This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Blogger news

စမ်းသပ်ခြင်း ၁

Wednesday, December 31, 2008

နှစ်သစ်ကူးနည်း

၂၀၀၉ ခုနှစ် နှစ်သစ်ကြီးသို့ ရောက်တော့မည် ဒီတော့လဲ ဘာရယ် ညာရယ် မဟုတ် ဂျီတော့ ထဲက မက်ဆေ့ဂ်ျ မှာ ၂၀၀၉ ခုနှစ် နှစ်သစ်ကြီးမှာ ဘော်ဘော်တွေ အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ လို့ ဆုတောင်းစာလေး ရိုက်ပြီး တင်ထားလိုက်တယ် ခဏပါပဲ မကြာပါဘူး ညီငယ် တစ်ယောက်က အားကျ မခံ ၂၀၀၉ ခုနှစ် နှစ်သစ်ကြီးမှာ ဘော်ဘော် တွေအားလုံး နှစ်တောင့်ထိုး ဓါတ်မီးလို လင်းနိုင် ကြပါစေဆိုပြီး မက်ဆေ့ဂ်ျ ပြန်ရေးလာတယ် ဟက် ဟက်..။ဒါနဲ့ပဲ နှစ်သစ်နဲ့ ဘော်ဘော်တွေ ဘော်ဘော်တွေ နဲ့ နှစ်သစ် လုံးလည်ချာလပတ်ရမ်း...

Tuesday, December 30, 2008

myanmar genius forum

ဒီနေ့ အလုပ်က ပြန်အရောက် မေးလ်ဖွင့် ကြည့်လိုက်တော့ မေတ္တာရပ်ခံပန်ကြားချက် ဆိုတာတွေ့လိုက်ရတော့ အကြွေးရှင်များ အကြွေး တောင်းခံလွှာ ပို့လားလို့ လန့်သွားတာပဲ နောက်မှ ညီတော်မောင် ဘလက်ဒရင်း က သူ ကြိုးစားတည်ထောင် ထားတဲ့ ဖိုရမ်လေး ကို ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ နှစ်သစ် နဲ့ အတူ ဖိုရမ် လေးကို ဖွင့်လှစ်မှာ မို့လို့ အကြောင်းကြားတဲ့ စာဖြစ်နေတော့ မှ ဟင်းကနဲ သက်ပြင်းချလိုက် နိုင်ပါတော့တယ်..။ဒီတော့ သူကြိုးပမ်း တည်ထောင်ထားတဲ့ ဖိုရမ် လေးကို လေ့လာနိုင်အောင် ကြော်ငြာပေး...

Tuesday, December 2, 2008

ခရစ်စမတ်အတွက်ပြင်ဆင်ခြင်း.။

ကျွန်တော် အလုပ်က နှစ်ပတ် နားစဉ်ကတော့ ဘလော့ဂ်တွေ လည်ဖြစ်ခဲ့ပါတယ်..။အခုတော့ အလုပ်ပြန်ဝင်နေပြီ ဆိုတော့ ဘလော့ဂ်လဲ မလည်နိုင် ပိုစ့်လဲ မတင်နိုင် ဖြစ်နေပါတယ်..လောလောဆယ်တော့ ကျွန်တော် တို့ ဆိုင်မှာ ခရစ်စမတ် အတွက် အလှဆင် နေတာ လေးတွေကိုပဲ ဓါတ်ပုံ လေးတွေက တစ်ဆင့် ခံစားသွား ကြပါအုံး ခင်ဗျာ...။ခရစ်စမတ်သစ်ပင်ကြီးတော့ရောက်လာပြီ.။ဒီနေရာမှာထားမယ်..။ထောင်ဖို့အတွက်ဒီလိုတိုင်စိုက်ပြီးတော့ဝိုင်းပြီးအပင်စိုက်လိုက်ကြပြီ..။လှေခါးနဲ့တက်ပြီးမီးလုံးတွေဆင်နေတာပါ..။ကျန်တဲ့သူတွေလဲပြင်ကြဆင်ကြပေါ့..။အားလုံးပြီးသွားတော့ညဦးပိုင်းမီးစထွန်းပြီ..။စန်တာကလော့ကြီးလဲ...

