This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Blogger news

Monday, October 13, 2008

ရင်ခွင်ကိုထိမှန်ခဲ့သောသီချင်းတစ်ပုဒ် သို့မဟုတ်ဆိုင်သူကိုယ်စီမို့

*** ဒို့နှစ်ယောက်... ခုထက်ပို ...စော.....တွေ့ကြရင် ..ပျော်ကြရမှာ မင်းရော ငါရော ...ပိုင်သူ.. ကိုယ်စီ ရှိပြီးသား.. ဘဝမှာ.. စောင့်ထိန်း ရမယ့် .စည်းကမ်း တွေကို ဒို့နှစ်ယောက်...ကျော်သင့်သလားးး.. ဒို့နှစ်ယောက်......ကျော်ရဲ သလားးးးးးးးးးးးး...***

ဆောင်းဘောက်စ် မှ တစ်ဆင့် ပေါ်ထွက်လာတဲ့ ခိုင်ထူးရဲ့ ဆိုင်သူ ကိုယ်စီ သီချင်းက မိုးဦးကျ အငြိုးကြီးစွာ ရွာချလိုက်တဲ့ မိုးရေတွေ စုစည်းပြီး တောင်ကျချောင်းရေ အဖြစ် စီးဆင်းလာ သလို သူ့ရဲ့ နားစည် မှ တဆင့် သူ့နှလုံး သားထဲ အထိ အရှိန်အဟုန် ပြင်းထန်စွာ စီးဆင်း ရိုက်ခတ်သွားပါတယ်...

သူ့ရှေ့မှာ ထိုင်နေတဲ့ သူငယ်ချင်း ဖြစ်သူ ခင်ဇော် ကို ကြည့်လိုက်တော့ မွန်ထရီ တစ်ရှိုက် လဘ္ဘက်ရည် တစ်ကျိုက် နဲ့ သီချင်း ကို ခံစားချက်မဲ့စွာ စည်းချက်လိုက်နေတာကို တွေ့လိုက်ရတယ်...

အေးပေါ့လေ သူကတော့ စည်းချက်လိုက်နိုင်မှာပေါ့ သူ့ မှာ သီချင်းနဲ့ လိုက်ဖက်မယ့် ခံစားချက် ဆိုတာမှ မရှိတာကိုး ကိုယ့်မှာသာ မထွေးနိုင် မအန် နိုင်တဲ့ ခံစားချက်တွေကို ခါးသီးစွာ ကြိတ်မှိတ် မျိုချလို့............

တိုက်ဆိုင်ချက် ကလဲ ကမ်းကုန် ရော ဒီနေ့မှ ရလာတဲ့ ခံစားချက် ကို သူငယ်ချင်း ဖြစ်သူကို ရင်ဖွင့်မယ်ဟဲ့ ရယ်လို့ လဘ္ဘက်ရည်ဆိုင် ခေါ်လာမိခါမှ ဒီ သီချင်း နဲ့လာတိုး နေတယ်.....

“ဟေ့ရောင် ခင်ဇော်”

“ဟေ”

“မင်းဒီသီချင်း ကို ဘယ်လို ခံစားရလဲ” ?

“မဆိုးပါဘူး ကောင်းသားပဲ”

မေးတစ်ခွန်း ဖြေတစ်ခွန်း အပြီး မှာတော့ စကားဝိုင်း က တိတ်ဆိတ်ခြင်း သာ ဖုံးလွှမ်းသွား ပြီး ကျွန်တော့် ရဲ့ စိတ်တွေ က လွန်ခဲ့သော ရှစ်နာရီ အချိန် ကို ပြန်လည် ရောက်ရှိသွား ပါတော့တယ်..။

ဒီနေ့ ကျောင်းလွှတ် ချိန် သူလေး ကို သူမ ရဲ့ အမ က လာကြိုနေတယ်.....

