပုံပြင်လေး တပုဒ် ဖြတ်ကနဲ သတိရလိုက်မိ ပါတယ်.......၊ပုံပြင် လေး ကဒီလိုပါ ခင်ဗျ.....ရွာတရွာ မှာ လင်မယား နှစ်ယောက်...

Friday, April 4, 2008

ဗုဒ္ဓဘာသာဘာလဲ ဘယ်လဲ..?

ကောင်းကြသေး ရဲ့လား အရပ်ကတို့ ရေ ထေရဝါဒ ဗုဒ္ဓ သာသနာ ထွန်းကားရာတိုင်းပြည်တဲ့...သာမညတောင် ဆရာတော် ကြီးရဲ့ ကြွင်းကျန် ရစ်တဲ့ ရုပ်ကလပ် တော်ကို လူရမ်းကားတွေအဓမ္မ လုယက် ယူငင်သွား ကြတယ် တဲ့....။ဗုဒ္ဓ ဘာသာဝင် တွေ အနေနဲ့  တပူပေါ် နှစ်ပူ ဆင့်ဆို သလို ကိုယ့်နိုင်ငံ တွင်းမှာလဲ သံဃာတော်တွေ ရိုက်နှက် ဖမ်းဆီး သတ်ဖြတ် ခံရတာ တိဗက် အရေး မှာလဲ ထိုနည်းလည်းကောင်း အဖြစ်တွေနဲ့  ကမ္ဘာ့ အလယ်မှာ မျက်နှာ မပြရဲ လောက်အောင် ကမ္ဘာ့ သတင်းတွေ မှာမကြည့်ချင်ဲမြင်ရက်သား အဖြစ်နဲ့  ဘာသာ ခြားတို...

Thursday, April 3, 2008

မြန်မာစကား မြန်မာနား

ကျွန်တော် ငယ်ငယ် က တွေ့ ဖူးတဲ့အကြောင်းလေး တခုပါ....ပုဂံ ရာဇဝင် ထဲမှာ ဈေးတန်း ထဲ က မိန်းမ သူ့ စကော လေတိုက်လို့  လွင့်သွားတာကို နောက်ကနေ ပြေးလိုက်ရင်း ငါ့စကော ငါ့စကော လို့ အော်ပြီးလိုက်လိုက်တာ ဘေးက လူက ကြားချင်တာ ကြားပြီး စက္ကောတပ် ကြီးချီလာလို့ ဒီမိန်းမ ပြေးတာ ပဲ ငါလဲ ပြေးမှ ဆိုပြီး ပြေးရင်း နဲ့ လမ်းမှာ စက္ကောတပ် ကြီး ချီလာ ပြီပြေးကြဟလို့ထပ်ဆင့် အော်သွား လိုက်တာ လူတွေ ဝရုန်းသုန်းကား နဲ့ ထွက်ပြေးကြလို့ ပုဂံပြည် ကြီးပျက်ရ ပါသတဲ့.......။ဒါဟာ ဖြစ်နိုင်တယ် ဆိုတာကို ကျွန်တော် ငယ်စဉ် က လက်တွေ့ မြင်ဖူးပါတယ်........ဘယ်မှာလဲ ဆိုတော့ ကျွန်တော် ကမာရွတ်...

Tuesday, April 1, 2008

ကူးချင်အုံးဟဲ့ ရေ

အချိန်က.....၁၉၈၅...ခုနှစ် နွေရာသီ ရဲ့ ညဦးပိုင်း မှောင်စ ပျိုးချိန်.....ရန်ကုန်မြို့ အင်းယား တံတားဖြူ အနီး က ကားလမ်းမ ပေါ်မှာ ကားမောင်း လာသူတွေ မျက်လုံးပြူး သွားစေတဲ့အဖြစ် အပျက် လေး တခု ဖြစ်သွားခဲ့တယ်..၊အဲဒီ အဖြစ် အပျက် ရဲ့ အဓိက ဇာတ်ကောင် ကို စုံစမ်း မေးမြန်းလို့ သိရှိ ရတာက ဒီလို ပါတဲ့.....။အား...ပျင်းလိုက်တာကွာ..စာမေးပွဲကြီး ပြီးလို့  အိမ်မှာ တယောက် ထဲ ထိုင်နေ ရင်း ကိုဦး တယောက် စိတ်ထဲ က ညည်းတွား နေမိတယ်..ဘာလုပ်ရင် ကောင်းမလဲ လို့ စဉ်းစားလိုက် တော့ ရာသီဥတု ကလဲ ပူလောင် အိုက်စပ် နေတာနဲ့ ရေသွားကူးဖို့ အကြံ ရလိုက်တယ်...၊ဘာကြောင့် လဲဆိုတော့ ကိုဦး အိမ်က...