Wednesday, November 19, 2008

ဒီကစောင့်နေသူ

ဒီနေ့ ရုံးကို လူသစ် တစ်ယောက် အလုပ် စဆင်းတယ်...သူက သစ်သမှ သိပ်သစ် တစ်ခါဘူးမှ ရုံးတွေ မှာ မလုပ်ဖူး သေးဘူး...ဒီတော့ မန်နေဂျာ က လူသစ် လေးကို ကူညီဖို့ တစ်ရုံး လုံး ကို မှာထားလေရဲ့....နေ့လည် ချိန်လောက် မှာ ရုံးက စာရွက် တွေ ဖျက်ဆီး တဲ့ စက်ဘေး မှာ လူသစ် ကလေး ကို စာရွက် တွေ ကိုင်ပြီး အလုပ် ရှုပ်နေတာကို တွေ့လိုက်ရတယ် စက်ကို ဟိုကြည့် လိုက် ဒီကြည့်လိုက် နဲ့ပေါ့ အတော် လေး အကြံအိုက် နေပုံပဲ ဒါနဲ့ပဲ........ကျွန်ုပ်၊ ၊ညီလေး အကူအညီလိုလား မသိဘူး ဘာအခက်...

Sunday, November 16, 2008

အေး ဓါးပြ

ရှေးလူကြီး တွေ ပြောစကား ကြားဖူးပါတယ် အေး ဓါးပြ တဲ့ ...။အေး ဓါးပြ ဆိုတာ အေးကွာ မင်းရဲ့ဓါးငါ့ကို ပြပါ လို့ပြောတာ မဟုတ်ပါဘူး..။လက်နက် မပါ အကြမ်း မဖက်ပဲ သူများ ရဲ့ ဥစ္စာ ပစ္စည်း တွေ ကိုလုယူတဲ့ သူတွေကို အေးဓါးပြ လို့ခေါ်တာပါ...ကျွန်တော် တို့ မြန်မာနိုင်ငံသူနိုင်ငံသား တွေ ကတော့ ပြောစရာ မလိုတော့ လောက်အောင်ကို အေးဓါးပြ အကြောင်း နောကျေ နေပြီးသား ဖြစ်မှာပါ ဘာလို့ဆို နိုင်ငံအတွင်း မှာက အေးဓားပြ ပေါင်း သောင်းခြောက်ထောင် ကိုးဗျ...ဗျာ~~ မဟုတ်ဘူး ?? သူတို့က သူတောင်းစားတွေ...

Saturday, November 15, 2008

လက်ရာအပြောင်းအလွဲလေး

ဒီရက်ပိုင်းအတွင်း အလုပ်ပိတ်တာနဲ့ လုပ်ချင်တာ တွေ လုပ်လိုက်တာ မန်ယူဖိုရမ် လေးလဲ ပြီးသွားတယ်..ဘလော့ဂ် ကို အင်္ကျီအသစ် လေးလဲ လဲလိုက်တယ် ပစ်ထားတာ ကြာတဲ့ ဘလော့ဂ် လေးကို ဖုန်သုတ်ရင်း တန်ဆောင်တိုင် အမှတ်တရ လေးလဲ ရေးဖြစ်သွား ပြီးတဲ့နောက်မှာ လူက အတော်လေး ကို ပေါ့ပေါ့ ပါးပါး ဖြစ်သွားတော့ အရင် တုန်းက အကြောင်းလေး တွေ တွေ့ဖူး ကြုံဖူးတဲ့ လူတွေ အကြောင်းလေး တွေက ခေါင်းထဲ ကိုပြန်ဝင်လာတယ်.....။သူ့နာမည်က ကိုချာလီ လို့ပဲ ထားလိုက်ပါစို့ဗျာ....သူက အစ္စလာမ် ဘာသာဝင် တစ်ယောက်ဗျ....