နောက်တော့ အေးဆေး စကားပြောရအောင် ဆိုလို့ ကျွန်တော် တို့ နှစ်ယောက် အမြဲ ထိုင်နေကျ လ္ဘက်ရည် ဆိုင် ကို သွားပြီး စားပွဲဝိုင်းမှာ ထိုင်မိတယ် ဆိုရင်ပဲ............

"မောင်လေးနဲ့ အမ ညီမလေး နဲ့ ချစ်သူ တွေ ဖြစ်နေကြတယ် လို့ အမ ညီမ ကပြောတယ်"

သူမ နဲ့ အတူ ပါလာတဲ့ သူမ ရဲ့ အမ က စကား စလိုက်တယ်...

အော် ချစ်ရတဲ့ သူလေး က အမ ကိုတောင် ပွင့်ပွင့်လင်းလင်း ပြောထားပြီးပြီ ကိုး ကျွန်တော် ရင်ထဲမှာ ကြည်နူး သွားတယ်...

ဒါမေမယ့် ကြည်နူးမှု က ချက်ချင်း ဆိုသလို ပဲ သူမ အမ ဆီက ဆက်လက် ထွက်ပေါ်လာတဲ့ စကားကြောင့် ဆပ်ပြာ ဗူဘောင်း လေး တစ်ခုလို ပေါက်ကွဲ ကြေမွ သွားတယ်...။

"နောက် လာမယ့် တနင်္ဂနွေ နေ့ သူလက်ထပ်ရတော့မယ်"

ဒီနောက်တော့ မောင်လေး တို့ အေးအေး ဆေးဆေး ပြောကြနော် ဆိုပြီး တစ်ခြား စားပွဲ တစ်လုံးမှာ သွားထိုင်နေတဲ့ သူမရဲ့ အမ ၊ ချစ်သူလေး ရဲ့ တသွင်သွင် ကျဆင်း နေတဲ့ မျက်ရည်တွေ သူ့ကို ရှင်းပြ နေတဲ့ စကားသံ တွေ အားလုံး သူ့အာရုံမှာ အကုန် ရှုပ်ထွေးလို့.................။

"နင်နဲ့ငါနဲ့ ခုထက် ကို စောပြီး ချစ်သူတွေ ဖြစ်ခဲ့ကြရင် ကောင်းမယ် ဟာ"

"နင်ငါ့ ကိုဖွင့် မပြောခင် ပြီးခဲ့တဲ့ နွေရာသီ ကျောင်းပိတ်ရက် တုန်းက တပ်ရင်းအလိုက် ဘောလီဘော ပြိုင်ပွဲမှာ အဖေ တို့ တပ်ရင်း မိသားစု ဘောလီဘော အဖွဲ့မှာ ငါဝင်ပြိုင်ခဲ့မိတယ်...
အဲဒီ ပွဲတွေ ကို အမြဲ လိုက်ကြည့်တတ်တဲ့ ဗိုလ် တစ်ယောက်က ငါ့ ကို သဘောကျ ပြီး တပ်က တပ်ရင်းမှုးတွေ တပ်ခွဲ မှုးတွေ နဲ့ ငါ့ကို အဖေ့ဆီမှာ လာတောင်းတော့ အဖေကလဲ သဘောတူလိုက်တယ် ငါလဲ ငြင်းစရာ မလိုပါဘူးလေ ဆိုပြီး အဖေတို့ သဘောပါလို့ ပြောလိုက်မိတယ်"

***ကျောင်းဆင်းလို့ အိမ်ပြန်ချိန် ရောက်..ခဲ့ကြရင် ... ငိုကြရမှာ... မင်းရော ငါရော ဆိုင်သူကိုယ်...စီ ရှိပြီးသားဘဝမှာ... မဆိုင်တဲ့ကြားနှစ်ယောက်..မနစ်..နာလေအောင်..ဒို့နှစ်ယောက်.... ပျော်ရဲသလားးးးးးးးး
ဒို့..နှစ်ယောက်...ပျော်သင့်သလားးးးးးးးးးးးး***

သြော် ဒီကျောင်းဆင်း ချိန်လေး ကတော့ ကိုယ်တို့နှစ်ယောက် အတွက် တကယ့် ကို နောက်ဆုံး လမ်းခွဲ အချိန်ဖြစ်ခဲ့ ရပြီပေါ့...