Tuesday, November 11, 2008

သူခိုးများနှင့်ကခုန်ခြင်း..။

အချိန်က ညသန်းခေါင်ကျော် နံနက်ခင်း သို့ကူးပြောင်းခါစ ၂ နာရီကျော်ကျော် ပတ်ဝန်းကျင်တစ်ခုလုံး မဲမှောင်တိတ်ဆိတ် လို့.....။ပုံမှန်အားဖြင့် ဆိုလျှင်တော့ လျှို့ဝှက်သဲဖို ဝတ္တု တွေ ထဲမှာ ဒီလိုရေးလေ့ ရေးထ ရှိတတ်ကြသည်..ဒါပေမယ့် အခုတင်ပြမှာက အဲဒါနဲ့ ဆန့်ကျင်ဘက် လျှို့ဝှက်သဲဖို လို့ ပြောလို့ရသလို ပေါ်တင်ကြီး အုပ်စုလိုက် တဝေးဝေး တဟားဟား နဲ့ လပြည့် ညရဲ့ အလင်းရောင် ထိန်ထိန်လင်းကြီး အောက်မှာ နံနက်လင်းအားကြီး ၂ နာရီကျော် သုံးနာရီ ဝန်းကျင်မှာ လှုပ်ရှားနေကြတဲ့ လူစုများ.......အဲဒီထဲက...

Sunday, November 9, 2008

ငါးမျှားခရီးထွက်ခဲ့စဉ်က..။

အို အသင် ဘလော့လောက သင်ကား ကျွန်ုပ် ဖိုရမ် နှင့် နပမ်းလုံးနေစဉ် ဆက်လက် ၍သာ ရှေ့ကို လျှောက်လှမ်း လျှက် ရှိချေသည် တကား.....................။ဟဲ ဟဲ ဒီလို ပြောလိုက်လို့ လင်းထက် တစ်ယောက် ဂေါက်တောက်တောက် ပေါက်တောက်တောက် ဖြစ်သွားပြီ လားလို့ မိတ်ဆွေ သူငယ်ချင်း ညီကို မောင်နှမ အပေါင်း တို့ စိတ်ပူ သွားကြမလား???စိတ်မပူပါနဲ့ မဂေါက်၊မပေါက်၊ သေးပါဘူး (နဲနဲတော့ ဖြစ်ချင်သလိုလို ရှိသား )..။အဖြစ်ကတော့ ဒီလိုပါ ကျွန်တော် စပ်ဆော့ ပြီး လုပ်ထားတဲ့ သရဲနီတို့ပျော်စံရာ ဘလော့ဂ်...

Monday, October 13, 2008

ရင်ခွင်ကိုထိမှန်ခဲ့သောသီချင်းတစ်ပုဒ် သို့မဟုတ်ဆိုင်သူကိုယ်စီမို့

*** ဒို့နှစ်ယောက်... ခုထက်ပို ...စော.....တွေ့ကြရင် ..ပျော်ကြရမှာ မင်းရော ငါရော ...ပိုင်သူ.. ကိုယ်စီ ရှိပြီးသား.. ဘဝမှာ.. စောင့်ထိန်း ရမယ့် .စည်းကမ်း တွေကို ဒို့နှစ်ယောက်...ကျော်သင့်သလားးး.. ဒို့နှစ်ယောက်......ကျော်ရဲ သလားးးးးးးးးးးးး...***ဆောင်းဘောက်စ် မှ တစ်ဆင့် ပေါ်ထွက်လာတဲ့ ခိုင်ထူးရဲ့ ဆိုင်သူ ကိုယ်စီ သီချင်းက မိုးဦးကျ အငြိုးကြီးစွာ ရွာချလိုက်တဲ့ မိုးရေတွေ စုစည်းပြီး တောင်ကျချောင်းရေ အဖြစ် စီးဆင်းလာ သလို သူ့ရဲ့ နားစည်...

Thursday, October 9, 2008

အချစ်ဆိုသည်မှာ

ဘလော့ဂ် အကိုတွေ ညီတွေ ညီမတွေ လင်းထက်ကို ချစ်လိုက်ကြတာ သူတို့ခံစားရေးဖွဲ့လိုက်တဲ့ ပိုစ့်တွေ ကို သူတို့ရဲ့ အကို တစ်ယောက် ညီတစ်ယောက် ဖြစ်တဲ့ ကျွန်တော် လဲ ဘယ်လို ခံစားမှုတွေ ရှိမလဲ လို့ သိချင်လို့ တဂ်လိုက် ကြတာ အခုတော့ တဂ်ကြွေး များနဲ့ဝိုင်းနေသူ ကို လင်းထက် ဟုခေါ်သည် လို့တောင် ပြောရမလို ဖြစ်နေပြီ ဒီတော့ အခု ပထမဆုံး အကိုကြီး အောင်သာငယ် ရဲ့ တဂ် ကို ပထမ ဆုံး ပြန်လည် ခံစားတင်ပြ ပါရစေ......အချစ် ဆိုသည်မှာ...................မြောက်ဝင်ရိုးစွန်း က ရေခဲတုံး တွေ...

Tuesday, September 30, 2008

စိတ်ထဲရှိရာ ကဗျာ တစ်ပုဒ်

ဒီနေ့ ကျွန်တော့် ဘလော့ဂ် ထဲက ကွန်မန့် ထဲမှာ အမည် မသိ ညီလေး တစ်ယောက်က သူ့ရဲ့စိတ်ထဲ ရှိရာ အမေ ကို တမ်းတတဲ့ ကဗျာလေး တပုဒ် ရင်ထဲက လွှတ်ချသွားတယ် ဗျာ ..။တိုက်ဆိုင်လိုက်တာ ကျွန်တော်လဲ ဒီရက်ပိုင်းအတွင်း အမေ နဲ့ပါတ်သက် ပြီး ရင်ထဲမှာ စူးစူးနစ်နစ် ကိုခံစားနေရတာနဲ့ သူ့လွှတ်ချလိုက်တဲ့ ခံစားချက် ကဗျာလေး က ကျွန်တော့ ရင်အစုံ ကို ပြင်းပြင်းထန်ထန် ကို တိုက်ရိုက်ထိမှန် ခဲ့ပါတော့တယ် ဗျာ ဒါနဲ့ပဲ ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ အကြောင်းအရာတွေ ကို ကိုယ်စားရေးပေး သွားသလို ခံစားလိုက်...

Tuesday, September 23, 2008

ကျွန်တော့်ရဲ့ ပထမဆုံး များ

အကိုကြီး အောင်သာငယ် တက်ဂ် လို့ ကျွန်တော့်ရဲ့ ပထမဆုံး တွေကို မနည်းကြီး ကိုစဉ်းစားပြီး ရေးလိုက်ပါတယ်...။ပထမဦးဆုံးနေခဲ့သည့်ကျောင်း~~~~~~~~အထက(၅)ကမာရွတ်ပထမဦးဆုံး ရခဲ့သည့်မုန့်ဖိုး~~~~~~~~~ ၁၀ ပြား ၊ရေခဲချောင်းတစ်ချောင်း ၁ ပြား ၂ ပြားခန့်သာပေးရသည်၊ကပ်စီးနဲ အလုံးကြီးမှ ၂ ပြား..ပထမဦးဆုံး စီးဘူးသည့် ဘက်စ်ကား~~~~~ (၁၆) ကားကို စီးပြီး ပုဇွန်တောင် ကို ကျောင်းသွားတက် ရစဉ်က ပထမဆုံး စီးဖူးခြင်း ကားခက လှည်းတန်းမှ လမ်း ၅၀ ထိ ၅ ပြား တစ်ခါတစ်လေ စပယ်ယာက ကျောင်းစိမ်းနှင့်...