ကိုယ့်မှာ ဆိုင်သူရယ် ဆိုလို့ သူလေး တစ်ယောက်သာ ရှိခဲ့ပေမယ့် သူလေးမှာကတော့ ပိုင်သူ ဆိုတာ ရှိနှင့်နေခဲ့ ပြီကိုး....

*** ဆုတ်လဲဆူး စားလဲရူး ဒီအခြေအနေမှာ အားလုံးမေ့ပြီး ထင်ရာ စိုင်းပြစ်လိုက်ချင် ရှိပြီးသား ခံစားချက် ကိုယ်စီ ကို ဒို့ နှစ်ယောက် အသိနဲ့ ထိမ်းသိမ်း လိုက်ကြစို့ ****

အဲဒီ အချိန် အခိုက်အတန့် လေးမှာ တကယ် ကိုပဲ သူတို့ နှစ်ယောက် အားလုံးကို မေ့ပြီး ထင်ရာစိုင်းချင်တဲ့ စိတ်တွေ ပေါ်ပေါက် ခဲ့ကြတာပေါ့ ..

ဒါပေမယ့် သူ လဲ သူ့မိသားစု နဲ့ အဖေ တပ်ရင်း အရာခံဗိုလ် ကြီး ရဲ့ မျက်နှာ ကို ကြည့်ရအုံးမယ်လေ ..
ကျွန်တော် ကလဲ ကျောင်းသား အရွယ် မဟုတ်လား........၊

စိတ်သွားတိုင်း ကိုယ်မပါ နိုင်တဲ့ အရွယ် တွေ ဆိုတော့လဲ ကျွန်တော်တို့ နှစ်ယောက် တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး ငိုချင်း ချ ရုံကလွဲလို့ ဘာမှ မတတ်နိုင်ခဲ့ ကြပါဘူးလေ....၊

ဒါနဲ့ပဲ ကျွန်တော် တို့ နှစ်ယောက်ရဲ့ ရင်ထဲက ခံစားချက် ကိုယ်စီကို အသိတွေ နဲ့ ထိန်းသိမ်း ပြီး နုတ်ဆက် ထွက်ခွာ ခဲ့ကြရပါတော့တယ်..။

ကျွန်တော့်အတွက်တော့ အခု လ္ဘက်ရည် ဆိုင်ထဲက ဆောင်းဘောက်စ် ကတစ်ဆင့် ပေါ်ထွက်နေတဲ့ ခိုင်ထူးရဲ့ ဆိုင်သူ ကိုယ်စီမို့ သီချင်းဟာ ကျွန်တော့် ရဲ့ ရင်ခွင် ကို ထိမှန်ခဲ့သော သီချင်းတစ်ပုဒ် ပါပဲဗျာ..။


Thursday, October 9, 2008

အချစ်ဆိုသည်မှာ



ဘလော့ဂ် အကိုတွေ ညီတွေ ညီမတွေ လင်းထက်ကို ချစ်လိုက်ကြတာ သူတို့ခံစားရေးဖွဲ့လိုက်တဲ့ ပိုစ့်တွေ ကို သူတို့ရဲ့ အကို တစ်ယောက် ညီတစ်ယောက် ဖြစ်တဲ့ ကျွန်တော် လဲ ဘယ်လို ခံစားမှုတွေ ရှိမလဲ လို့ သိချင်လို့ တဂ်လိုက် ကြတာ အခုတော့ တဂ်ကြွေး များနဲ့ဝိုင်းနေသူ ကို လင်းထက် ဟုခေါ်သည် လို့တောင် ပြောရမလို ဖြစ်နေပြီ mrgreen

ဒီတော့ အခု ပထမဆုံး အကိုကြီး အောင်သာငယ် ရဲ့ တဂ် ကို ပထမ ဆုံး ပြန်လည် ခံစားတင်ပြ ပါရစေ......

အချစ် ဆိုသည်မှာ...................

မြောက်ဝင်ရိုးစွန်း က ရေခဲတုံး တွေ ကြား ရောက်သွားသလို အအေးဓါတ် တွေ ကို ပေးစွမ်း နိုင်သလို..
ဟီရိုရှီးမား နဲ့ နာဂါဆာဂီ မှာ ပေါက်ကွဲ ခဲ့တဲ့ အနုမြူဗုံး ထက်လဲ ပူလောင်မှု တွေကို ပေးစွမ်းနိုင်တယ်..

မျှော်လင့်ချက် တွေကို အသက်ဆက် စေနိုင်သလို..
မျှော်လင့်ချက် တွေကို လဲ သေဆုံးသွား စေနိုင်တယ်..

ကိုယ်ဘယ်လိုမှ မလုပ်နိုင်တော့ဘူး လို့ ထင်ထားတဲ့ အရာတွေကို အောင်မြင်အောင် လုပ်ဆောင်ဖို့ တွန်းအားပေးနိုင်သလို..
လွယ်ကူပါတယ် ဆိုတဲ့ အရာတွေ ကို ဆက်ပြီး မလုပ်နိုင်လောက်အောင် လဲ ဖျက်ဆီး တတ်တယ်..

ပျော်ရွှင် တက်ကြွ မှုတွေ ကို ဆောင်ကြဉ်း ပေးနိုင်သလို..
စိတ်ညစ် အားငယ် မှု တွေကို လဲ ရသ အပြည့် ပေးနိုင်တယ်..

ကမ္ဘာကြီး ကို အပြုံးပန်း တွေ နဲ့ဖူးပွင့် အလှဆင် နိုင်သလို..
မျက်ရည်မိုး တွေ ရွာသွန်းဖြိုးစေ နိုင်တယ်

ဘယ်အာဏာရှင် ဘယ် ဥပဒေ ကမှ တားဆီး ပိတ်ပင် လို့ မရ စကောင်း နိုင်တဲ့ အရာ..

လူတန်းစား မရွေး ဘာသာ မရွေး အားလုံး မှာ တူညီ စွာ ရှိတတ် တဲ့ အရာ..

ရင်ထဲမှာ အစာ မစားပဲ ပြည့်နေအောင် ဖန်တီး နိုင်သလို...
အမြဲတမ်း လဲ ဟာနေအောင် စွမ်းဆောင်နိုင် တယ် ...

ကျွန်တော် ခံစားမိ သလောက် ကလေးပါ....။

ဒီတော့ ထုံးစံ အတိုင်းလေး ရိုးရာ မပျက်ရအောင် အချစ်အကြောင်း ဖွင့်ဆိုမယ့် နောက်ထပ် အချစ်ဒဿနိက ပညာရှင် များ ကတော့....

ဘလက်ဒရင်း , ညမီးအိမ် ,ထိုက်မင်း,ဇောင်း ,ကြယ်ဇင်သွေး ,အိမ် ,မိုးသောက်ယံ,
မောင်မျိုး ကတော့ ကို အောင်သာငယ်တဂ်ထားပြီးဖြစ်ပေမယ့်လို့ ထပ်ထည့်ထားတယ်

နတ်သမီးလေး မွန် ,Apprenticeship,မေမိုးမခ ,မီးငယ် ,မေမိုး ,ဝေလေး ,အမရာ

ကဲ ညီကို မောင်နှမ တို့ရေ အချစ် အကြောင်းလေး ဖွဲ့ဆို လိုက်ကြပါအုံး နော်