Tuesday, September 9, 2008

Baby Loading

အရင်သင်္ဘော လိုက်တုန်းက အဖြစ်အပျက် လေး တစ်ခုကို ပြန်သတိရလို့ ရေးလိုက်တာပါ..ဖတ်ပြီး ပြုံးရုံကလေး ပြုံးရတယ် ဆိုရင်ပဲ ကျွန်တော် ရေးရကျိုး နပ်ပါပြီ ..ဒီလိုဗျကျွန်တော် တို့ သင်္ဘော က ကွန်တင်နာ တင်တဲ့ သင်္ဘော အိန္ဒိယ ကလကတ္တား မြို့ကို အမြဲ ရောက်လေ့ ရှိတယ်..အဲဒီမှာ အိန္ဒိယ အခံ ကုမ္ပဏီ ကနေ သင်္ဘောပေါ် မှာ ကုန်တင် ကုန်ချ လုပ်ရင် ကူညီဖို့ စောင့်ကြည့်ဖို့ ကုမ္ပဏီ ကလူယုံ တွေခန့်ထားပေးတယ် ..အမြဲတန်း တွေ့နေကြ ဆိုတော့လဲ ခင်သွားကြတယ်ပေါ့ဗျာ ...ဒီလိုနဲ့ အဲဒီထဲက ကောင်လေး တစ်ယောက်...

Wednesday, September 3, 2008

တက်(Tag)လိုက်ကြစို့သူငယ်ချင်း

ဟို တစ်နေ့က အလုပ်က အပြန် ကိုယ့်ဘလော့ဂ်လေး ဖွင့်ကြည့်လိုက် တာ မျက်လုံးပြူးသွားတယ်သွားပါပြီဗျာ..။ဘာဖြစ်သွားသလဲ လို့တော့ မမေးနဲ့ ဟိုကောင်မလေးလေ ကျွန်တော် ကတော့ မိဆိုးလေး လို့ပဲခေါ်တယ်ဆိုးသော..ပျင်းသော.. စာမကျက်သော.. ဂျီကျတတ်သော....ဝက်ဝံရုပ်ကလေး များ ကို ချစ်လွန်းလို့ ဝက်ဝံရုပ် ပေါက်နေသော အဟိ မီးငယ် လို့ခေါ်တဲ့ သရဲနီ ကောင်မလေး လေ တက်ထားတယ်တဲ့...ဘလော့ဂ်မှာ ကိုယ့်ဖာသာတောင် ကိုယ် ပိုစ့်မရေး နိုင်လို့ ပစ်ထားတာ ကို သူက လာတက်သွားတယ်လေဒါနဲ့ အလုပ်နားတော့ မှ...

Saturday, August 30, 2008

Blogger များအတွက် Flash Animated Label Cloud

ကဲ ကျွန်တော့် ရဲ့ ဘလော်ဂါ ညီအစ်ကို မောင်နှမ အပေါင်းတို့ ထူးဆန်းလှပတဲ့ ဆိုဒ်ဘား အတွက် widget လေးတစ်ခု တွေ့မိလို့ ကိုယ့် ဘလောဂ်ဂါ ညီကိုမောင်နှမ အပေါင်းကို ဝေမျှ လိုက်တာပါ ...။ ကဲ ကျွန်တော့် ရဲ့ ဆိုဒ်ဘား ညာဖက်ခြမ်း က ရေးခဲ့သမျှစာစုများ ဆိုတာလေး ကို ကြည့်လိုက်ပါ Label Cloud လေး မောက်စ်သွား ရာလမ်းကြောင်းအတိုင်း ဝေ့လည် လှုပ်ရှားနေတာ လေး မမိုက်ဘူးလား...။ ဟုတ်ပြီ ကြိုက်တယ် ဆိုရင် ဘယ်လို လုပ်ကြမလဲ အရမ်းရိုးရှင်း လွယ်ကူပါတယ်ဗျာ ကုဒ်လေး တွေကို လိုတဲ့နေရာမှာ...